အမျိုးသမီးတစ်ဦးသည် ပျောက်ဆုံးသွားသော သူမယောက်ျားအတွက် ရဲစခန်းတွင် အမှုဖွင့်ဖို့ သွားတိုင်လိုက်သည်။
အမျိုးသမီး။ ။ကျမအမျိုးသား ပျောက်သွားလို့ပါရှင့်။
အမျိုးသမီး။ ။ကျမအမျိုးသား ပျောက်သွားလို့ပါရှင့်။
ရဲအုပ်။ ။ သူက အရပ်မြင့်သလား။
အမျိုးသမီး။ ။သတိမထားမိဘူး။
ရဲအုပ်။ ။ပိန်သေးသေးလား ဒါမှမဟုတ် ကျန်းမာရေးကောင်းသလား။
အမျိုးသမီး။ ။ပိန်သေးသေးလေးတော့ ဟုတ်ဖူး။ ဒါပေမယ့် ကျန်းမာရေးကောင်းနိုင်ပါတယ်။
ရဲအုပ်။ ။မျက်လုံးရဲ့အရောင်ကကော။
အမျိုးသမီး။ ။အဲဒါလည်း သတိမထားမိဘူး။
ရဲအုပ်။ ။ဆံပင်ရဲ့အရောင်ကကော။
အမျိုးသမီး။ ။ရာသီဥတုအရ ပြောင်းလဲတတ်ပါတယ်။
ရဲအုပ်။ ။ဘယ်လိုဝတ်ထားသလဲ။
အမျိုးသမီး။ ။ဝတ်စုံ၊ သာမာန်ကာလျှံကာပါပဲ အင့် မမှတ်မိတော့ဘူးရှင်။
ရဲအုပ်။ ။သူက တစ်စုံတစ်ယောက်နဲ့လား……
အမျိုးသမီး။
။ကာဗင်းလို့ခေါ်တဲ့ လက်ဗရာဒေါခွေးတစ်ကောင် သူနဲ့ပါသွားတယ် အဲဒီခွေးကို
ရွှေချိန်းကြိုးနဲ့ ချီထားတယ်၊ ၃၀ လက်မအရပ်ရှည်တယ်၊ ကျန်းမာရေးကောင်းတယ်၊
အပြာရောင်မျက်လုံး၊ အနက်ရောင်ဆန်ဆန်နဲ့ အညိုရောင်ဆံပင်ရှိတယ်၊
ဘယ်ခြေထောက်မှာ ခြေမရဲ့ခြေသည်းဟာ နည်းနည်းပါးပါး ကျိုးနေတယ်၊
ဘယ်တော့မှမဟောင်တတ်ဘူး၊ အပြာရောင်ဘောလုံးလေးတွေနဲ့ စီခြယ်ထားတဲ့
ရွှေရောင်ခါးပတ်ကို ၀တ်ဆင်ထားပါတယ်၊ သူက သက်သတ်လွတ်ကို သိပ်…ကြိုက်တယ်၊
ကျမတို့အတူတူ စားတယ် အတူတူပြေးတယ်…လို့ပြောပြီးတော့ အမျိုးသမီးလည်း
စငိုတော့တာပါပဲ…
ရဲအုပ်။ ။ကဲ ကဲ အဲဒါဆိုရင် ခွေးကို အရင်ရှာကြရအောင်လေ…
0 comments:
Post a Comment