www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

အတိုအထွာဟာသကမ္ဘာ

သည်းခံတတ်သောမိန်းမ

ဖိုးသိန်း “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂၀ ကျော်နေပြီ၊ စညားကတည်းက
ငါမင်းကို မူးလာတိုင်း ရိုက်နှက်
နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊
ဒီလိုရှင့်၊ ရှင်ကျမကို ရိုက်နှက်ပြီး
ရှင် အိပ်သွားပြီဆိုရင် ကျွန်မ အိမ်သာတစ်ခုလုံး ကြွေခွက်ပါမကျန်
တိုက်ချွတ်ဆေးကြောပြစ်လိုက်တာ
ပဲ”
ဖိုးသိန်း “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”

ဆင်ဥ

တစ်ခါတုန်းက ကိုအ နဲ့ မယ်အ ဆိုတဲ့လင်မယားနှစ်ယောက်ရှိတယ်။ တစ်နေ့ကျတော့
ကိုအ တစ်ယောက်  ကိစ္စတစ်ခုနဲ့မြို့ကို
တက်လာပါတယ်။ မြို့ကိုရောက်တော့
လမ်းတစ်နေရာမှာ ဈေးသည်တစ်ယောက်ကိုတွေ့တယ်။ အဲဒီ့
ဈေးသည်ရောင်းတဲ့ပစ္စည်းကတော့ အုန်းသီးတွေကို အခွံချွတ်ပြီးရောင်းနေတာပါ။

ဒါပေမယ့် ဈေးသည်တို့ထုံးစံအတိုင်း ရောင်းကောင်းအောင်
သူ့အုန်းသီးအခွံချွတ်ပြီးသားတွေကို “လိပ်ဥ” ဆိုပြီးအော်ရောင်းသတဲ့။

ဒါကို ကိုအ ကလည်း တကယ့်လိပ်ဥထင်ပြီး ရွာကိုဝယ်သွားတယ်။ ဈေးသည်ကလည်း
ဒါကဥကနေပေါက်တဲ့ ဆင်အမျိုးအစားဖြစ်တာကြောင့် ၀ယ်သွားပြီး
အိမ်ကိုရောက်တဲ့အခါ ၀ပ်ပေးရင် ဆင်ကောင်လေးတွေ
ပေါက်လာလိမ့်မယ်လို့မှာလိုက်တယ်။

ဒီလိုနဲ့ ကိုအ အိမ်ကိုပြန်ရောက်တဲ့အခါ သူမိန်းမ မသိအောင်
နေ့တိုင်းအခန်းထဲ ၀င်ပြီးဝပ်ပေးတာပေါ့။ တစ်နေ့တော့ သူမိန်းမက
မသင်္ကာလို့လိုက်ချောင်းတဲ့အခါ ကိုအ ဆင်ဥတွေကိုဝပ်နေတာနဲ့
ပက်ပင်းတိုးပါလေရော။
အဲဒီ့အခါမှာ ကိုအ မိန်းမက “ရှင် ဒါဘာလုပ်နေတာလည်း” ဆိုပြီးမေးတယ်။

ကိုအ ကလည်း “တိုးတိုးပြောစမ်းပါမိန်းမရယ် သူများတွေကြားသွားပါဦးမယ်”
လို့ပြောပြီး အကြောင်းစုံကို ရှင်းပြပြီး “မင်း မယုံရင် ကြည့်ကြည့်ပါလား”
လို့ပြောလိုက်တော့ မယ်အ ကလည်း ကိုအ ရဲ့ပုဆိုးကိုလှန်ကြည့်ပြီး
ပြောလိုက်တာကတော့ “ဟယ် ဟုတ်ပါရဲ့ နှာမောင်းလေးတောင် ထွက်နေပြီ” တဲ့။



သိပ်ကောင်း

ရထားပေါ်တွင်ဖြစ်သည်။
ကကသ်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ
ထိုင်လာကြသည်။ ကက်သလစ်ဘုန်းကြီးက ဂျူးဘာသာရေးတရားဟောဆရာကို ပြောသည်။
“ကျနော့်မှာ ၀က်ပေါင်ခြောက် ပါတယ်၊ စားပါဦးလား”
“ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်”
“အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ”
ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင်
ကက်သလစ်ဘုန်းကြီးကို ပြောသည်။
“ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။”
“ကျနော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ
မယူရဘူးလို့ တားမြစ်တယ်။”
“ဟုတ်လား ၊ ၀မ်းနည်းစရာပဲဗျာ၊ သိပ်အရသာရှိတာဗျ”

