www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အကြောသေ ​ရောဂါသည် ကူးစက်တတ်

အကြောသေ ရောဂါသည်  ကလေး သူငယ်များတွင် အများဆုံး ဖြစ်တတ်ပြီး ကူးစက် တတ်သော ရောဂါ ဖြစ်သည်ဟု အကြော ဆရာဝန် တတ်ပြီး ကူးစက် တတ်သော ရောဂါ ဖြစ်သည်ဟု အကြောဆရာဝန် ဦးသန်းလှိုင်က ပြောရမယ် ဆိုရင် ဒီရောဂါက ကူးစက်တတ်တဲ့ ရောဂါအမျိုးအစား ထဲမှာပါတယ်။
ဒီတော့ အကြောသေ ရောဂါဝေဒနာရှင်မှန်း သိရင် သီးခြားထားပြီး ကုသခြင်းအားဖြင့် ကူးစက်တဲ့ရန်ကို ကာကွယ်ရမယ်။ ငယ်ရွယ်တဲ့ ကလေးသူငယ်တွေ ကိုယ်ပူဖျားနာရင် တရားလွန် ပြေး လွှား ကစားတာကို တားမြစ်ဖို့ လိုတယ်။ ပြေးလွှားရင် အကြောနာ မယ်၊ အသားနာမယ်၊ သာမန် ဖျား နာတာဆိုရင်တော့ ဘာမှ အရေး မကြီးဘူးဆိုပေမယ့်အကြောသေ ရော ဂါဆိုရင်တော့ ပိုပြီး အခြေအနေ ဆိုးရွားလာကာ ခြေလက်လှုပ်ရှား မရဘဲ ခြေသေ၊ လက်သေဘဝကို ရောက်သွားနိုင်တယ် ဟု ၄င်းက ဆက်လက်ပြောကြားသည်။
အကြောသေရောဂါ ဖြစ်စတွင် သာမန် ဖျားနာခြင်း၊ နာခြင်းများနှင့် ခွဲခြား ၍ မရအောင် တူညီလှသည်ဟု ၄င်းက ဆိုသည်။ အကြောသေ ရောဂါဆိုတာ ဗိုင်းရပ်စ်လို့ ခေါ်တဲ့ အလွန်သေးငယ် တဲ့ ပိုးမွှားတွေက ကလေးသူငယ် ရဲ့ ကိုယ်ထဲကို ရောက်လာလို့ ဒီ ရောဂါဖြစ်ရတာ။ ဒီပိုးမွှားက အစား အသောက်၊ ရေနဲ့အတူ ပါးစပ်က တစ်ဆင့် အစာအိမ်လမ်းကြောင်း ထဲဝင်ရောက်ပြီး အူသိမ်အူမ မျက် နှာပြင်ပေါ်ရှိတဲ့ ကလာပ်စည်းထဲကို ပိုးမွှားတွေ များပြားစွာ ပေါက်ပွား လာတာပဲ။
ဒီပိုးမွှား တွေက သွေးကြောက တစ်ဆင့် တစ်ကိုယ်လုံး ပျံ့နှံ့ခြင်းကနေ ကျောပူခေါင်းပူ ဖျားနာမယ် ခေါင်းကိုက်တာ၊ ပျို့ အန်တာ၊ ဝမ်းသွား တာတွေကို ဖြစ် ပွားစေတတ်တယ် ဟု အထက်ပါ ဆရာဝန်က အကြောသေရောဂါ လက္ခဏာအစကို ပြောပြသည်။ ယင်းအကြောသေရောဂါ ဖြစ် သည်ဆိုသည်မှာ ထိုကလေးသည် ကြက်ညှာချောင်းဆိုး ကာကွယ် ဆေး မထိုးမီကပင် လက္ခဏာ ထင် ထင်ရှားရှား မပြသေးသော အကြောသေရောဂါ ဖြစ်နေ၍သာ ဖြစ်ပြီး၊ ကြက်ညှာချောင်းဆိုး ရော ဂါ ကာကွယ်ဆေးထိုးပေးလိုက်ခြင်း ကြောင့် ယခင်ဖြစ်နေပြီးသား အကြောသေရောဂါ ပိုဆိုးလာခြင်း သာ ဖြစ်ကြောင်း သိရသည်။
