“အောင်မလေး ကိုဖိုးလူရဲ့ ကျွန်မကိုထားခဲ့ပြီလား …. ရှင်မရှိပဲ ကျွန်မဘယ်လိုနေရမှာလဲ … ”
လူဆိုတာ
မွေးဖွားပြီး တစ်နေ့ သေဆုံးကို ရင်ဆိုင်ရမှာပဲပေါ့ …. ကိုဖိုးလူတစ်ယောက်
လောကကြီးထဲကနေ အပြီးအပိုင်း ထွက်ခွာသွားခဲ့ပါပြီ ….
မမြမေ မှာလဲ ရင်ကွဲပက်လက် .. သောက အပူမီး တွေ စုစည်းကာ အနားကနေ ၀မ်းနည်း ကြေကွဲစွာအော်ဟစ်ငိုကြွေးရှာလေတယ် ….
တကယ်တန်း သေကွဲကွဲကြပြီဆိုတော့ … ဒေါသကြီးတတ်တဲ့ ဘကြီး ထွန်းလူ ( ကိုဖိုးလူ ရဲ့ အဖေ) ခမျာလဲ ကြေကွဲခံစားနေရတာပါပဲ …
လူကြီးဆိုတော့လဲ တရားနဲ့ဖြေကာ … စိတ်ကိုထိမ်းချုပ်ရင် …. ရင်ကွဲပက်လက်ငိုကြွေးနေတဲ့ မမြမေ ကို နှစ်သိမ့်ရှာပါတယ် ….
နေမွန်းတိန်းလို့
အာသုဘ ချရမည်အချိန်မှာတော့ … မမြမေ ခမျာ အပူမီးတွေ အထိဋ်အထိပ်ထိ
လောင်ကြွမ်းခံစားရင် ချစ်ရပါသော ကိုဖိုးလူ မျက်နာလေးကို ကြည့်လိုက်
ငိုလိုက် … တစ်ချက်တစ်ချက် ငိုအားကြီးလို့ တက်တက်သွားရှာတယ် …
ဒီလိုနဲ့
… ကိုဖိုးလူ ရုပ်ကလပ် ကို ဖြေချရတော့တယ် … မမြမေ မလဲ လူကာလိမ့်ကာ
ငိုကြွေးရင် ကိုဖိုးလူ ရုပ်ကလပ်ကို ဖက်ဖက်ငိုနေတာကြောင့် မြေချဖို့အတွက်
အခက်တွေနေကြရလေတယ် ….
“အောင်မလေး ကိုဖိုးလူ ရဲ့ ရှင်မရှိရင် ကျွန်မ ဘယ်သူနဲ့နေရပါ့မလဲ … ကျွန်မကိုပါ တစ်ခါတည်းခေါ်သွားပါတော့လား … ”
မမြမေ ခမျာ ကိုဖိုးလူ ရုပ်ကလပ်ကို အတင်းဘက်တွယ်တားပြီးငိုနေရှာတယ် ….
အချိန်ကလဲ အတော်လေးလင့်လာတော့ ဘကြီး ထွန်းလူ ဒေါသအိုးပေါက်ကွဲလာပါတယ် ….
“ဟာ … ဒီလောက်မှဖြစ်နေရင် .. ဟေးကောင်တွေ .. သူ့ပါကန်ချလိုက်ကွာ … ပြီးရင်တစ်ခါတည်း မြုတ်လိုက် …”
ဆိုပြီး မမြလေးရှိရာ ဒေါနဲမောနဲ့ထလာတော့မှ ပဲ .. မမြလေး ကမျာ လျှစ်က်နဲ့ ကိုဖိုးလူ ရုပ်အလောင်းနားကနေ ပျောက်ကွယ်သွားတော့တယ် …
ဘေးမှာရှိနေတဲ့ လူတွေခမျာလဲ မမြလေး အဖြစ်ကို ကြည့်ရင် ငိုရတော့မလို ရယ်ရတော့မလို ဖြစ်ခဲ့ကြရတယ် ……
0 comments:
Post a Comment