www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

*** ဟာသဘဏ်တိုက်…

*** ချစ်မိလေသောအခါ…

“အသုံးမကျလိုက်တဲ့ သမီး၊  ညဉ်းဟိုကောင်လေးကို လက်မထပ်ရဘူး၊
သူ့ဝင်ငွေက တစ်လ ဒေါ်လာ တစ်ရာ လောက်ပဲရတာ၊
နင်တို့ ဘယ်လို စားကြသောက်ကြမှာလဲ”
“အို…ဒါပေမယ့် ဖေဖေရယ်…တစ်ယောက်နဲ့တစ်ယောက်
ချစ်မိကြတဲ့အခါ တစ်လဆိုတဲ့ အချိန်လေးဟာ ခဏနဲ့ ကုန်သွားတာပါပဲ”


*** မလုံမလောက်…

ဆရာဝန် …        “ခင်ဗျား ဒီဆေးကို အစာစားပြီးတိုင်း
                          လက်ဖက်ရည်ဇွန်းနဲ့ လေးဇွန်းသောက်ရမယ်”
လူနာ …              “ဟာ…..ဒါဆိုရင်တော့ ဒုက္ခပဲဆရာ။
                          ကျွန်တော်တို့ တစ်အိမ်လုံးမှာ လက်ဖက်ရည်ဇွန်း
                          နှစ်ချောင်းပဲရှိတယ်”

*** မျက်စိစမ်းသပ်ခန်းမှ ဖြစ်ရပ်…

…လူတစ်ယောက်သည် မျက်စိ အထူးကုဆေးခန်းသို့ သွားကာ
သူ့မျက်စိကို အစစ်ဆေးခံ၏။ မျက်စိဆရာဝန်က ထိုလူကို ထိုင်ခိုင်းပြီး
မျက်စိမြင်နိုင်အားကို စမ်းသပ်သည့် ကဒ်ပြားလေးကို ထောင်ပြ၏။
“ဒီကဒ်ပြားပေါ်က စာတွေကို ဖတ်လို့ရလား” ဟု ဆရာဝန်က မေးသည်။
“မရဘူး ဆရာ” ဟု ထိုလူက ဖြေ၏။
ဆရာဝန်က ရှေ့ကိုတိုးပြီး…
“ အခုဖတ်လို့ ရပြီလား” ဟု ဆို၏။
“မရဘူး ဆရာ”
ဆရာဝန်က ကဒ်ပြားကို ထိုလူနှင့် အနီးဆုံးနေရာသို့ ယူလာပြီး…
“ဒီလောက် နီးနေရင်တော့ ဒီစာတွေကို ခင်ဗျားကောင်းကောင်း ဖတ်လို့ရမှာ သေချာတယ်” ဟုဆို၏။
ထိုလူက… “မရဘူး ဆရာ၊ ကျွန်တော်က စာမှ မတတ်တာ” ဟု ဆိုလေ၏။

 

*** မှတ်ထားလိုက်လေ…

…ထောင်မှူးသည် အကျဉ်းသားကို တောင်းပန်နေ၏။
“ငါ မင်းကို တောင်းပန်ပါတယ်ကွာ၊ မင်းကို လွှတ်ရမယ့်ရက်ထက်
တစ်လပိုပြီး ချုပ်ထားမိသလို ဖြစ်သွားတယ်”
…အကျဉ်းသားကလည်း ပြုံးရွှင်စွာဖြင့်…
“ရပါတယ် ထောင်မှူးကြီးရယ်၊  ကျွန်တော် နောက်တစ်ခါ
ထောင်ထဲ ရောက်လာရင် တစ်လပြန်နှုတ်လိုက်ပေါ့” ဟု ဆို၏။

 