အကြောင်းအရင်း

တစ်နေ့ ပန်းချီဆရာ တစ်ယောက် က ပန်းချီပြခန်းမှာ ထိုင်နေသော သူငယ်ချင်း
ပန်းချီဆရာ တစ်ယောက်  ကို
တွေ့လို့ မေးလိုက်တယ်...
“သူငယ်ချင်း ပြပွဲ မှာ  လူကြီးတွေက မင်းပန်းချီကားကို ဘာလို့ ပြခွင့်မပေးတာလဲကွ”
“ပန်းချီကားထဲမှာ မိခင်ရဲ့ ရင်ခွင်ထဲက နို့စို့နေတဲ့ ကလေးငယ်ရဲ့ရုပ်ဟာ
အသက်အစိတ်လောက်ရှိနေတဲ့ ရုပ်ပေါက်နေလို့တဲ့”

ရှေ့ပြောနောက်ကြည့်

“ဘာလို့ အလုပ်က ထွက်လာတာလဲ”

“သူဌေးက အပြောအဆိုမတတ်လို့ပါ”

“ဟေ ဘယ်လိုပြောလို့လဲ”

“ကျွန်မကို သိပ်လှတာပဲတဲ့”

“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”

“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”

အရှင်းဆုံးအဖြေ

လူနာ - Doctor ကျွန်တော်မျက်လုံး ကိုက်နေတယ် ဘာလုပ်ရမလဲဟင်
ဆရာဝန် - တလောကကျွန်တော်သွားကိုက်တယ် ကိုက်တဲ့သွားကိုဆွဲနှုတ်လိုက်တာ ပျောက်သွားတာပဲ
လူနာ - ဗျာ ?

နေရာမှားခြင်း

တာဇံနှင့် သူ၏တောတွင်းအပေါင်းအသင်းမျာြး
ဖစ်ကြသော တိရိစ္ဆာန်များသည်
ရေကူးရန်မြစ်ကမ်းနားသို့ရောက်လာကြသည်။

တာဇံသည် မြစ်ထဲမဆင်းမီ အ၀တ်အစားများချွတ်လိုက်သည်

တိရိစ္ထာန်များ ၀ိုင်းရယ်ကြသည်။

တာဇံ ။ ။ မင်းတို့ဘာလို့ ရယ်ကြတာလဲ

တိရိစ္ဆာန်များ ။   ။ မင်းအမြီးက ရှေ့မှာပေါက်နေလို့ကွ

တွေးကြည့်ပါဦး

ရထားလက်မှတ်စစ်သည် တွဲပေါ်တက်လာပြီး လက်မှတ်များ လိုက်လံ စစ်ဆေးသည်။
လက်မှတ်မဲ့စီးသူများအတွက် ဒဏ်ငွေမှာ ၅၀၀၀ ကျပ် ဖြစ်သည်။ အင်္ကျီလက်ပြတ်
ဝတ်ထားသည့် ပထမအမျိုးသမီးငယ် တစ်ဦးအား ဒဏ်ငွေ ၃၀၀၀ ကျပ်
ပေးဆောင်စေခဲ့သည်။

နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်ဝတ်ထားသော ဒုတိယ
အမျိုးသမီးကိုမူ ဒဏ်ငွေ ၂၀၀၀ ကျပ် ပေးစေခဲ့သည်။

နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်၊ မီနီစကတ်တို ၀တ်ထားသော
တတိယအမျိုးသမီးကိုမူ ဒဏ်ငွေ ၁၀၀၀ ကျပ် ဒဏ်တပ်ခဲ့သည်။

စတုတ္ထအမျိုးသမီးကိုမူ ပိုက်ဆံတစ်ပြားမှ မယူခဲ့ချေ။ အဘယ့်ကြောင့်ဟု သင်ထင်ပါသနည်း။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်