www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

နိုင်ငံတကာဟာသများ

အဖြေကခေါင်းကိုက်ခြင်း
ဆရာက မူလတန်းကျောင်းသားကလေးကို သင်္ချာတစ်ပုဒ်ပေးလိုက်တယ်။
၄၈၉၆ နဲ့ ၆၉၄၀ ပေါင်းမယ်၊ ပြီးရင် ၁၇ နဲ့စားရတဲ့အဖြေကို နှစ်ထပ်ကိန်းရှာပြီး ၆၉၄၀ နုတ်လိုက်ရင် ရလဒ်ကဘာလဲ...ဆိုတဲ့မေးခွန်းပါပဲ။ တပည့်ကအောက်ပါအတိုင်းဖြေပြီး ပြန်တင်ပေးလိုက်သတဲ့....
ရလဒ်=ခေါင်းကိုက်ခြင်းပါပဲတဲ့။

ဖောက်သည်ကိုလျှော့ပါဦး
တရားသူကြီးက တရားခံကိုမေးတယ်တဲ့။
´´မောင်မင်း ထောင်ကျတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ´´.....
``ကိုးကြိမ်ရှိပါပြီခင်ဗျာ´´..လို့ပြန်ဖြေတယ်။
တရားသူကြီးက ``ကိုးကြိမ်ဟုတ်လား´´...ဒီလိုဆိုဒီတစ်ခါမောင်မင်းကိုမှတ်လောက်အောင် ထောင်ဒဏ်နှစ်အများဆုံးချမယ်´´..လို့ပြန်ပြောတယ်။
အဲ့ဒီအခါ တရားခံက ``ဆရာတို့ လာနေကျဖောက်သည်ကို နည်းနည်းလျှော့ပေါ့မပေးဘူးလား´´...လို့ပြန်မေးလိုက်သတဲ့။

မြင်းဆိုရင်မှန်ပြီ
တစ်ရက်မှာ ကျွန်တော်တုတ်ကွေးလိုလို ဖျားချင်တာနဲ့ ရုံးမသွားဘဲအိမ်မှာနားနေတယ်။ အဲ့ဒီအခါ တိရစ္ဆာန်ဆေးကုတက္ကသိုလ်တက်နေတဲ့ သမီးကဖုန်းဆက်တယ်။
´´ဒက်ဒီေ၇ ဒက်ဒီရဲ့အသံက ဘယ်လိုဖြစ်နေတာလဲ ဆရာဝန်သွားပြဦးလေ ဒက်ဒီ အဆုပ်အအေးမိနေပြီထင်တယ်´´
´´အေးပါသမီးရာ အဖေညနေဆရာဝန်ဆီ သွားမှာပါ´´ လို့ပြောတော့ သူက´´အဖေပေါ့မနေနဲ့နော်တဲ့ အအေးမိရင် အဖေ့အဆုပ်မှာ ဒဏ်ရာရချင်ရတတ်တယ်သိလား´´တဲ့။
´´ဟာ....သမီးကသိလို့လား´´လို့ကျွန်တော်နည်းနည်း စိုးရိမ်စိတ်ဖြစ်သွားပြီးပြန်မေးလိုက်တယ်။ သူက ဘာပြန်ပြောလဲသိလား......
´´သမီးမသိပါဘူး ဒက်ဒီ သမီးက ဆရာဝန်မှမဟုတ်တာ.. ဒါပေမယ့် ဒက်ဒီမြင်းဆိုရင် သမီးပြောသလို ဒက်ဒီဖြစ်မှာသေချာတယ် သိလား´´ တဲ့။  သေေ၇ာ...။
by mysuboo

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်