www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ဟာသအတိုအထွာများ (၉)

( သူ့အတွေးနဲ့ သူ )
အိုင်တီသမားတယောက် လမ်းကိုဖြတ်ကူးနေစဉ် ဖားတကောင်နှင့်တွေ့ရာ
ဖားက ရှင်-ကျွန်မကို နမ်းလိုက်ရင် ကျွန်မဟာ အလွန်လှပတဲ့ မင်းသမီးကလေးတပါးအဖြစ် ပြန်ပြောင်းသွားပါလိမ့်မယ်၊ အဲဒီလိုဆိုရင် ကျွန်မဟာ သီတင်းတပတ်ပြည့်အောင် ရှင်နဲ့အတူနေပါ့မယ်၊ ရှင်စေခိုင်းသမျှ အားလုံးလုပ်ကိုင် ဖြည့်ဆည်းပေးပါ့မယ်-လို့ ပြောလိုက်ပါတယ်၊
အိုင်တီသမားသည် ပြုံးပြီး ဖာကလေးကိုကောက်၍ သူ့အိတ်ထဲသို့ ထည့်ယူလာခဲ့ပါသည်၊
ဖားကလေးက ရှင်-ကျွန်မပြောတာ ကြားရဲ့လား၊ သီတင်းတပတ်တိတိ ရှင်ခိုင်းသမျှ ကျွန်မလုပ်ပေးမယ်ဆိုတာကို ရှင် ကြားရဲ့လား-ဟု ထပ်မံပြောလိုက်ပြန်သည်၊ အိုင်တီသမားက မသိကျိုးကျွန် ပြုနေသည်။
ဟေး-ရှင် ဘာလုပ်နေတာလဲ၊ လှပတဲ့ မင်းသမီးကလေးတပါး၊ သီတင်းတပတ်၊ ဒါဟာ မပစ်ပယ်နိုင်စရာပါ-ဟု ဖားက ထပ်မံပြောပြန်သဖြင့် အိုင်တီသမားက အောက်ပါအတိုင်း ပြန်ပြောလိုက်သည်။
ဒီမှာ-ကျုပ်က ကွန်ပျူတာကျွမ်းကျင်သူ တယောက်ပါ၊ ကျုပ်မှာ မိန်းကလေးသူငယ်ချင်း တယောက်အတွက် ပေးစရာအချိန် မရှိပါဘူး၊ ဒီတော့ စကားပြောတတ်တဲ့ ဖားကလေးရေ၊ စိတ်အေး လက်အေးသာ နေပေရော့။


အသိမရှိရိုး အမှန်ပါ
( အမျိုးသမီး ) ။ ။ အဒေါ့်ခွေးကလေး နေမကောင်းလို့ပါကွယ်၊ တိရစ္ဆာန်ဆရာဝန် ကောင်းကောင်းကို ညွှန်ပြစမ်းပါ သမီးရယ်။
( သူနာပြု) ။ ။ ၀မ်းနည်းပါတယ် အဒေါ်၊ ကျွန်မသိတဲ့ ဆရာဝန်တွေအားလုံးဟာ လူတွေချည်းပဲ ဖြစ်နေပါတယ်။


ချက်ချင်းလဲပေးမယ်
ထောင်ဒဏ် ၁၂ နှစ် ကျခံနေတဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ ပျင်းနေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူစကားကို နားလည်တဲ့ ပုရွက်ဆိတ်တစ်ကောင်ကို သူတွေ့ခဲ့တယ်။ လူစကားကို နားလည်တဲ့ ပုရွက်ဆိတ်ကို ကင်းမြီးကောင်ထောင်ခိုင်း၊ နောက်ကျွမ်းပစ်ခိုင်း………… စတာတွေ လေ့ကျင့်ပေးပြီး အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်…….။ ဒီလိုနဲ့ ထောင်ထွက်တဲ့နေ့မှာ သူလေ့ကျင့်ပေးတဲ့ ပုရွက်ဆိတ်ကို ကြွားချင်လွန်းလို့ အကျီင်္အိတ်ထဲက ပုရွက်ဆိတ်ကို ထုတ်ပြီး ခုန်ပေါ်တင်လိုက်တယ်……….။ ပြီးတော့ စားပွဲးထိုးကို ” ဒီပုရွက်ဆိတ်ကို ကြည့်စမ်း ” လို့ ပြောလိုက်တယ်……..။ စားပွဲထိုးက ပုရွက်ဆိတ်ကို လက်ဖ၀ါးနဲ့ ချက်ချင်းရိုက်ချလိုက်ပြီး အားတုန့်အားနာနဲ့ ” ဆောရီးနော်….ကျွန်တော် နောက်တစ်ခွက် ချက်ချင်းလဲပေးမယ် ” လို့ ပြောလိုက်တယ်….။


ဒါမျိုးတွေကရိုးနေပါပြီ
တစ်ခါက ………..
လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးတော့ ယောင်္ကျား ၁၀ ယောက်နဲ့ မိန်းမ တစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာ ချိတ်နေတဲ့ လူ ၁၁ ယောက်ကို ရဟတ်ယာဉ်က မနိုင်ပဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့…. ယောင်္ကျားတွေက လက်မလွှတ်ချင်ကြဘူး…..အဲဒီမှာ မိန်းမ တစ်ယောက်က ……….” ကဲ.. ကဲ …. အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်…..။ ကိုယ့်ယောင်္ကျားအတွက် ၊ ကိုယ့်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးပဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးတွေက ရိုးနေပါပြီ……… ”
လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော ယောင်္ကျားတွေ အားလုံးက လက်ခုပ်ဝိုင်းတီးကြတော့တယ်။။။။။။။။။။။။။။။


သိထားသင့်တယ်ထင်လို့ပါ….

အသက်အရွယ် အရ
သူငယ်ချင်း နှစ်ယောက် ဆုံကြတဲ့ အချိန်မှာ ပထမ သူငယ်ချင်းက “အခုခေတ်
မိန်းကလေး တွေက အသက် အရွယ်ကို ခန့်မှန်းရ တော်တော် ခက်တယ်ကွ”လို့
ပြောလိုက်ပါတယ်။ အဲဒီ အခါမှာ ဒုတိယ သူငယ်ချင်းက“ဒါများကွာ အလွယ်လေးပါ။
သူတို့ကို ချီးမွမ်းကြည့်လိုက်တာနဲ့ ဘယ်အရွယ်လဲ ဆိုတာ ခွဲခြားလို့ ရတယ်။
နှစ်ဆယ်ဝန်းကျင် မိန်းကလေးသာ ဆိုရင် သေချာတာက ရှက်သွေးဖြာ သွားမယ်။
သုံးဆယ် ၀န်းကျင်ဆိုရင်တော့ မင်းက မဆိုးဘူးလို့ မှတ်ချက်ချမယ်။ အဲ
လေးဆယ်ဝန်းကျင် မိန်းမတစ်ယောက် ဖြစ်နေရင်တော့ မင်းသူ့ဆီက ဘာများ
လိုချင်နေတာပါလိမ့်လို့ သံသယ မျက်လုံးတွေနဲ့ ကြည့်လိမ့်မယ်”လို့
အတွေ့အကြုံ ကြွယ်ဝတဲ့ သူတစ်ယောက်လို ရှင်းပြပါတယ်။