*** သရုပ်ဆောင်…


“မင်း သရုပ်ဆောင် တတ်လား” ဟု ထုတ်လုပ်သူက လူငယ်ကို မေး၏။
“သရုပ်ဆောင် ဟုတ်လား၊ တစ်ခါက ပြဇာတ်တစ်ခုမှာ
သေတဲ့အခန်း တစ်ခန်း သရုပ်ဆောင်တာ ပရိတ်သတ်ထဲက
လူတစ်ယောက်ဆို မေ့တောင် မေ့သွားတယ်” ဟု လူငယ်က ဖြေ၏။
“အဲဒီလူက ဘယ်သူလဲ”
“ကျွန်တော့်ရဲ့ အသက်အာမခံ ကုမ္ပဏီဒါရိုက်တာလေ”


*** နားလေးသူ… 
 …လူနှစ်ယောက်သည် ရထားတစ်စင်းပေါ်တွင် မျက်နှာချင်းဆိုင်
ထိုင်ခုံတွေပေါ်မှာ ထိုင်နေကြ၏။
…တစ်ယောက်က…
“ကျုပ်နားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး အခြေအနေဆိုးလာတယ်ဗျာ။
ဒါပေမယ့် ဒီနေ့လောက် ဆိုးတဲ့နေ့ မကြုံဖူးဘူး၊ ကျုပ် ဒီလောက်အထိ
နားလေးမယ်တောင် မထင်ဘူး၊ အခုဆို ကျုပ်နားတွေ ပင်းသွားပြီတောင်
ထင်တယ်ဗျာ၊ အခုပဲ ကြည့်လေ…။ ခင်ဗျား ကျုပ်ကို စကားပြောနေတာ
နာရီဝက်လောက် ရှိနေပြီ၊ ကျုပ်နားက ဘာသံမှ မကြားရတော့ဘူး” ဟု ၀မ်းနည်းစွာ ဆို၏။
…ထိုအခါ ကျန်တစ်ယောက်က…“ကျုပ်လည်း ဘာမှ မပြောမိပါလားဗျာ၊ ပျင်းလို့ ပီကေ ၀ါးနေတာပါ” ဟု ဆို၏။

*** ရွှေဥာဏ်တော်စူးပါပေ့…



ဆရာ…“ဂျော့ဝါရှင်တန်ဟာ သူ့အဖေစိုက်ထားတဲ့ ချယ်ရီပင်ကို ပုဆိန်နဲ့
ခုတ်လှဲပစ်ခဲ့တယ်၊ ဒါပေမယ့် သူခုတ်လှဲတာဖြစ်ကြောင်း သူ့အဖေကို
မကွယ်မ၀ှက် ၀န်ခံခဲ့တယ်၊ ကဲ…တပည့်တို့၊ သူ့အဖေက ဘာကြောင့်
သူ့ကို အပြစ်မတင်တာလဲကွယ်”
ဝီလျမ်…“ဂျော့ဝါရှင်တန် လက်ထဲမှ ပုဆိန်ကြီးရှိနေလို့ပါ ဆရာ”

 

*** နည်းတောင်နည်းသေး…
 




“ဟေ့ကောင်…မနေ့ညက မင်းရဲ့အဖေကားကို ငါတို့ ယူမောင်းတာနဲ့
ပတ်သက်ပြီး သူက ငါတို့အားလုံးကို ဘာကြောင့် ဒေါကန်နေရတာလဲကွ”
“ဒေါကန်တာ နည်းတောင်နည်းသေးတယ်၊ ငါတို့ မနေ့က
ကားနဲ့ ပွတ်ဆွဲမိသွားတဲ့ အဘိုးကြီးဟာ ငါ့အဖေပဲကွ”





*** လျှောက်လဲချက်…


တရားသူကြီး…  “ကဲ…မစ္စဘရောင်… ရုံးတော်ကို အမှန်အတိုင်း ၀န်ခံပါ။
                    ခင်ဗျားဟာ ဘာကြောင့် ခင်ပွန်းဖြစ်သူကို မြှားနဲ့ ပစ်ရတာလဲ”
တရားခံ…       “ကလေးတွေ အိပ်ရာက နိုးကုန်မှာစိုးလို့ သေနတ်ကို
                    မသုံးမိတာပါ တရားသူကြီးရှင့်”

