www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဆံပင်ဆေးဆိုးခြင်း ဓာတ်မတည့်မှု ဖြစ်တတ်၍ သတိပြုရန်လို

ဆံပင်ဆေးဆိုးသည့် ယဉ်ကျေးမှုထွန်းကား လာသည်နှင်အမျှ ဆံပင်ဆေးဆိုးပြီး ဓာတ်မတည့်သည့် တုံ့ပြန်မှုများဖြစ်ပေါ်လာနိုင်သည်ဟု အရေပြားအထူးကု ဆရာဝန်ဒေါက်တာ ဦးကျော်ဝင်းက ပြောသည်။”ဆံပင်ဆိုးဆေးမှာပါဝင်တဲ့ ပါရာဖီနိုင်းနီဒိုင်ယာမိုင်း (P.P.D) လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးက ဆိုးဆေးအသုံးပြုသူများကို ဓာတ်မတည့်တဲ့တုံ့ပြန်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်၊ ဆံပင်ဆိုးဆေးတင်မကဘူး၊ တချို့ယာယီဆေးမင်ကြောင်ထိုးတဲ့ ဆေးမှာလည်း P.P.D ပါဝင်မှုမြင့်မားတဲ့အတွက် ဓာတ်မတည့်မှု ဖြစ်စေ နိုင် ပါတယ်”ဟု ၄င်းက ထပ်မံပြောကြားသည်။ယင်းဆံပင်ဆိုးဆေးတွင် ပါဝင်သော P.P.D သည် အရေပြားအတွက် အန္တာယ်ရယ်ဖြစ်စေနိုင်သည် ဖြစ်သော်လည်း ၄င်းနေရာ၌အစား ထိုးရမည့်ဓာတုပစ္စည်း များလည်း ကျယ်ပြန့်စွာမရှိနိုင်သေးကြောင်း ၄င်းကပြောသည်။ ဆံပင်ဆေးဆိုးရာမှ ဓာတ်မတည့်မှုကြောင့်ဖြစ်ပွားသည့် ရောဂါအချို့မှာ အပျော့စားဖြစ်ပြီး၊ အချို့မှာ ပြင်းထန်မှုရှိကြောင်း အဆိုပါဆရာဝန်က ပြောသည်။အပျော့စားရောဂါ လက္ခဏာမှာ ဆေးဆိုးပြီး ဦးရေစပ်ဖျဉ်းဖျဉ်းဖြစ်ရခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်းတို့ခံစားရပြီး၊ ပြင်းထန်သောလက္ခဏာမှာ နဖူး၊ နားရွက်၊ လည်ပင်းနှင့် မျက်ခွံတို့နီရဲ၍ ရောင်ရမ်းခြင်းကို ခံစားရကြောင်း၊ ထိုကဲ့သို့ ပြင်းထန်သောလက္ခဏာ ခံစားရပါက နီးစပ်ရာလိမ်းဆေးများကို မလိမ်းဘဲ ဝေဒနာသည် ကို ဆေးရုံတင် ကုသဖို့လိုအပ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။ဆံပင်ဆိုးဆေးတွင် ပါဝင်သော P.P.Dကြောင့် ဓာတ်မတည့်သည့် တုံ့ပြန်မှုဖြစ်ပွားခြင်းသည် အရေးပါသော ပြဿနာတစ်ရပ်အဖြစ် ဂရုပြုဆောင်ရွက်ရန် လိုအပ် ကြောင်းနှင့် ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်နိုင်ငံတို့၌ ဆံပင်ဆေးဆိုးခြင်းကို ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။ဆံပင်ဆေးဆိုးသူများအနေဖြင့် ဆံပင်ကို ဆေးမဆိုးမီ ခန္ဓာကိုယ်ရှိ အရေပြားတစ်နေရာ၌ ယင်းဆေးကို အနည်းငယ်ထိတို့ စမ်းသပ်ကြည့်ရန်လိုကြောင်း၊ အများစု မှာ အကြံပြုချက်ကို မလိုက်နာသဖြင့် ယခုကဲ့သို့ ဝေဒနာများပြင်းပြင်းထန်ထန် ခံစားရနိုင်ကြောင်း၊ လှချင်၍ ဆံပင်ဆေးဆိုးရာမှ ဓာတ်မတည့်သဖြင့် အလှပျက် မည်သာမကကျန်းမာရေးပါ ထိခိုက်လာနိုင်သည်ကို သတိမှု၍ ဆင်ခြင်တုံတရားရှေ့ထား ဆောင်ရွက်စေလိုကြောင်း အရေပြားဆရာဝန် ဒေါက်တာဦးကျော်ဝင်းက အကြံပြုပြောကြားသည်။ချစ်ဆုဆွေ
The Forum post is edited by လပ်ကီး ဒီဇင်ဘာ 30 '11

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်