www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ကျန်းမာသော အိုမင်းခြင်း ဆီသို့

အိုခြင်းနှင့် နာခြင်း သည် တွဲဖက် နေ သည့် အရာ ဟု ကျွန်ုပ် တို့ ထင်မှတ် ယူ ဆ ထား ကြ သည်။ သို့သော် အသက် ကြီး လာသည် နှင့်အမျှ အနာရောဂါထူပြော ၍ လာမည်လော။ ရွှေအိုရောင်နေ့ရက် များကို ကျန်းမာသန်စွမ်းစွာ၊ပျော်ရွှင် စွာဖြတ်သန်းနိုင်ရန် ပညာရှင်များဖော် ပြထားသောနည်းလမ်း ၇ သွယ်ကို ရေး သားလိုက်ရပါသည်။
၁။ ဘယ်တော့မှ နောက်မကျ ပါ။
ကျန်းမာသောဘဝကိုပိုင်ဆိုင်ရန် ကြိုးစားရာတွင်မည်သည့်အခါမျှ နောက် ကျသည်မရှိပါ။ အသက် ၆၀ ၊ ၇၀ ရှိ သည့်တိုင်ကျန်းမာရေးလိုက်စားရန် နောက်မကျသေးပါ။ ထို့ကြောင့် မိမိ မည်သည့်အသက်အရွယ်တွင်ရှိပါစေ။ ]နောက်မကျသေး}ဟူသော ခံယူချက် ကိုစွဲမြဲနေပါစေ။
၂။ အားကစားလုပ်ပါ
အသက် ၇၀ အရွယ်မှ လေ့ကျင့် ခန်း စတင်ပြုလုပ်၍ ကောင်းကျိုးခံစား နေရသော လူအတော်များများတွေ့ဖူး ပါ သည်။ များများစားစားမဟုတ်ပါ။ တစ်နေ့လျှင် နာရီဝက်ခန့် လမ်းအမြန် လျှောက်ရုံဖြင့် ကိုယ်အလေးချိန်ကျကာ သွေးတိုးရောဂါကိုပါ ကာကွယ်နိုင်သည်။ြွကက်သားများကိုလည်းသန်မာစေသည်။ အာရုံကြောအားနည်းမှုကိုလည်းသက်သာ စေသည်။
၃။ ယောဂကျင့်ပါ။
ယောဂကျင့်ခြင်းသည် ကိုယ်လက် လှုပ်ရှားမှုပြုရုံသာမက စိတ်တည်ငြိမ် မှုကိုပါ ရစေသည်။ နေ့စဉ်ပြုလုပ်ခြင်း ဖြင့် နာတာရှည်ြွကက်သားနာခြင်း၊ အဆစ်အမြစ်နာခြင်းတို့ကိုပါ ပျောက် ကင်းစေသည်ဟုဆိုသည်။
၎။ ကိုယ်အလေးချိန်ထိန်းပါ
လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းနှင့် အဟာရမျှတစွာစားသုံးခြင်းသည် ကျန်း မာသော ကိုယ်အလေးချိန်ရရှိရန် ကူညီ ပေးသည်။ ကိုယ်အလေးချိန်ကို ထိန်း သိမ်းခြင်းဖြင့် ဆီးချိုကို ထိန်းသိမ်းနိုင် မည်။ နေ့စဉ်လေ့ကျင့်ခန်းယူပါ။ နေ့စဉ် အသီးအနှံ၊ ဟင်းသီးဟင်းရွက်စားပါ။
၅။ ပုံမှန်စစ်ဆေးမှုပြုပါ
အသက်ကြီးလာလျှင် ကိုယ်တွင်း ဆဲလ်များ ပြောင်းလဲဖောက်ပြန်တတ် သောကြောင့်ပုံမှန်ဆေးစစ်မှုပြုပါ။ သို့မှ သာ ရောဂါဖြစ်နေလျှင် စောစီးစွာ သိရှိ ၍ အချိန်မီကုသနိုင်မည်ဖြစ်သည်။
၆။ အကောင်းမြင်စိတ်မွေးပါ။
အကောင်းမြင်စိတ်ထားရှိခြင်းနှင့်စိတ် တည်ငြိမ်အောင်နေထိုင်ခြင်းသည်ကျန်း မာပျော်ရွှင်သောဘဝ၏ သော့ချက်ပင် ဖြစ်သည်။ ဘာသာတရားလေ့လာလိုက် စားသူ၊ တရားထိုင်သူ၊ ဘုရားကျောင်း ကန်မှန်မှန်သွားသူများတွင် ပုံမှန်သက် တမ်းထက် ၂ နှစ်မှ ၃ နှစ်ခွဲခန့် ပိုအသက်ရှည်ကြကြောင်းတွေ့ရှိရသည်။
၇။ အထီးကျန်မနေပါနှင့်။
မိသားစု အသိုက်အဝန်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင်နေပါ။ သူငယ်ချင်း မိတ်ဆွေများနှင့် မကြာခဏတွေ့ဆုံပါ။ အိမ်မွေးတိရစ္ဆာန်လေးများကို မွေးမြူ ယုယပါ။ ပျော်ရွှင်ဖွယ်ဘဝကို ရရှိပါလိမ့် မည်။
စန္ဒီ(ဆေး-၂)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်