 


*** သေချာပြီ…



…အိမ်တံခါးကို လာခေါက်သံကြောင့် မစ္စဖာဖာက တံခါးဖွင့်လိုက်ရာ
လူငယ်လေးတစ်ယောက်က တံခါးဝမှာ ရပ်လျက်…
“ဒေါ်ဒေါ်က မုဆိုးမကြီးဖာဖာ ပါလားခင်ဗျာ”
“အေး…ဒေါ်ဒေါ်နာမည်က မစ္စဖာဖာပါပဲ၊ ဒါပေမယ့် မုဆိုးမတော့ မဟုတ်ဘူးကွဲ့”
“ဒါဆိုတော့ ဒေါ်ဒေါ်မုဆိုးမဖြစ်တာ သေချာပြီ။ အခုမစ္စတာဖာဖာရဲ့ အလောင်းကို
ကျွန်တော်တို့လာပို့တာပါ”


*** ပြဿနာမရှိပါ…

ဒါရိုက်တာ …    “မင်းသား…ဒီအခန်းက ဟောဒီ ချောက်ကမ်းပါးကနေ
                        ခုန်ချရမယ့် အခန်းပဲ”
မင်းသား …    “စဉ်းစဉ်းစားစား လုပ်ပါဦး…ဒါရိုက်တာကြီးရယ်…
                      မတော်တဆ ကျိုးပဲ့ပြီး ကျုပ်သေသွားရင်
                     ဘယ်လိုလုပ်မလဲ”
ဒါရိုက်တာ …    “ပြဿနာမရှိဘူး မင်းသား… ခုန်သာချလိုက်၊
                        ဒီအခန်းက နောက်ဆုံးခန်းပဲ”

 

*** ပုံမှန်…

ဧည့်သည်       …      “ဒီမင်းသမီးက…ဒီဟိုတယ်ကို မကြာခဏ
                               လာတတ်သလား”
ဟိုတယ်စာရေး …    “ဟုတ်ကဲ့…သူ ပျားရည်ဆမ်း ခရီးထွက်တိုင်း
                               လာပါတယ်ခင်ဗျ”

 

*** သူ့အကြံ…

…ဟောလိဝုဒ် ဇာတ်ရံနှစ်ယောက်သည် ဘားဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး
အရက်သောက်နေရာ….
တစ်ယောက်က
“ငါပြန်မှ ဖြစ်မယ်ကွာ၊ ငါ့သွားတွေ အရမ်းကိုက်နေတယ်၊ သွား ဆရာဝန်ဆီသွားပြီး…
ဆေးထည့်ခိုင်းမယ်၊ နုတ်သင့်လည်း နုတ်ခိုင်းရတော့မှာပဲ”
…ကျန်တစ်ယောက်က…
“အဓိပ္ပါယ်မရှိတာကွာ၊ မနေ့ကဆို…ငါလည်း သွားကိုက်တာပဲ၊ ဒါနဲ့
ငါအိမ်ပြန်ပြေးပြီး ငါ့မိန်းမကို မွှေးမွှေးပေးပစ်လိုက်တာ… တစ်ခါထဲ
သွားကိုက်တာပါ ပျောက်သွားရော၊ မင်းလည်း ငါ့လို လုပ်ကြည့်ပေါ့”
“မင်းအကြံ ကောင်းတယ်ကွာ၊  မင်းမိန်းမဆီ ဖုန်းဆက်ထားပေးကွာ…
ငါ အခုချက်ချင်း လာခဲ့မယ်လို့ ပြောလိုက်”.

…ကမ္ဘာသစ်သူငယ်ချင်းများအားလုံး ပြုံးပျော်ကြပါစေ…

မေတ္တာဖြင့်…
အေးအေးမိုးမိကူး

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်