www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အမျိုးသား သွေးဆုံးခြင်း

အမျိုး သား တွေ အနေ နဲ့ အသက် အရွယ်ကြီး ရင့်လာ ခြင်းနှင့် အတူ မျိုးပွား အင်္ဂါအဖွဲ့အစည်းစနစ်မှာတဖြည်းဖြည်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို ကြုံတွေ့ရပါတယ်။ အဲဒါတွေကတော့ ဝှေးစေ့တစ်သျှူးများနှင့် သုက်ပိုးထုတ် လုပ်မှုတွင် ပြောင်းလဲလာခြင်းနှင့် ပန်းသေပန်းညှိုးဖြစ်ခြင်းတို့ ဖြစ်ပါ တယ်။ အသက်အရွယ်ကြောင့် ခံစား ရတဲ့ အဲဒီအခြေအနေ အစုအဝေးကို အမျိုးသား သွေးဆုံးခြင်း Andropause လို့လည်း တင်စားခေါ်ဝေါ်ပြီး အမျိုးသမီးများ မီးယပ်သွေးဆုံးခြင်း Menopause လိုမျိုးလျင်လျင်မြန်မြန် ထင်ထင်ရှားရှားဖြစ်ပေါ်တာမဟုတ်ဘဲ တဖြည်းဖြည်းချင်းဖြစ်ပေါ်တာဖြစ်ပါ တယ်။
အဲဒီပြောင်းလဲမှုတွေဟာ ပထမဦးဆုံး ဝှေးစေ့တစ်သျှူးများ ထုထည်လျော့ပါးလာပြီး အမျိုးသား လိင်ဟော်မုန်းဖြစ်သည့် တက်စ်တိုစတီ ရုန်းဟော်မုန်းတဖြည်းဖြည်းချင်း ကျဆင်းလာပါတယ်။ အဲဒီဟော်မုန်း ကျဆင်းလာရင် လိင်တံထောင်မတ် နိုင်ခြင်းဆိုင်ရာပြဿနာတွေခံစားရ နိုင်ပါတယ်။ ဒါပေမယ့် လုံးဝ မလုပ်ဆောင်နိုင်တော့တာမဟုတ်ဘဲ လုပ်ဆောင်နိုင်စွမ်းရည် တဖြည်း ဖြည်းနှေးကွေးသွား ခြင်းသာဖြစ်ပါတယ်။
မျိုးပွားနိုင် စွမ်းရည်(Fertility)
သုက်ပိုးကို သယ်ဆောင် တဲ့ြွပန်တွေဟာ ကျုံ့ဆန့်နိုင် စွမ်း ကျဆင်းလာတယ်။ သုက် ပိုးထုတ်လုပ်မှုကလည်း နှေး ကွေးလာတယ်။ Epididymis ခေါ် သုက်ပိုြးွပန်၊ သုက်ရည် ထုတ်လုပ်တဲ့အိတ်များ (Seminal Vesicles) နဲ့ သုက်ရည် ထုတ်လုပ်ရာ မှာ အဓိကလုပ်ဆောင်တဲ့ ဆီးကျိတ် Prostate Gland တို့မှာရှိတဲ့ မျက်နှာ ပြင်က ဆဲလ်တွေကို ဆုံးရှုံးလာတယ်။ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ် ကြီးလာပြီး ဆီးကျိတ် ကလာပ်စည်း အချို့ဟာ အမာရွတ်နဲ့ဆင်တူတဲ့ တစ် သျှူးများနဲ့ အစားထိုးခြင်းခံရတယ်။ အဲဒီအခြေအနေကို ဆီးကျိတ်ကြီးခြင်း BPH လို့ခေါ်ပြီး အမျိုးသားကြီးများရဲ့ ၅၀ ရာခိုင်နှုန်းမှာ ခံစားရလေ့ရှိတယ်။ ဆီးကျိတ်ကြီးခြင်း BPH ကြောင့် ဆီး သွားမှုပြဿနာများအပြင် သုက်ရည် စွန့်ထုတ်ခြင်းဆိုင်ရာ ပြဿနာများပါ ဖြစ်ပေါ်နိုင်ပါတယ်။


ပြောင်းလဲမှု၏ အကျိုးသက် ရောက်မှုများ
