www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

သွေးဆုံးချိန် အတွက် အကောင်းဆုံး ဗီတာမင်နှင့် သတ္တုဓာတ်များ

သွေးဆုံး ချိန်မှာ ခံစား ရတတ်တဲ့ ချွေးထွက် လွန်ပြီး ပူနွေး တာ၊ အရိုး ပါးတာ နဲ့ နှလုံး တုန်တာ စတဲ့ဝေဒနာတွေ သက် သာစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အထောက်အပံ့ပေးပါလိမ့်မယ်။ သွေးဆုံး ချိန်မှာ အီစထရိုဂျင်ဟော်မုန်းအဆင့်က လည်း လျော့ကျသွားတာကြောင့် အရိုး ကျန်းမာရေးထိခိုက်မှုကနေ နှလုံးရဲ့ လုပ် ငန်းဆောင်တာကို အားနည်းစေတဲ့ အထိ ဖြစ်တတ်ပါတယ်။ အရင်က ကယ်လ်စီ ယမ်လို အရိုးသန်မာစေတဲ့ သတ္တုဓာတ်ဖြည့် စွက်ဆေးတွေကို မှီဝဲခဲ့တဲ့ အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးချိန်မှာ အောက်ပါ ဗီ တာမင်တွေကို ထပ်လောင်း မှီဝဲသင့်ပါ တယ်။
(၁) ဗီတာမင် အေ
မျက်စိနဲ့ အသားအရေရဲ့ ပုံမှန် လုပ် ငန်းဆောင်တာတွေကို ကောင်းမွန်စေရုံ သာမက (သွေးဆုံးချိန်မှာ အီစထရိုဂျင် ဟော်မုန်းလျော့နည်းမှုကြောင့်) ဆီးလမ်း ကြောင်းပိုးဝင်မှုနဲ့ မိန်းမကိုယ်လမ်း ကြောင်း ပိုးဝင်မှုတို့ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၂) ဗီတာမင် စီ
ဗီတာမင်စီက ကူးစက်ပိုးဝင်မှုကို တွန်းလှန်ပေးနိုင်သလို အင်တီအောက် ဆီးဒင့်အဖြစ် ဆောင်ရွက်ပေးတာကြောင့် သွေးဆုံးချိန် ပူနွေးတဲ့ ဝေဒနာကို လျော့ ကျစေရုံသာမက အရေပြားတင်းရင်းစေ တဲ့ ကော်လာဂျင်ထုတ်လုပ်မှုကိုလည်း အားကောင်းစေပါတယ်။
(၃) မဂ္ဂနီဆီယမ်
အမျိုးသမီးတွေက သွေးဆုံးချိန် ရောက်လာချိန်မှာ ပင်ပန်းနွမ်းနယ်ပြီး ညောင်းညာမှုကို ခံစားရတတ်ပါတယ်။ ဒီအချိန်မှာ မဂ္ဂနီဆီယမ်ကို မှီဝဲရင် စွမ်း အင်အဆင့်ကို တိုးစေနိုင်ရုံသာမက အရိုး တွေကိုလည်း ကျန်းမာစေပါတယ်။ ဒါ့အ ပြင် ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုလည်း တွန်းလှန်ပေးနိုင်ပါတယ်။ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မှီ ဝဲတဲ့အပြင် လေ့ကျင့်ခန်းလုပ်တာနဲ့ အစား အသောက်ကို အာဟာရပြည့်ပြည့်ဝ၀ စားသောက်တာတွေကိုလည်း လုပ်ဆောင် ပေးရပါမယ်။ မှန်ကန်သင့်တော်တဲ့ အာ ဟာရဓာတ်ကို အလုံအလောက်စားတာ ကြောင့် ကျန်းမာရေးအန္တရာယ်တွေကို လျော့ကျစေရုံသာမက စိတ်ချမ်းသာမှုကို လည်း ရရှိစေပါတယ်။
By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်