မင်းမဟုတ်တဲ့ တခြားတစ်ယောက်
ကောင်လေးက သူမြတ်မြတ်နိုးနိုး ချစ်နေမိတဲ့ မမရဲ့ မျက်ဝန်းတွေကို
စူးစိုက်ကြည့်ရင်း “မမရယ် ကျွန်တော့် နှလုံးသားတွေ တစ်စစီကြွေ ကုန်ပါပြီ။
အဲဒီလိုဖြစ်အောင် မမ လုပ်ရက်တယ်ဗျာ။ ဘာလို့လဲ ဆိုရင် မနေ့က မမကို တခြား
ယောက်ျားတစ်ယောက်နဲ့ ကျွန်တော် တွေ့လိုက်ရတယ်လေ”လို့ ကြေကွဲ ဆို့နင့်စွာ
ပြောလိုက်ပါတယ်။ အဲဒီ အချိန်မှာ မမက ကောင်လေးအထင် မလွဲအောင် ကပျာကယာ
ဖြေရှင်းလိုက်ပုံက “အိုကွယ် ကလေးရယ်။ မင်းအထင် လွဲနေတာပါ။ အဲဒီလူက
မမခင်ပွန်းကွဲ့။ မမအတွက် မင်းမဟုတ်တဲ့ တခြားတစ်ယောက် ဆိုတာ လုံးဝ
မရှိပါဘူးကွယ်”တဲ့။


တိကျသူ
ကောင်မလေးက သူ့ချစ်သူ ကောင်လေးကို “မနေ့ညက ရှင့်နားမှာ ရှိနေတဲ့
ကောင်မလေးက ဘယ်သူလဲ”လို့ သံသယတွေ အပြည့်နဲ့ မေးလိုက်တဲ့ အခါ ကောင်လေးက
“ဘယ်အချိန်လောက်တုန်းက တွေ့လိုက်ရတဲ့ ကောင်မလေးလဲ ဆိုတာ အရင်
ပြောဦးမှပေါ့ကွ။ မင်းကလည်း တကယ်ပါပဲကွာ”လို့ ပြန်ပြောလိုက်ပါတယ်။


ဥာဏ်ကြီးရှင်
ကောင်လေး တစ်ယောက်က သူသဘော ကျနေတဲ့ ကောင်မလေး အနားကို ချဉ်းကပ်ပြီး “ဟေ့
မင်းကို ကြည့်ရတာ ဥာဏ်အမြော်အမြင် တော်တော်လေး ပြည့်စုံတဲ့ ပုံပဲကွ။
ကိုယ့်ကို လက်ထပ်ဖို့ စိတ်မ၀င်စားဘူးလား”လို့ စကားကမ်းလှမ်း
လိုက်တယ်ဆိုရင်ပဲ ကောင်မလေးက “တော်ပါရှင်၊ ကျွန်မက ရှင်ထင်ထားသလို
ဥာဏ်အမြော်အမြင် တော်တော်လေး ပြည့်စုံနေတာ မို့လို့ ရှင့်ကို လက်ထပ်ဖို့
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”လို့ တစ်ခါတည်း ပြတ်ပြတ်သားသား
ငြင်းလိုက်ပါတယ်။


စာကြမ်းပိုး
စာကြမ်းပိုး ကောင်လေးရဲ့ ချစ်သူ ကောင်မလေးက “မောင် ကျွန်မကို
စကားပြောဖို့ သတိရသေးရဲ့လား။ ဒီစာအုပ်ပုံတွေ ကြားမှာ နစ်နေတာနဲ့ ကျွန်မ
အသက် ရှိသေးတယ် ဆိုတာကို မေ့နေတယ် ထင်ပါရဲ့။ တစ်ခါတလေ