မျိုးပွားမှုစွမ်းရည်ဟာ အမျိုးသား တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး မျိုးပွားနိုင်စွမ်းကို အသက် အရွယ်နဲ့ တိုင်းတာခန့်မှန်းလို့ မရပါ ဘူး။ ဆိုလိုတာကတော့ မျိုးပွားအင်္ဂါ အစုအဖွဲ့မှာ လုပ်ဆောင်ချက် အရည် အသွေး ကျဆင်းလာပေမယ့် ကလေး ကတော့ ရနိုင်ပါသေးတယ်။ ဆီးကျိတ် ရဲ့ လုပ်ငန်းဆောင်တာချို့ယွင်းမှုဟာ မျိုးပွားနိုင်စွမ်းနဲ့ သိပ်ပြီး သက်ဆိုင် ခြင်းမရှိဘဲ ဆီးကျိတ် Prostate Gland ဖယ်ထုတ်ထားရင်တောင်မှ ကလေးရနိုင်ပါတယ်။ ထုတ်လုပ်လိုက် တဲ့ သုက်ရည်ရဲ့ ထုထည် Volume ဟာ ငယ်ရွယ်စဉ်ကလိုပဲ ပြောင်းလဲမှု မရှိရင်တောင်မှ သုက်ရည်ထဲမှာပါဝင် တဲ့ရှင်သန်ပြီးအရည်အသွေးကောင်းမွန် တဲ့ သုက်ပိုးပါဝင်မှုအကောင်ရေသာ ကျဆင်းသွားခြင်းဖြစ်ပါတယ်။ လိင် စိတ်ဆန္ဒ လျော့ပါးလာခြင်းကို အချို့ အမျိုးသားကြီးတွေမှာ ကြုံတွေ့နိုင်ပါ တယ်။
အဲဒါဟာ တက်စ်တိုစတီရုန်း ပမာဏကျဆင်းလာခြင်းနှင့် ဆက်စပ် နေခြင်းဖြစ်နိုင်သလို အခြားသော စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် လူမှု ဆက်ဆံရေးဆိုင်ရာ ပြောင်းလဲမှုများ (ဥပမာ-အသက်ကြီးလာသော ဇနီး သည်၏ လိင်ကိစ္စအပေါ် စိတ်ဆန္ဒ နည်းပါးလာခြင်း)၊ကျန်းမာရေးမကောင်း ခြင်း၊ နာတာရှည် ကျန်းမာရေး အခြေ အနေတစ်ခုခုရှိခြင်း သို့မဟုတ် သောက်နေသော ဆေးဝါးများ စသည် တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးခြင်းတစ်ခုတည်းကတော့ အမျိုးသားတစ်ဦးကို လိင်မှုဘဝမှာ သာယာပျော်ရွှင်မှုမရှိအောင် ဟန့် တားနိုင်ခြင်းမရှိပါဘူး။
အတွေ့ရများသော ပြသနာများ ပန်းသေ ပန်းညိုး ပြသနာ
အသက်အရွယ်ကြီးလာရင် ကြုံတွေ့ရ အများဆုံးပြဿနာတွေ ထဲမှာ ပန်းသေပန်းညှိုးရောဂါပါဝင်ပါ တယ်။ အသက်ကြီးလာရင် လူငယ် လေးတစ်ဦးလောက် မစွမ်းဆောင်နိုင် တော့ခြင်းဟာ ပုံမှန်အခြေအနေသာ ဖြစ်ပါတယ်။ ဒါပေမယ့် ပန်းသေပန်း ညှိုးရောဂါဟာ အသက်ကြီးခြင်းဆို တာထက် စိတ်ပိုင်းဆိုင်ရာ (Psychological) သို့မဟုတ် ကျန်းမာရေး ဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီးအသက် ကြီးလို့ဆိုတဲ့ ရိုးရှင်းတဲ့ အကြောင်း ရင်းကြောင့် ဟုတ်လေ့မရှိပါဘူး။ သွေးတိုးရောဂါနဲ့ အခြားရောဂါတွေမှာ သောက်နေရတဲ့ ဆေးဝါးတွေဟာ လုံလောက်တဲ့ အချိန်အတိုင်းအတာ အထိ မထောင်မတ်နိုင်တဲ့ ပြဿနာကို ဖြစ်စေတတ်ပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးနှင့် မကျန်းမာခြင်း (ဥပမာ ဆီးချိုရောဂါ) ကြောင့်ဖြစ်တဲ့ ပန်းသေပန်းညှိုးရောဂါဟာ ကုသလို့ ရပါတယ်။ ဒီလိုခံစားနေရရင် ဆရာ ဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
-ဆီးးကျိတ်ကြီးခြင်း(BPH)
အသက်အရွယ်ကြီးတဲ့ အမျိုး သားတွေဟာ ဆီးကျိတ်ကြီးခြင်း (BPH) ကို ခံစားရလေ့ရှိပြီး BPH ကြောင့် ဆီးသွားခြင်းဆိုင်ရာပြဿနာ များ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ပြဿနာစသည်တို့ ခံစား ရနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ရောဂါဟာ လည်း သက်ကြီးအမျိုးသားများမှာ ဖြစ်ပွားမှုများတာကို တွေ့ရပြီး အမျိုး သားများသေဆုံးမှုများသော ကင်ဆာ များထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။
- ဆီးအိမ်ကင်ဆာ (Cancer)
ဆီးအိမ်ကင်ဆာ (Cancer) ဟာ လည်း အမျိုးသားများမှာ ဖြစ်ပွားမှု များတဲ့ ကင်ဆာဖြစ်ပါတယ်။ ဝှေးစေ့ကင်ဆာကတော့ ငယ် ရွယ်တဲ့ အမျိုးသားများမှာ ပိုမိုဖြစ်ပွားပါတယ်။
ကာကွယ်ခြင်း
အသက်အရွယ်အလိုက် ကြုံတွေ့လာရတဲ့ ပြောင်းလဲ ခြင်းတွေထဲမှာ ဆီးကျိတ်ကြီး လာခြင်း၊ ဝှေးစေ့သေးကျုံ့ လာ ခြင်းတို့ဟာ မကာကွယ်နိုင်ပါ ဘူး။ ဒါပေမယ့် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါလို ကျန်းမာရေး ပြဿနာများကို ကောင်းမွန်စွာ ကုသ မှုပေးခြင်းဟာ နောက်ပိုင်းမှာ ခံစား လာရနိုင်ဖွယ်ရှိတဲ့ ဆီးသွားလမ်း ကြောင်းဆိုင်ရာနှင့် လိင်စွမ်းဆောင် နိုင်မှုဆိုင်ရာ ပြဿနာတွေကို ကာ ကွယ်နိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေ ပြောင်းလဲလာခြင်းဟာ အသက်အရွယ်ကြီးလာခြင်းဆိုတဲ့ ရိုးရှင်းတဲ့ အချက်ထက် ပိုမိုတဲ့အခြား အချက်အလက်များစွာအပေါ်မှာ မူတည်နေပါတယ်။ အသက်ကြီးတဲ့ အမျိုးသားကြီးများဟာ သက်လတ် ပိုင်းအရွယ် Middle age မှာ လိင်စွမ်း ဆောင်ရည်ကို ကောင်းမွန်အောင် ပြုလုပ်ထိန်းသိမ်းထားမယ်ဆိုရင် သက်ကြီးပိုင်းမှာလည်း ကောင်းမွန်တဲ့ လိင်မှုဘဝကို ရရှိနိုင်ဖွယ်ရာ များပြား ကြောင်း သိရပါတယ်။

By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်