www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဂျိုကာ


အချို့ကလည်း ဒီကောင်ငကြောင်တဲ့
ဟုတ်မှာပါ....
အားလုံးထက်ပိုနေတဲ့ အခါ
လူတွေပြောလေ့ရှိတာပေါ့......

အချို့ကလည်း ပြောကြတယ်
ဒီကောင် အရူးပါတဲ့
ဟုတ်မှာပါ...
အားလုံးထက် ပိုခံစားမိတဲ့အခါ
ရူးသွားလေ့ရှိတာပေါ့.....

အချို့ကလည်း ပြောကြတယ်
ဒီကောင် ဟာသပဲတဲ့
ဟုတ်မှာပါ...
အားလုံးကို ပျော်ရွင်စေချင်တဲ့အခါ
ပေါတောတောတွေ လုပ်ပြရတာပေါ့....

တကယ်တမ်းတော့
ကိုးယို့ကားယား အ၀တ်အစားတွေနဲ့
မျက်နှာပေါ် ရောက်စုံချယ်သထားတဲ့
ဒီလူတယောက်ရဲ့ နှလုံးသားထဲမှာ
တည်ငြိမ် ညင်သာပြီး..
တိတ်ဆိတ်နေတဲ့
တစုံတရာ ကြေကွဲမှုတွေ
ရှိနေလိမ့်မယ်ဆိုတာကိုရော
လူတွေ သတိထားမိမှာလား

လူတွေ တ၀ါးဝါး ပွဲကျသွားစေတဲ့
ဟာသတွေလုပ်ပြနေတဲ့
ဒီလူတယောက် ပျော်ရွှင်နေမှာပဲရယ်လို့
မြင်စေချင်တာကိုက ဒီကောင့်ရဲ့
ပေးဆပ်မှုပါ...

အဲလိုပေးဆပ်ရင်းနဲ့ပဲ
ငါ့ နှလုံးသားလဲ
ကိုးယို့ ကားယား ပြုတ်ကျသွားတယ်
ဘာရယ်ကြောင့်တော့မသိ
ပြန်မကောက်လိုက်မိဘူး

ခုဆိုရင်ငါ
ရင်ဗလာနဲ့.....


အချို့ကလည်းပြောကြတယ်
ဒီကောင်......တဲ့
ဟုတ်မှာပေါ့လေ.....ငါနင်းခြေ ခံလိုက်ရပြီပဲ....။  ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်