www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဝမ်းနည်းခြင်း အထိမ်းအမှတ်


"မီး" လောင်ပြီးစ
တစပြင် တစ်ခုလို
ပြာကျ ကျန်ရစ်ခဲ့မယ်...လို့၊ ထင်သလား။

"အချစ်" ကို
မီးရှူးတိုင်လို ကိုင်မြှောက်ပြီး
..., လမ်းလျှောက်ခဲ့သူပါ။
မီးစာကုန် ဆီခမ်း
အချစ်က ညာနမ်းသွား... လို့
နည်းနည်းတော့ လွမ်းတတ်ပါတယ်။

ငါ.. ကံကောင်းတာက
"မီး" သေသွားပေမယ့်၊
နေမင်း... လမင်း
ကြယ်, ပန်းခင်းတွေက
ငါ့ မနက်ခင်းကို လင်းစေတယ်။

ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်
အချစ်ကို...
သံသယတွေနဲ့ ပစ်ပေါက်မိတယ်။ ။

မောင်လှမျိုး (ချင်းချောင်းခြံ)
မီးပြဇာတ် ကဗျာစာအုပ်မှ

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်