အကြောသေရောဂါ ဖြစ်ကာစ ကလေးတွေကို အလှုပ်အရှား နည်း နိုင်သမျှ နည်းပြီး ငြိမ်ငြိမ် အိပ်နေ စေရမယ်။ နာတဲ့အသား၊ ခြေလက် တွေကို မကြာခဏ ရေနွေးအိတ် တင်ပေးရမယ်။ ပရုတ်ဆီ၊ တေဇော ဘမ်း၊ မုန်ညင်းဆီစတဲ့ အပူဓာတ် ပေးတဲ့ ဆေးတွေ လိမ်းပေးရင် ရ တယ်။ ပြောချင်တာတစ်ခုက ထိုး ဆေးကို ဒီအချိန်မှာ မထိုးပါနဲ့။
ထိုး ဆေးထက် စားဆေးနဲ့ ကုတဲ့နည်း ကို ကျင့်သုံးပေးရမယ်။ ခြေလက် လေ့ကျင့်ခန်းလေးတွေ လုပ်ပေးရ မယ်။ ဒါကလည်း တတ်ကျွမ်းတဲ့ ဆေးအတတ်ပညာရှင်တွေနဲ့ တိုင် ပင်ပြီး လုပ်ပေးနိုင်ရင် ပိုထိရောက် နိုင်တာပေါ့ ဟု အထက်ပါဆရာ ဝန်က ထပ်မံပြောကြားသည်။ ဆေးထိုးခြင်းကြောင့် အကြောသေရောဂါ ဖြစ်လာသည် မဟုတ်ဘဲ အကြောသေ ရောဂါ အနည်းငယ် ခံစားစပြု နေသော ဝေဒနာရှင်ကို ဆေး ထိုးလိုက်သည့် အပ်ဒဏ်ရာ ကြောင့်သာ အကြော၊ အသားများ နာကျင်သွားကာ ဖြစ်ပေါ် စ အကြောသေ ရောဂါကို ပိုမို ဆိုးရွားစေခြင်း ဖြစ်ကြောင်း အကြောဆရာဝန် ဦးသန်းလှိုင် က ပြောကြားသည်။
အဆိုပါရောဂါ ဖြစ်နေကြောင်း ကို တိကျမှန်ကန်စွာ ပြောနိုင်သည့် အခြေအနေမှာ ခြေလက်လှုပ်ရှား၍ မရမှသာ တိကျစွာပြောနိုင်ခြင်းဖြစ် သည့်အတွက် ကလေးငယ်များကို အတတ်နိုင်ဆုံး ရောဂါ မဖြစ်အောင် ဂရုစိုက်သင့်ကြောင်း အကြောဆရာ ဝန် ဦးသန်းလှိုင်က ပြောကြားသည်။ ချုံ့ပြောရရင်တော့ ဒီရောဂါ က ကူးစက်တတ်တဲ့ ရောဂါဖြစ်တဲ့ အတွက် မိမိရဲ့ကလေးကိုလည်း မဖြစ်အောင် ဂရုစိုက်ရမယ်။ လူထူ ထပ်တဲ့ နေရာမှာ ရောဂါပိုးတွေ ပျံ့ နေနိုင်တဲ့အတွက် လူများတဲ့နေရာ တွေကို တတ်နိုင်ရင် ခေါ်မသွားပါနဲ့။
နောက် ဆေးထိုးလိုက်လို့ အကြော သေသွားတာ မဟုတ်ပါဘူး။ ဒီရောဂါ က ကြိုပြီးလက္ခဏာ မပြတော့ ရောဂါဖြစ်နေတာကို မသိဘဲ အခြား လိုအပ်ချက် ကြောင့် ဆေးထိုးလိုက် တာကနေ အပ်ဒဏ်ရာကြောင့်သာ ဖြစ်ပေါ်ချင်နေတဲ့ အကြောသေ ရောဂါကို ပိုဆိုးသွားစေတာပဲ။ ဒီ တော့ အကြောသေ ရောဂါ ဖြစ်ချင် နေတဲ့ ဒဏ်ကြောင့်သာ ဖြစ်ရတာ ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြား သည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်