www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ရည်းစားစကားကောင်း

ရင်ထဲမှာပြည့်ကျပ်နေလို့ ဒိုင်ဂျင်းတစ်ပြားလောက်စားပြီး မင်းကိုချစ်တဲ့
အကြောင်းရင်ဖွင့်ပါရစေ။ မင်းကိုယ့်အပေါ်မှာ အမြင်စောင်းနေရင် American
vision မှာပြကြည့်ပါလား.......ဟင် ......။ ဘာပဲပြောပြော
"အခုပြောမယ့်စကားတစ်ခွန်းကို လေးလေးနက်နက်
နားထောင်ပေးပါနော်။ လေးနက်မှုရှိအောင် ဆန်တစ်အိတ်ထမ်းပြီး
ရေတွင်းထဲကနားထောင်ပေးနိုင်မလား...။
မင်းကိုကိုယ်ချစ်တယ်.......လို့ပြောမယ်ကြံလိုက်တိုင်း
မင်းမျက်နှာကိုမြင်လိုက်လို့ပြောမထွက်တော့ တာလည်း
ကို့ရဲ့ဝဠ်ကြွေးတစ်ခုလို့ပဲမှတ်ယူထားပါတယ်။ တစ်ကယ်တော့အချစ်ဆိုတာ
ရယူခြင်းမှမဟုတ်ပဲမဏိစနာသီချင်းထဲကလိုပါပဲကွာ။
မင်းကိုချစ်ခဲ့တာပေးဆပ်ခြင်းသက်သက်နဲ...
သက်သက်နဲ့ ယုယုနဲ့ မင်းနဲ့ ပဲချစ်ခဲ့တာပါ။ မင်းက ကို့ ရဲ့
အိပ်မက်ထဲအထိရောက်လာတတ်လို့ အိပ်တော့မယ်ဆို
ရင်တောင်ဘုရားစာဖတ်ပြီးမှအိပ်ရဲတာလည်း မင်းမသိပါဘူးကွာ။
အခုဆိုရင်မင်းမျက်နှာလေး ကိုမြင်ယောင်မိတိုင်း
နှလုံးငြိမ်ဆေးတွေသောက်နေရပြီလေ.....အရင်ကဆိုကိုယ့်နှလုံးသားတွေကြမ်းတမ်း
လွန်းလို့ကိုယ့် မှာချစ်ခြင်းမှရှိသေးရဲ့လားလို့ ပြန်မေးနေရတယ်လေ။
မင်းနဲ့တွေ့မှပဲကြမ်းတမ်းတဲ့ကိုယ့် နှလုံးသားကို စည်ပင်က
ပြန်ပြီးခင်းပေးခဲ့တာပါ။
တစ်ခါတစ်လေ ပျော်ရွင်မှုတွေကြုံလာတိုင်း မင်းကိုသတိရ
မိရင်ပျော်ရွင်ခြင်းတွေပျောက်ကွယ်သွားတတ်တာချစ်လွန်းလို့ဖြစ်မှာပါ။
မင်းရယ်သံချိုချိုလေးတွေကြောင့် နားဆေးခန်းသွားရတာလည်းနှစ်ခါရှိပြီနော်။
ကိုယ်မှတ်မိသေးတယ်.....လွတ်လပ်ရေးနေ့ကပေါ့........
ကလေးတွေနဲ့ အပြေးပြိုင်နေတဲ့ မင်းကိုအားပေးရင်း
ကြည့်နေတာမင်းပြေးပုံကလေးက လှံနဲ့လိုက်ထိုးလို့အသက်လုပြီးပြေးနေတဲ့
ဝက်ပေါက်ကလေးလိုပဲ အရမ်းချစ်ဖို့ကောင်းတယ်သိလား?
ဒီနေ့အထိမျက်စိထဲက မထွက်နိုင်အောင်ပါပဲကွာ။
ဒီထက်သာတဲ့အကောင်နဲ့နှိုင်းချင်ပါတယ်..စဉ်းစားလို့
မရတာကိုစိတ်မဆိုးနဲ့နော်။
အပေးအကမ်းရက်ရောတာကတော့ သူတောင်းစားတောင်
်"ခင်ဗျားကိုတစ်သက်လုံးမတောင်းဘူး" ဆိုပြီး
သစွ့ာရေသောက်သွားတာကိုကြည့်ရင် မင်းရဲ့ဖြူစင်တဲ့ စေတနာလေးတွေကို
တန်ဖိုးထားတတ်ခဲ့တာပါ။ အဲဒီလို မင်းအကြောင်းတွေစဉ်းစားမိတိုင်း
တောထွက်သွားတဲ့ ရသေ့တွေကို အားကျမိတာလည်း မင်းကိုလေးစားလို့ပေါ့။
ရင်ခုန်သံတွေပြောင်းပြန်အချိုးကျလို့ ကိုယ့်စိတ်တွေမှုမမှန်တဲ့နေ့ကျရင်
မင်းဆီကိုအဖြေလာတောင်းမယ်နော်။

Fwd- message

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်