www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

အိမ်မွေး တိရစ္ဆာန်ကြောင့် ဖြစ်သော ဓာတ် မတည့်မှုများ



အိမ်မွေး တိရစ္ဆာန်ကြောင့်  ဖြစ်သော ဓာတ် မတည့်မှုများတရားခံ မွှာကောင်များ 
သင့်ကိုနှာချေစေတဲ့ အကြောင်း ရင်းဟာ ခွေးနဲ့ဓာတ်မတည့်လို့  မဟုတ် ဘဲနဲ့ ခွေးလေးနေထိုင်  လေ့ရှိ တဲ့နေရာတွေမှာ ရှိနေတတ်တဲ့ မွှား ကောင် တွေကြောင့် ဖြစ်တတ်ပါ တယ်။ မွှားကောင်တွေဟာ လူတွေ ကို ဓာတ်မတည့်မှုဖြစ်စေတဲ့ အဓိက သတ္တဝါဖြစ်ပါတယ်။ ဒါကြောင့် ခွေး လေးရဲ့အိပ်ရာကို ဖြစ်နိုင်လျှင် အပတ်စဉ်လျှော်ဖွပ်ပေးပါ။ လေဝင် လေထွက်ကောင်းတဲ့ နေရာမှာ ရွှေ့ ထားလိုက်ပါ။
ဓာတ်မတည့်မှုဖြစ်ပေါ်စေသော ကြောင်
ကြောင်တွေရဲ့တံတွေးမှာ ပြင်း ထန်တဲ့ ဓာတ်မတည့်မှုပစ္စည်းတွေ ပါဝင်ပါတယ်။ ခွေးတွေလို အမွေး ကြောင့် ဓာတ်မတည့်မှုဖြစ်ပေါ်လာ မှာ စိုးရိမ်စရာမလိုပါဘူး။ အချို့သော ကြောင် အမျိုးအစားများ ဆိုင်ဘေးရီး ယန်းကြောင်၊ ရုရှားကြောင်ပြာ စတဲ့ အမျိုးအစားတွေကတော့ ဓာတ် မတည့်မှုကို ဖြစ်ပေါ်စေသည့်နှုန်းနည်း ပါးပါတယ်။ ဒါပေမယ့် ဓာတ်မတည့် မှုရောဂါဝေဒနာရှင်နဲ့ တည့်သော ကြောင်အမျိုးအစားရယ်လို့တော့ မရှိ ပါဘူး။ ဝေဒနာ လက္ခဏာ များ ခွေးနှင့် ဓာတ်မတည့် မှုကြောင့် ခံစားရနိုင်သော ဝေဒနာများမှာ
- ချောင်းဆိုးခြင်း၊ အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း၊
- မျက်လုံးနီရဲ၊ယားယံလာခြင်း
- နှာခေါင်းယားလာပြီး နှာစေး၊နှာ ချေလာခြင်း
- နှာခေါင်းပိတ်ခြင်း RAST (radioallergosorbent test လို့ခေါ်တဲ့ အရေပြား သို့မဟုတ် သွေးစစ်ဆေးခြင်းဖြင့် ဘာကြောင့် ဓာတ်မတည့် မှုဖြစ်ပေါ် ရသလဲ ဆိုတဲ့ အကြောင်းရင်းကို သိရှိနိုင်ပါတယ်။ ခွေးကြောင့်လား၊ မှိုကြောင့်လား၊ ဝတ်မှုန်တွေကြောင့်လား ဆိုတာကို ယေဘုယျအားဖြင့် ခန့်မှန်းလို့ရပါ တယ်။
 ဓာတ်မတည့်မှုဖြစ်ခြင်းကို ဘယ်လိုလျှော့ချမလဲ
မိသားစုအတွင်းမှာ ခွေးနဲ့ဓာတ် မတည့်တဲ့သူတစ်ယောက်ရှိနေပြီး ဆက်မွေးချင်တဲ့ အခြေအနေမှာ ဓာတ်မတည့်မှုဖြစ်ခြင်းကို တတ်နိုင် သမျှလျော့နည်းအောင် ဆောင်ရွက် နိုင်တဲ့နည်းလမ်းတွေ ရှိပါတယ်။
- ခွေးကို အိပ်ခန်းထဲ ပေးမဝင်ပါနဲ့။
- အိမ်အပြင်ဘက်မှာ ခွေးနဲ့ဆော့ ကစားနိုင်ပါတယ်။
- ခွေးကို ကိုင်ပြီးတာနဲ့ လက်ကို သေချာစွာဆေးကြောပါ။
- ခွေးကို တစ်ပတ်တစ်ခါ ရေချိုးပါ။
- ကော်ဇော၊ ခြေသုတ်ဝတ်၊ ကြမ်း သုတ်ဝတ်များကို အမြဲသန့်ရှင်း အောင်ထားပါ။ စွန့်လွှတ်လိုက်ပါ နှာချေခြင်း၊ ရင်ကျပ်ခြင်းတို့ဟာ သိပ်ပြီး စိုးရိမ်စရာမရှိပေမယ့် သင့် ရဲ့ကလေးငယ်မှာ ပြင်းထန်တဲ့ အိမ် မွေးတိရစ္ဆာန်နဲ့ ဓာတ်မတည့်မှုရောဂါ ရှိနေမယ်ဆိုရင်တော့ အိမ်မွေးတိရစ္ဆာန် ငယ်လေးကို အခြားအိမ်တစ်အိမ်ကို ပို့လိုက်ဖို့ ပြင်ဆင်သင့်ပါတယ်။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်