www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

သွေဆုံးပြီး နောက်ပိုင်း ကိုယ်အလေးချိန် လျော့ကျနိုင်သည့် နည်းများကို ဖော်ထုတ်



သွေဆုံးပြီး နောက်ပိုင်း ကိုယ်အလေးချိန် လျော့ကျနိုင်သည့် နည်းများကို ဖော်ထုတ်အစာလျှော့စား တာကြောင့် ကိုယ်အလေးချိန် အလွယ်တကူ ကျဆင်း နိုင်ပေမယ့် ရေရှည်မှာ ကျဆင်းသွားတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲတယ်လို့ လေ့လာမှုအရ တွေ့ရှိ ခဲ့ပါတယ်။
မီးယပ်သွေး ဆုံးပြီး အမျိုးသမီးတွေမှာမူ စွမ်းအင်အသုံးပြုမှု သဘာဝအတိုင်း ကျဆင်းတတ်တာကြောင့် ရေရှည်ကိုယ်အလေးချိန် ကျဆင်းနိုင်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။ ကိုယ်အလေးချိန် စတင်ကျဆင်းပြီး နောက်ပိုင်းမှာ မိမိကိုယ်မိမိ တွန်းအားပေးဖို့ နည်းသွားတာ၊ ဇီဝရုပ်ဖြစ်ပျက်နှုန်း နှေးတာ အပါအဝင် ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒ ပြောင်းလဲမှုတွေဖြစ်တာ၊ အစာစားချင်စိတ်နဲ့ သက်ဆိုင်တဲ့ ဟော်မုန်းတွေ မြင့်မားလာတာ စတဲ့ အချက်အလက်တွေကြောင့် ရေရှည် ကိုယ်အလေးချိန် ကျဆင်းနိုင်ဖို့ ခဲယဉ်းသွားတယ်လို့ ဆိုပါတယ်။ သုတေသီတွေ အနေနဲ့ ကိုယ်အလေးချိန်ကို ရေရှည်ထိန်းထားနိုင်သူတွေကို လေ့လာရာမှာ လေးနှစ်တာ ကာလအထိ ကိုယ်အလေးချိန် ထိန်းနိုင်သူတွေဟာ အချိုစာနဲ့ ဆီကြော်စာတွေ စားသုံးမှု လျော့နည်းတာ၊ အချိုရည် သောက်သုံးမှုနည်းတာ၊ ငါးဟင်းအစားများတာနဲ့ စားသောက်ဆိုင်မှာ စားသုံးမှု နည်းတာတို့ကို လိုက်နာကြကြောင်း တွေ့ရှိခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများစားသုံးတာ၊ အသားနဲ့ ဒိန်ခဲကို လျှော့ပြီး စားတာတွေဟာလည်း ရေရှည် ကိုယ်အလေးချိန် ကျဆင်းဖို့ အရေးကြီးတဲ့ အချက်တွေပါလို့ သုတေသီတွေက ဖော်ထုတ်လိုက်ပါတယ်။

BY GOOD HEALTH

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်