www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ရဲရင့်တဲ့ သစ်ပင်

ဓားနဲ့ခုတ်ထားတဲ့ အကိုင်းမှာ အရွက်ပျိုတွေ စို့လို့
အားမတန်လို့ မာန်လျော့သွားတာ
မဟုတ်ဘူး။
ကောင်းကင်မှာ တိမ်မည်းတွေပြည့်နှက်
မကြာမီ ရွာတော့မယ့် မိုး
လေတိုက်လို့ လွင့်ပါးသလိုမျိုး
သူလည်း သူ့ကိုယ်သူ ဖျဉ်ခဲ့ရတာ ဖြစ်မယ်။
သူ့ ခြေထောက်တွေ သေကုန်ပြီ
သူ့လက်တွေ ကျန်သေးတယ်လို့ လှုပ်ယမ်းပြလေရဲ့။
သူ့လက်တွေ သေကုန်ပြီ
သူ့ပါးစပ်တွေ ကျန်သေးတယ်လို့ ရွတ်ဆိုပြတယ်။
သူ့ပါးစပ်တွေ သေကုန်ပြီ
သူ့နားတွေ ကျန်သေးတယ်လို့ ထိုးဖောက်တယ်။
သူ့နားတွေ သေကုန်ပြီ
သူ့ မျက်စိတွေ ကျန်သေးတယ်လို့ စူးရဲပြတယ်။
သူ့မျက်စိတွေ သေကုန်ပြီ
သူ့ ဦးနှောက်တွေ ကျန်သေးတယ်လို့ ဦးမော့ပြတယ်။
သူ့ ဦးနှောက်တွေ သေကုန်ပြီ
သူ့ အသက်ရှုသံ ကျန်သေးတယ်လို့ လှစ်ဟပြတယ်။
သူ့ အသက်ရှုသံ သေသွားပြီ
သူ့ နှလုံးသား ကျန်သေးတယ်လို့ တူးဆွပြတယ်။
သူ့ နှလုံးသား ကွယ်လွန်ပြီ
သူ့ ၀ိညာဉ်တွေ ကဗျာ အဖြစ်နဲ့
သင်တို့ကို ဖူးပွင့်ပြမယ်တဲ့
ကြည့် . . . ဘယ်လောက်ရဲရင့်တဲ့ သစ်ပင်လေးလဲ။ ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်