www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

"မရယ်ချင်ရင် မဖတ်နဲ့"

ကူညီပါဦး...

ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲထိုင်နေသည်။
ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောသမျှကို အဘိုးကြီးအတိုင်းသား ကြားနေရ၏။
မိန်းကလေးက"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်"
ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏။
ထို့နောက်"မူးသေးလားဟင်"
"ဟင့်အင်း၊ ပျောက်သွားပြီ"
အတန်ကြာသောအခါ......
မိန်းကလေးက "မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏
"ဘယ်လိုနေသေးလဲ"
"အင်း..သက်သာသွားပြီ"
ခဏကြာသော်... "မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။
တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။
ထို့ကြောင့်လှမ်းပြောလိုက်၏။
ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ
'ဦးမှာ လိပ်ခေါင်းဖြစ်နေလို့' တဲ့


ကက်စီနို
ကက်စီနို လောင်းကစားဝိုင်း ခုံတခုမှာ ဒိုင်လုပ်သူနှစ်ယောက်ဟာ ထိုးသားမရှိလို့
ပျင်ပျင်းရိရိဖြစ်နေကြတယ်။

ရုတ်တရက် တောင့်တောင့် ဖြောင့်ဖြောင့်နဲ့ ရုပ်ချောချော မိန်းမငယ်လေး တစ်ယောက်
ရောက်လာပြီး ခုံပေါ်ကို ဒေါ်လာ နှစ်သောင်း ပြစ်တင်လိုက်တယ်။

“အကုန်လောင်းတယ်၊ အန်စာ တစ်ချက်ပဲ ခေါက်မယ်။ ဒါပေမယ့် တခုတော့ ရှိတယ်နော်၊
ကျွန်မက အင်္ကျီမပါပဲ အန်စာခေါက်ရင် ကံကောင်းတတ်လို့ ရှင်တို့ စိတ်မရှိဘူးဆိုရင်
အင်္ကျီတွေ အားလုံးချွတ်ပြစ်ချင်တယ် “ ပြောပြောဆိုဆို အ၀တ်တွေ ချွတ်ချလိုက်တယ်။

ပြီးတော့ “အ၀တ်အသစ်တွေ ၀တ်နိုင်ပါစေ.. “ လိုအော်ပြီး အန်စာခေါက်လိုက်တယ်။

“ ဟေး.... နိုင်ပြီဟေ့ နိုင်ပြီ ” အားရပါးရ ခုန်လိုက်ပြီး ဒိုင်လုပ်သူ
နှစ်ယောက်ကို ထဖက်တယ်။

ချက်ချင်းပဲ သူအ၀တ်နဲ့ အနိုင်ရတဲ့ ပိုက်ဆံတွေ ယူပြီး အမြန်ထွက်သွားတော့တယ်။

အဲ့ဒီတော့မှ ဒိုင်တစ်ယောက်က ရုတ်တရက် အသက်ပြန်ဝင်လာသလို သူဘေးက
အဖော်ကိုလှမ်းမေးတယ်။

“ သူ့ အန်စာက ဘာကျသွားတာလဲ”

ကျန်တစ်ယောက်က

“ ဟေ.... မသိဘူးလေ ငါက မင်းကြည့်လိုက်တယ်ထင်လို့”


လစာတိုးပေးသင့်နေပြီဘော့စ်၊ကျွန်တော့ကို နောက်ထပ် ကုမ္ပဏီသုံးခုကတောင် လိုက်ချဉ်းကပ်နေပြီ"လို့ဝန်ထမ်းတစ်ယောက်က သူ့ရဲ့ အလုပ်ရှင်ကိုသူ့ကိုလစာတိုးပေးဖို့ လာပြောပါတယ်။
သူ့အလုပ်သမားကို တခြားကုမ္ပဏီကနေ ပိုက်ဆံပိုပေးပြီး ခေါ်ဖို့ပြင်နေ တယ်လို့ ထင်သွားတဲ့ အလုပ်ရှင်က "ဒီလိုဆိုတော့ မင်းနောက်ကို ဘယ် ကုမ္ပဏီတွေကများ လိုက်ချဉ်းကပ်နေတာလဲ"လို့မေးတော့ သူပြန် ဖြေ တာက
"လျှပ်စစ်မီး၊ တယ်လီဖုန်း ပြောခတွေ ဆောင်ပေးတဲ့ ကုမ္ပဏီနဲ့ ဂက်စ်
ကုမ္ပဏီတွေပါ။ သူတို့ကို ကျွန်တော်ပိုက်ဆံ မရှင်းရသေးဘူး"တဲ့။


ကလေးဖြစ်ချိန်

ပင်စင်ယူထားတဲ့ လူကြီးနှစ်ယောက်က တစ်နေ့မှာ သစ်ပင်တစ်ပင် အောက်မှာရှိတဲ့ ခုံတန်းမှာထိုင်ရင်း စကားပြောနေကြပါတယ်။
တစ်ယောက်က"ဟေ့လူရေ..ကျုပ် အသက်က ၈၃ ဆိုတော့ တစ်နေ့တစ် နေ့ကိုက်တာ၊ခဲတာနဲ့ဒီခန္ဓာကြီးက ဒုက္ခပေးလှသဗျာ၊ခင်ဗျားလည်း ကျုပ် နဲ့ မတိမ်းမယိမ်းဆိုတော့ ခင်ဗျားရော ဘယ်လို ခံစားရလဲ" လို့ မေးတော့ ကျန်တစ်ယောက်က"ကျုပ်ကတော့ခုမှမွေးလာတဲ့ ကလေး တစ်ယောက် လိုပဲဗျာ"လို့ ဖြေပါတယ်။
ဒါနဲ့ မေးတဲ့သူလည်း တအံ့တဩဖြစ်ရင်း "တကယ်လား၊ တကယ်ပဲ မွေး ကင်းစ ကလေးလိုပဲလား" လို့ ထပ်မေးတော့ အမေးခံရတဲ့ သူက "ဟုတ် တယ်လေ။ဆံပင်မရှိ၊သွားမရှိတော့ဘူး။ပြီးတော့ အခုတောင်ဝတ်ထားတဲ့ ဘောင်းဘီစိုအောင်လုပ်မိပြီထင်တယ်" တဲ့။




