www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

သင့်မျက်ဝန်း နုပျိုနေအောင်

အိုမင်းမှု့လက္ခဏာကို ပထမဆုံး ပြသတ အစိတ်အပိုင်း တွေက မျက်ဝန်းတွေပဲ ဖြစ်ပါတယ်။
 မျက်ဝန်းတွေ တောက်ပပြီး ညိုမည်းမှု ကင်း အောင်၊ ဖောင်းအစ်မှု ကင်းအောင်နဲ့ အရေးကြောင်းကင်း အောင် လုပ်နိုင်မှသာ မျက်ဝန်းနုပျို လှပနေမှာဖြစ်ပါတယ်။
အိုင်းခရင်မ် လိမ်းပါ
"အိုင်းခရင်မ်ကို လိမ်းသင့်သလားလို့ မေးတိုင်းလိမ်းသင့်တယ်လို့ ပြန်ဖြေတယ်"လို့ အရေပြားအထူးကု တွဲဖက်ပါမောက္ခပက်ထရစ်ရှာက ဆိုပါတယ်။ သင်လိမ်းမယ့် အိုင်းခရင်မ်က သေချာစစ်ဆေးစမ်းသပ်ပြီးသားဖြစ်ဖို့ လိုပါတယ်။ ကော်လာဂျင်ထုတ်လုပ်မှု ကောင်းစေနိုင်တဲ့ ရက်တီနော (Retinol) ဒါမှမဟုတ် ပက်ပ်တိုက် (Peptides) တွေပါတဲ့အမျိုးအစားကို ရွေးသုံးရင် မျက်ဝန်းအောက်က အရေးကြောင်းတွေကို ပါးစေကာ အရေပြားကို တင်းရင်းစေပြီး ဖောင်းအစ်မှု ကင်းစေပါတယ်။ "တကယ်လို့ ဗီတာမင် စီ၊ ဗီတာမင် အီး ဒါမမှ Idebenone တို့လို အင်တီအောက်ဆီးဒင့် ပါတဲ့ အိုင်းခရင်မ် အမျိုးအစားကို ရွေးချယ်လိမ်းသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ လေထုညစ်ညမ်းမှု တို့ကြောင့် အရေးကြောင်း ထင်တာနဲ့ မျက်ကွင်းညိုတာတို့ ဖြစ်စေနိုင်တဲ့အတွက် ဒီလိုမဖြစ်အောင် အင်တီအောက်ဆီးဒင့်ါတဲ့ အိုင်းခရင်မ်က ကာကွယ်ဟန့်တားနိုင်ပါတယ်။
နေရောင်ကာ ခရင်မ် လိမ်းပါ
"အမျိုးသမီးအများစုဟာ မျက်ဝန်းတစ်ဝိုက်မှာ နေကာခရင်မ်လိမ်းလေ့မရှိတတ်ပါဘူး။ အကြောင်းကတော့ မျက်စိထဲကို ဝင်ရင် ကျိန်းစပ်တတ်လို့ပါ။ ဒါပေမဲ့ အိမ်အပြင် မထွက်ခင် မိနစ် ၃၀ အလိုမှလမ်းထားရင် မျက်ဝန်းအပါအ၀င် မျက်နှာတစ်ခုလုံးကိုအပြည့်အ၀စုပ်ယူရရှိသွားပါတယ်။ အဲဒီအခါ မျက်စိထဲကို နေကာခရင်မ် ဝင်နိုင်ခြေ မရှိတော့ပါဘူး။
မျက်ဝန်းကို မပွတ်ပါနဲ့
မျက်ဝန်းတစ်ဝိုက်က အရေပြားကို ညင်ညင်သာသာ ကိုင်တွယ်ပါ။ အထူးသဖြင့် မျက်ဝန်းကိုသန့်စင်တဲ့အခါမှာ ပိုပြီးသတိထားပါ။ အဆီဓာတ် အခြေခံတဲ့ မိတ်ကပ်ဖျက်ဆေးနဲ့ မျက်ဝန်းမိတ်ကပ်တွေကို ဖျက်ပေးပါ။ မျက်ဝန်းကို အဝတ်စနဲ့ ခပ်ကြမ်းကြမ်း မပွတ်တိုက်ပါနဲ့။ ပင်ပန်းနေချိန်မှာမျက်ဝန်းကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ရင် အရေပြားရဲ့ ဆံချည်မျှင် သွေးကြောတွေကို ထိခိုက်ကာမျက်ကွင်းညိုတာကို ပိုဆိုးစေနိုင်ပါတယ်။

By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်