www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အွန်လိုင်းကဗျာ





ရုပ်ကမလှ ရည်းစားမရတော့
အွန်လိုင်းမှာ ဖွန်တပိုင်းဖြစ်
မနှစ်ကတည်းက ကြိုးစား
တည်းထားတာလေးတွေ လွဲကာသွားတော့
နောက်...
ဘယ်တစ်ယောက်များကြိုက်လေမလားနဲ့
logoပုံမှာ ဓါတ်ပုံရိုက်ကာတင်
ကွန်ပြူတာနဲ့ အလှဆုံးပြင်
ခန့်ညားစွာပင် ချက်တင်ဝင်ပေါ့
``အပျိုလှလှ အိုနှမငယ်
အကိုကလေ တစ်လကိုဒေါ်လာငါးရာစားကွယ်´´
ဟုတ်ဟုတ်မဟုတ်ဟုတ်
လိုက်ကာရွီး
ကြိုက်လာပြီးနေမလားရယ်လို့
တစ်နာရီကိုလေးရာပေးကာထိုင်
စိတ်ကမအေးနိုင်
ချွေးပြန်အောင်ထိုင်
တက်လာတဲ့ အပျိုမမ အအိုကွကွတွေကို
လက်ကသွက် ကြိုးစားချက်မြဲပေါ့လေ ...............
(ဘယ်သူ့ကိုမှ မရည်ရွယ်ပါ ... တိုက်ဆိုင်တာများရှိခဲ့ရင် ..၀န္တာမိပါဗျာ.....)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်