ထိရောက်ပါပေ့
အဘိုးအိုတစ်ယောက်အကြားအာရုံချို့ယွင်းတာ နှစ်ပေါင်းအတော်ကြာ ပါပြီ။
တစ်နေ့တော့ သူ့အကြားအာရုံပြဿနာကို ဆရာဝန်သွားပြတော့
ဆရာဝန်က သူ့ကိုရာနှုန်းပြည့်ပြန်ကောင်းစေမယ့်ဆေးတွေ၊ နည်းလမ်း တွေပေးလိုက်ပါတယ်။
တစ်လလောက်ကြာတော့ အဘိုးကြီးက ဆရာဝန်ဆီ ထပ်လာပါတယ်။
"အဘိုးရဲ့ အကြားအာရုံကတော့ လုံးဝကိုပြန်ကောင်းသွားပါပြီ။ အဘိုး
မိသားစုကတော့ဝမ်းသာမှာပဲ"လို့ဆိုတော့ အဘိုးကြီးက"ကျုပ်သူတို့ကို
အခုထိ ကျုပ်နားပြန်ကောင်းပြီဆိုတာ မပြောရသေးဘူး။ သူတို့နားထိုင်
ပြီး သူတို့ပြောတာတွေနားထောင်ရင်းနဲ့ပဲ ခုဆိုကျုပ်သေတမ်းစာကို ပြန် ပြင်တာသုံးခါရှိသွားပြီ"တဲ့။


မထင်လိုက်ဘူးကွယ်
လူတစ်ယောက်က အိတ်ကြီးနှစ်အိတ်ကို စက်ဘီးပေါ်တင်လာတာတွေ့ တော့ နယ်စပ် ဖြတ်ကျော် ဂိတ်က ရဲက အိတ်ထဲ မှာ ဘာတွေ ပါလဲ လို့ မေးလိုက်ပါတယ်။ ဒါနဲ့ စက်ဘီးသမားက သဲတွေလို့ ဖြေတာနဲ့စစ်ကြည့် တော့လည်း သဲကလွဲရင် ဘာမှမတွေ့ပါဘူး။
ဒီလိုနဲ့ စက်ဘီးသမား က နေ့တိုင်းပဲ သဲအိတ်တွေ တင်ပြီး ဖြတ်နေတာ ကို ရဲက တစ်ခုခုကို မှောင်ခိုကုန်ကူးနေမှန်း သိပေမယ့် လက်ဆုပ်လက် ကိုင်ပြလို့မရဖြစ်နေပါတယ်။ ခြောက်လလောက်ရှိလာတော့ မနေနိုင်တဲ့ အဆုံးဖွင့်မေးပါတယ်။
"မင်းတစ်ခုခုကိုမှောင်ခိုလုပ်နေတယ်ဆိုတာတော့ ငါသိတယ်။ဒါပေမယ့် ဘာမှန်းမသိဘူးဖြစ်နေတယ်။ ငါ့ကို အမှန်အတိုင်းပြော..ငါမင်းကို မဖမ်း ဘူး" ဆိုပြီးမေးတော့ အဲဒီ လူပြန်ဖြေတာက "ကျွန်တော်ကစက်ဘီးတွေ မှောင်ခိုသွင်းနေတာပါ"တဲ့။




ဆက်သွယ်ရေး
 ဆက်သွယ်ရေးလက်ချာတစ်ခုမှာ ဆရာက မေးပါတယ်။
“အနီအောက် ရောင်ခြည် ဆက်သွယ်ရေး (Infrared Communication) က မကောင်းဘူး ဆိုတာ ဘယ်လို ဥပမာ ပြမလဲ။”
ရွှတ်နောက်နောက် ကျောင်းသားတစ်ယောက်က “အိန္ဒိယ လူမျိုးတွေကို ကြည့်ပါ ဆရာ။ သူတို့ နဖူးမှာ အနီစက်ကလေးတွေ ရှိတယ်။ အဲဒါ သူတို့ အချင်းချင်း Infrared နဲ့ ဆက်သွယ် နေကြတာပါ။ ဒါပေမယ့် ဖမ်းလို့ရတဲ့လှိုင်း (reception) က မကောင်းတော့ သူတို့ ခေါင်းတွေကို ခါနေရတယ်လေ။ အဲဒါမှ လှိုင်းမိမှာကိုး။” လို့ ပြန်ဖြေပါတယ်။
အဲဒီမှာ ဆရာက စိတ်ပေါက်ပေါက်နဲ့ “သူတို့တွေ ငယ်ငယ်ကတည်းက အနီစက်က ရှိလာတာပဲ။ မင်းပြောသလိုဆို တသက်လုံး ဆက်သွယ်လို့ အဆင်မပြေဘူး ဖြစ်နေမှာပေါ့။” လို့ ပြန်တွယ် ပါတယ်။
ကျောင်းသားက “သူတို့ကို အပြာရောင် အစက် ပြောင်းတပ်ခိုင်းလိုက်ပါ ဆရာ။ အဆင်ပြေ သွားပါလိမ့်မယ်။ Bluetooth က Infrared ထက် သာပါတယ်။” လို့ ပြန်ပြောလိုက်ပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်