ကျွန်မသာ
စာအုပ်တစ်အုပ် ဖြစ်သွားရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်သိလား။
အနည်းဆုံးတော့ မောင် ကျွန်မကို ဖတ်ကြည့်မှာပဲလေ”လို့ ညည်းတွား
ရေရွတ်လိုက်တယ်ဆိုရင်ပဲ စာကြမ်းပိုး ကောင်လေးက “အချစ်ရဲ့ စိတ်ကူးလေးက
မဆိုးဘူးလို့ ပြောရမယ်။ အချစ်သာ စာအုပ်တစ်အုပ် ဆိုရင် ပိုပြီး
စိတ်ဝင်စားစရာ ကောင်းတဲ့ စာအုပ်တွေနဲ့ စာကြည့်တိုက်မှာ နေ့တိုင်း
အလဲအလှယ် လုပ်ပြီး မောင်ဖတ်လို့ ရတာပေါ့”လို့ ပြန်ပြောလိုက်လေရဲ့။
လေးစားလောက်ပါတယ်
မိခင် ဖြစ်သူက “ငါ့သမီးရဲ့ ချစ်သူက ဘယ်လို လူစားမျိုးလဲကွယ်။ လေးစား
အားကိုးလောက်ရဲ့လား”လို့ မေးလိုက်တယ် ဆိုရင်ပဲ သမီးက မဆိုင်းမတွ
ဖြေလိုက်တာက “သိပ်သေချာတာပေါ့ မေမေရယ်။ သူ့အသက်က သုံးဆယ်၊ ဆေးလိပ်နဲ့
အရက်လည်း လုံးဝကင်းတယ်။ သူ့မှာ သိပ်တော်တဲ့ အိမ်ရှင်မ တစ်ယောက်ရယ်၊
သိပ်လိမ္မာတဲ့ ကလေး သုံးယောက်ရယ်လည်း ရှိသေးတယ်လေ”တဲ့။


အလွယ်ဆုံး နည်းလမ်း
ချိန်းထားတဲ့ နေရာကို နည်းနည်း နောက်ကျပြီးမှ ရောက်လာတဲ့ ချစ်သူ
ကောင်လေးက သူ့ကောင်မလေးကို “ကိုယ်အမုန်း ဆုံးက ဘာလဲသိလား။ ဘတ်စ်ကားပေါ်မှာ
နေရာလေး ရလို့ သက်သောင့်သက်သာ ထိုင်မယ်ကြံကာ ရှိသေး မိန်းကလေး တစ်ယောက်
ကိုယ့်ဘေးနားမှာ မတ်တတ် လာရပ်တာကိုပဲ”လို့ ပြောလိုက်တာမို့ ကောင်မလေးက
သူ့ချစ်သူကို စိတ်ဝင်တစားနဲ့“အဲဒီတော့ ”လို့ စကား ထောက်ပေးလိုက်တယ်။
ကောင်လေး ဆက်ပြောလိုက်တာက “အဲဒီ ကောင်မလေးကို မမြင်ရအောင် မျက်စိတွေ
မှိတ်ထားလိုက်တာပေါ့”တဲ့။


မှန်ပေမဲ့ မှားတယ်
ဆရာ။ ။စိတ္တဇနမ်ဆိုတာ ဘာလဲ။
တပည့်။ ။မသိဘူး ဆရာ။
ဆရာ။ ။ထိလို့  ကိုင်လို့ မရတဲ့ အရာရဲ့ အမည်ပေါ့။
တပည့်။ ။သိပြီဆရာ…မီးဖိုပေါ်က ထမင်းအိုးပါ။


I Don’t No
@@ အင်္ဂလိပ်စာ သင်ချိန်မှာ မကြာခဏ ကြားရတဲ့ စကားသုံးလုံးက ဘာလဲ။
@@ I Don’t No လေ။
@@ အင်း…ဟုတ်တယ်။
မလာသေးလို့ ပါ
တစ်နေ့ မှာ ဆရာက “ကျွန်တော်သာ မန်နေဂျာတစ်ယောက်ဖြစ်ခဲ့လျှင်”ဆိုပြီး စာစီစာကုံး
ရေးခိုင်းပါတယ်။ကျောင်းသားတွေ အားလုံးရေးနေပေမဲ့ တစ်ယောက်ကတော့ မရေးဘူး။
ဆရာက ကျောင်းသားနားကိုသွားပြီး “မင်းက ဘာဖြစ်လို့ မရေးတာလဲ”လို့ မေးလိုက်တယ်။
ကျောင်းသားက “ကျွန်တော့ရဲ့ အတွင်းရေးမှုးကိုစောင့်နေတာပါ”တဲ့။။။။။။။။။။
မနေ့ ကတော့
ယောကျာ်း။ ။မင်းကို ငါမေးနေတာ ကြားရဲ့ လား။တစ်ခုခုတော့ ပြန်ပြောဖို့ သင့်တာပေါ့ကွ။
မိန်းမ။ ။မနေ့ ကတော့ ပြန်ပြောတာ မကြိုက်ဘူးဆို။
ကျန်တာက
ဆရာ ။ ။လေးထဲက လေးကိုနှုတ်ရင် ဘယ်လောက်ကျန်မလဲ။
ဘယ်သူမှ ပြန်ဖြေတဲ့အသံမကြားရဘူး။
ဆရာ ။ ။မောင်အေး ထစမ်း..မင်းအိတ်ထောင်ထဲမှာ လေးကျပ်ပါလာတယ်။အိတ်ထောင်အပေါက်ကနေ အဲဒီ
လေးကျပ်ကျသွားရင် မင်းအိတ်ထောင်ထဲမှာ ဘာကျန်မလဲ။
မောင်အေး။ ။အပေါက်ကျန်ပါမယ် ဆရာ။


