www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

နောက်ဆုံးမှာတော့

သူ့မှာ ကိုယ့်မှာ
လက်ဆယ်ချောင်းပါတယ်...။
ဒီလက်ဆယ်ချောင်း
သူ့အကြောင်းနဲ့သူ...။

တချို့က
လက်ငါးချောင်းသုံးတတ်
ကျောသပ်ရင်သပ်
ခေါင်းကလေးကိုသပ်ကာ
မေတ္တာပွားတဲ့သူက ပွား...
မာယာများတဲ့သူက များ...။

တချို့ကတော့
လက်ညှိုးနဲ့လက်ခလယ်
လွယ်လွယ်လေးထောင်ပြ
ကြည်ကြ... အေးကြ...။

တချို့က တစ်မျိုး
ဆိုးဆိုးကောင်းကောင်း
အကြောင်းသိဖို့
လက်တို့ သတိပေးကြသေး။

တချို့ကလည်း
ပြိုင်ပွဲတိုင်းမှာ အနိုင်ရ
လက်မတထောင်ထောင်...။

တချို့ကဆို
ငြိုငြိုငြင်ငြင်
အပြစ်တင် စိတ်ဆိုး
လက်ညှိုးထိုး ရန်ရှာ...။

တချို့ တချို့မှာ..
လက်ဖျားခါပြီး
ကောင်းချီးပေးတဲ့သူကပေး
လက်ဖျားခါရင်း
ဟင့်အင်း ငြင်းတဲ့သူကငြင်း...။

အင်း...
သူရောကိုယ်ပါ
လက်ဆယ်ဖြာစုံမိုး
ရှိခိုးရင်း “ဘုရား” တရတာ
နောက်ဆုံး...
နောက်ဆုံးပါပဲ...လေ...။

ဝင်းဝင်းမြင့် (နန်းတော်ရှေ့)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်