www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

သတိပြု ရမည့် မာဂျရင်း

ဒတ်ခ်ျလေ့လာမှု တစ်ခုအရ မာဂျရင်းကို သတိပြု စားသုံး သင့်ကြောင်း သိရ ပါတယ်။ အချို့သော မာဂျရင်း များဟာ တိရစ္ဆာန် မှရသော အဆီများ ကဲ့သို့ပင် သွေးကြောများကို ဒုက္ခပေးကြောင်း သိရပါတယ်။ မာဂျရင်းဟာ ဟင်းသီး ဟင်းရွက်မှရရှိသော အဆီဖြစ် သော်လည်း မာဂျရင်းရဲ့ အစိတ်အပိုင်း တစ်ခုဟာ ပြည့်ဝအဆီရဲ့ အက်စစ် တစ်မျိုးဖြစ်နေတာကို တွေ့ရပြီး၊ ၄င်းအဆီဟာ သွေး ကြောတွေထဲမှာ ချိုးကပ်ခြင်းဖြစ်စေတာ မဟုတ် ပေမယ့် ကောင်းတဲ့ ကိုလက်စထရောလ်လို့ သတ်မှတ် ထားတဲ့ HDL ကို လျော့ကျအောင် ပြုလုပ်ခြင်းဖြင့် နှလုံးသွေး ကြောရောဂါများကို ဖြစ်ပွားစေတာ ဖြစ်ပါတယ်။ မာဂျရင်းတိုင်းမှာ အဲဒီ အဆီအမျိုးအစားပါ၊ မပါဆိုတာ မသေ ချာတာကြောင့် မာဂျရင်းကို သတိနဲ့ စားသုံးမယ်ဆိုရင် မမှားပါဘူး။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်