www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အစာလျော့စားခြင်းဖြင့် မှတ်ဥာဏ်ပိုမိုကောင်းမွန်စေနိုင်ကြောင်း သုတေသနတစ်ခုတွင် ဖော်ပြ



အစာလျော့စားခြင်းဖြင့် ဦး နှောက်စွမ်းရည်ပိုမိုကောင်းမွန်စေပြီးမှတ်ဉာဏ်ပိုမိုကောင်းမွန်စေနိုင်ကြောင်းသုတေသနပြုလုပ်ပြီးနောက် သုတေသနပညာရှင်များကပြောကြားခဲ့သည်။အချိုပွဲများကို ရှောင်ခြင်း၊ ညစာစား ပြီး ကော်ဖီမသောက်ဘဲနေခြင်းတို့မှာ ကိုယ်အလေးချိန်ထိန်းရန်အတွက် သာမကဦးနှောက်အတွက်ပါကောင်း မွန်စေကြောင်း အီတလီသုတေသန ပညာရှင်များက ဆိုသည်။
'ကယ်လိုရီ ကန့်သတ်ခြင်း' ဟုအမည်ပေးထားသော ယင်းလေ့လာမှုတွင် ငတ်သည်အထိနီးပါး အစာလျော့စားပါက ကျန်းမာရေးပိုမို ကောင်းမွန်စေပြီး အသက်လည်း ပိုရှည်စေကြောင်း တွေ့ရှိခဲ့သည်။
ယခုကဲ့သို့ ကယ်လိုရီအများ အပြားလျော့ချခြင်းနည်းလမ်းဖြင့် ကျန်းမာရေးအခြေအနေ ပိုမိုတိုး တက်ကောင်းမွန်စေနိုင်ကြောင်းကို အဖြေရှာရာတွင် သိပ္ပံပညာရှင်များ မှာ အခက်အခဲများရှိခဲ့သည်။ လေ့လာမှုတွင်ပါဝင်သော သု တေသနပညာရှင် Giovambattista Pani က CREB1 ဟုခေါ်သော ပရို တိန်းတစ်မျိုးကို အဓိကထားလေ့ လာသွားရန် ဆုံးဖြတ်ခဲ့သည်။ ယင်း CREB1 မှာ မှတ်ဉာဏ်နှင့် လေ့လာနိုင်မှုစွမ်းရည်တိုးတက်စေရန် အရေးကြီးသည်။ ကယ်လိုရီလျော့ချခြင်းဖြင့် ဦးနှောက်ထဲတွင် CREB1 ပရိုတိန်းပမာဏမြင့်တက်စေကြောင်းကိုကြွက်များတွင် စမ်းသပ်မှုရလဒ်အား ရည်ညွှန်း၍င်းကပြောကြားခဲ့သည်။ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်း မှာ ကမ္ဘာပေါ်တွင် သက်ရာကျော် အများဆုံးရှိသော ကျွန်းတစ်ကျွန်း ဖြစ်ပြီး ယင်းကျွန်း၌နေထိုင်သူများ မှာ အခြားသူများထက် ကယ်လိုရီ ပမာဏလျော့နည်းစွာ စားသုံးကြောင်း ယင်းသုတေသနက ဖော်ပြခဲ့သည်။  ယင်းကျွန်းတွင်နေထိုင်သူ များမှာ ၈၀ ရာခိုင်နှုန်းအထိသာဝမ်းဝ အောင်စားသုံးကြောင်း၊အသီးအနှံနှင့် ဟင်းသီးဟင်းရွက်အများအပြားစား သုံးကြောင်းသိရသည်။
ယင်းကျွန်းမှ ထွက်ခွာပြီးဘ၀နေမှု၊စားသောက်မှု ပုံစံပြောင်းလဲလိုက်ပါကအသက်ငယ် ရွယ်စဉ်သေဆုံးမှုရှိ ကြောင်းလည်း သိရသည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်