နှလုံးသားကို သီချုပ်
ကဗျာတစ်ပုဒ် လုပ်မိ....။
မမေ့နိုင်သော နေ့ရက်တွေကြား
လုံးပါးပါးလု အသည်း..တမ်းတဆဲသာ..။
မေ့မရပြီ...ဆွေးတိတ်ပန်းချီ
ဝေရီအိပ်မက် ဆက်မက်နေမိ..။
အို...
တောင်ပံတွေနဲ့အဝေးသို့ မင်းပျံ
ဒဏ်ရာတွေနဲ့ တစ်ယောက်တည်းကျန်ခဲ့..။
ဖော်မဲ့သောလမ်း..အလွမ်းကြမ်းကြမ်းတွေနဲ့ကျော်ဖြတ်
ရင်ခွင်ဟာတော့ ဒဏ်ရာတွေနဲ့
ကွဲ......ရှ......ဟက်...တက်...။
ခရီးကြမ်းမှာစီးမျောခဲ့တဲ့ ငါ့ရင်ခွင်သဘောင်္
ဝမ်းနည်းခြင်းနဲ့ရင်မောလှပြီ...။
တိမ်လွှာကိုခြုံ...သိပ်လုံခြုံတော့
ငါ့မှာ မင်းကို ဘယ်လိုတွေ့နိုင်ပါလိမ့်..။
ကောင်းကင်ကိုမျှော်..
တမ်းတာခေါ်လည်း...မင်းမှာဘယ်လိုကြားနိုင်ပါလိမ့်..။
နှလုံးသားမှ...သွေးဖြာကျ၏
လွမ်းသည်လွမ်းသည်....သေလုပြီ...။
ငါ့ကဗျာလည်း...ငိုလေပြီ..။
0 comments:
Post a Comment