www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ဆေးလိပ်နှင့် ပါကင်ဆန်ရောဂါ


ဆေးလိပ်နှင့် ပါကင်ဆန်ရောဂါအစ္စရေး သုတေသီ များရဲ့တွေ့ရှိချက် အရ ပါကင်ဆန် ရောဂါ လို့ခေါ်တဲ့ အသက်ကြီး သူများ တွင် ခေါင်း တုန် ခြင်း၊ ခြေတုန် လက် တုန်ဖြစ်ခြင်း ဝေဒနာများ ခံစား ရသော သူများ၌ ဆေးလိပ်သောက်ခြင်းကြောင့် ရောဂါ ဖြစ်ပွား မှုနှေးကွေး စေကြောင်း သိရပါ တယ်။
ဆေးလိပ်သောက် သူများတွင် ပါကင်ဆန်ရောဂါဖြစ် ပွားနိုင်ခြေမှာ ဆေးလိပ် မသောက်သော သူနှင့် နှိုင်း ယှဉ်လျှင် ၆၀ ရာခိုင်နှုန်းနည်းပါး ကြောင်း သိရပါတယ်။ ဒီတွေ့ရှိချက် အရ ဆေးလိပ်ထဲ မှာပါဝင်တဲ့ နီကို တင်းဓာတ်စွဲနေခြင်းဟာ ပါကင်ဆန် ရောဂါဖြစ်ပွားမှုမရှိအောင် တားဆီး နိုင်ပုံရတယ်လို့ဆိုပါတယ်။ နီကိုတင်း က ပါကင်ဆန်ရောဂါ ဖြစ်ပွားခြင်းနှင့် ဆက်စပ်နေသည့် ဒိုပါမင်းဟုခေါ်သည့် ဓာတုပစ္စည်းကို ဖျက်ဆီးပစ်ကြောင်း သိရပါတယ်။
ဒါပေမယ့် ဆေးလိပ်သောက်ခြင်း ကြောင့် ရရှိနိုင်သော ကျန်းမာရေး ပြဿနာများနှင့် နှိုင်းယှဉ်လျှင် ထိုက် ကြောင်း၊ ပါကင်ဆန်ရောဂါကာကွယ် ကုသရန်အတွက် အခြားသော ကုထုံး သစ်များကို ရှာဖွေသင့်ကြောင်းလည်း သုတေသီများက မှတ်ချက်ချခဲ့ကြပါ တယ်။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်