www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

လေဖြတ်ခြင်းအတွက် ရှေးဦးကုထုံး


လေဖြတ်ခြင်းအတွက် ရှေးဦးကုထုံးဦးနှောက်ထဲမှာ သွေးထွက် တဲ့အခါ ဒါမှမဟုတ် ဦးနှောက် ဆီကို သွေးစီးဆင်းမှု ပိတ်ဆို့ ခံရတဲ့အခါ လေဖြတ်တတ်ပါတယ်။ မရှိမဖြစ် အာဟာရဓာတ်တွေ ချို့တဲ့တဲ့အခါ ဦးနှောက်ဆဲလ်တွေ စတင်သေဆုံးပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဆေးပညာ အကူအညီ ချက်ချင်းတောင်းပါ။ လေဖြတ်တာက အရေးပေါ် ဆေးကုသမှု လိုအပ်ပါတယ်။ ကုသမှုကို စောစောရရှိလေလေ ထိခိုက်မှုဖြစ်နိုင်ခြေ လျော့ကျလေလေပဲ ဖြစ်ပါတယ်။ လေဖြတ်တော့မယ်ဆိုရင် အမြန်ဆုံး သိနိုင်ဖို့ အောက်ပါ သတိပေး လက္ခဏာတွေကို ကြည့်ပါ။
မျက်နှာ- ပြုံးဖို့ကြိုးစားတိုင်း မျက်နှာတစ်ခြမ်းက ရွဲ့သွားသလား။
လက်မောင်း- လက်တွေကို မြှောက်ဖို့ ကြိုးစားတဲ့အခါ လက်တစ်ဖက်က နိမ့်သွားသလား။
စကားပြောခြင်း- စကားတစ်ခွန်းကို ထပ်ခါတလဲလဲ ပြောနေသလား၊ ပြောတဲ့စကားက ဝါးနေသလား၊ မပီမသ ဖြစ်နေသလား။
အချိန်- လေဖြတ်တဲ့ အတောအတွင်း မိနစ်တိုင်းက အရေးကြီးပါတယ်။
ဆေးကုသမှု အမြန်ဆုံးရရှိဖို့ အကူအညီတောင်းပါ။ လေဖြတ်နိုင်ခြေများတဲ့ အချက်တွေက သွေးတိုးတာ၊ အရင်က လေဖြတ်ဖူးတာ၊ ဆေးလိပ်သောက်တာ၊ ဆီးချိုသွေးချိုရောဂါရှိတာနဲ့ နှလုံးရောဂါရှိတာ စတဲ့ အချက်တွေ ဖြစ်ပါတယ်။ အသက်ကြီးတာနဲ့အမျှ လေဖြတ်နိုင်ခြေ ပိုမြင့်တက်လာပါတယ်။
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်