www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

သားအိမ် ခေါင်း ကင်ဆာ မဖြစ်အောင် ကာကွယ် နိုင်မည့် နည်းလမ်း ငါးသွယ်

၁) ကွန်ဒုံးအသုံးပြုပါ
လိင်ဆက် ဆံစဉ်မှာ သင့် အမျိုးသား ကို ကွန်ဒုံး အသုံးပြု စေတာ ကြောင့် သင့် မှာ သားအိမ် ခေါင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ၇၀ ရာ ခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဝါရှင်တန် တက္ကသိုလ်မှ သုတေသီတွေရဲ့ ပြော ကြားချက်အရ သိရပါတယ်။
၂) ချောဆီအသုံးပြုပါ
ပင်လယ်ရေညှိအနှစ်တစ်မျိုး ဖြစ်တဲ့ Carrageenan နဲ့ ပြုလုပ်ထားတဲ့ ချော ဆီကို အသုံးပြုတာကြောင့် ခန္ဓာကိုယ် ဆဲလ်အတွင်းသို့ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ် မဝင်ရောက် အောင် တားမြစ်နိုင်ပါတယ်။
၃) နေရောင်ကာလိမ်းဆေး အသုံးပြုပါ
နေရောင်နဲ့ ထိတွေ့တာကြောင့် ခုခံ အားစနစ် အားနည်းသွားပြီး HPV ပိုးဝင် ရောက်နိုင်တဲ့ အန္တရာယ် ပိုများသွား ပါတယ်။ ၄) ဂေါ်ဖီထုပ်စားပါ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ သားအိမ်ခေါင်း ကင် ဆာဆဲလ်နဲ့ HPV ကူးစက်ခံရတဲ့ ဆဲလ် တွေကို ခန္ဓာကိုယ်က မိမိဘာသာ ဖျက် ဆီးပစ်နိုင်တယ်လို့ သုတေသနပြုလုပ် ချက်အရ သိရပါတယ်။
၅) အနီရောင်အစားအစာ စားပါ
ခရမ်းချဉ်သီး၊ ဖရဲသီး၊ မာလကာသီး တွေကို အနီရောင်ဖြစ်စေတဲ့ ရောင်ခြယ် ပစ္စည်း လိုင်ကိုပင်းဟာ ကင်ဆာကို တွန်း လှန်နိုင်တဲ့ အစွမ်းထက်ဆုံး ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။ လိုင်ကိုပင်း ကို အစာမှ အများဆုံးရရှိတဲ့ အမျိုးသမီး တွေဟာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင် ခြေ ၅၀ ရာခိုင်နှုန်းလျော့နိုင်တယ်လို့ အရီ ဇိုးနားတက္ကသိုလ်မှ သုတေသီတွေက အကြံ ပြုထားပါတယ်။
ဒေါက်တာခင်မိုးမိုး
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်