သတိပေးနေလို့ ပါ
ဆရာမ။ ။မင်းဘာဖြစ်လို့  အမြဲပဲ ကျောင်းနောက်ကျနေရတာလဲ။
ကျောင်းသား။ ။ကျောင်းလမ်းထောင့်ကိုရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကို တွေ့ တွေ့ နေရလို့ ပါ။
ဆရာမ။ ။ဘာများလဲ…ပြောပြစမ်းပါဦး။
ကျောင်းသား။ ။ကျောင်းရှိသည်..ဖြည်းဖြည်း တဲ့။


ခက်တာက
မောင်မြ။ ။ငါ့ရဲ့ ခွေးလေး ပျောက်သွားတယ်ကွာ။
မောင်လှ။ ။ဟုတ်လား…ဒါဆို သတင်းစာထဲမှာ ကြော်ငြာထည့်လိုက်ပါလား။
မောင်မြ။ ။ငါ့ခွေးမှ စာမဖတ်တတ်တာဟ….။


အတု
အဘိုး။ ။အတုအယောင်တွေဟာ အရုပ်ဆိုး အကျည်းတန်စေတယ် ငါ့မြေးရဲ့ ။
မြေး။ ။ဒါဆိုရင် ဘိုးဘိုးရဲ့  သွားအတု တွေကို ဖြုတ်ထားပါလား။
မကြီးပါဘူး
သား။ ။မေမေ…သားကိုသူငယ်ချင်းတွေက ခေါင်းအကြီးကြီးပဲလို့ ပြောကြတယ်။
မေမေ။ ။ငါ့သားခေါင်းက မကြီးပါဘူးသားရယ်…လှပါတယ်။သားရေ…မေမေ့ကို ဆန်သုံးပြည်လောက်သွားဝယ်ပေးပါဦး။
သား။ ။ဟုတ်….ဆန်ထည့်ဖို့  ဘာယူသွားရမလဲမေမေ။လက်ဆွဲခြင်းက မမ ယူသွားတယ်။
မေမေ။ ။သားရဲ့  ဦးထုပ်ထဲ ထည့်ခဲ့လေ။


မတော်တဆ
@@ ကျွန်တော် ဒီကိုလာရင်း ကျွန်တော့ကားနဲ့  နွားနို့ ပုလင်း တက်နင်းခဲ့မိတယ် ဆရာ။
@@ ဒါလေးများ မတော်တဆပဲကွာ။
@@ နွားနို့ ပုလင်းကို အဖွားကြီးက ပွေ့ ထားတာ ဆရာရဲ့ ။


လွယ်မယ်များမှတ်နေလား
အိမ်ခန်းထဲမှာ ပိုက်ဆံလိုက်ရှာနေတဲ့ သူခိုးကို
တရေးနိုးလာတဲ့ အိမ်ရှင်အမျိုးသားကပြောလိုက်တယ်။
“ငါ့လူ…ငါ့မိန်းမ မရှိတုန်း နေ့ ခင်းဖက် မြင်မြင်ထင်ထင် ရှာတာတောင်
မတွေ့ ပါဘူးကွာ”

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်