www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

နှလုံး တိုက်ခိုက် ခံရခြင်း အတွက် ဘယ်လို ကုသ မလဲ

(၁) ချက်ချင်း ကုသ ပေးရ သည့် ရည် ရွယ်ချက် မှာ ရင်ဘတ် အောင့် ဝေဒနာ သက်သာ စေရန်နှင့် နှလုံြးွကက်သား သို့ ထောက်ပံ့နေသောသွေး ပြန်လည် ရရှိရန်ဖြစ်သည်။ သို့မှသာ နှလုံြးွကက် သား ထိခိုက်မှု အနည်းဆုံးဖြစ်စေမှာ ဖြစ်ပြီး နောက်ဆက်တွဲပြဿနာများ မဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်သည်။ ဆေးရုံအထူးကြပ်မတ်ကုသဆောင် သို့တင်ပြီး ကုသရမှာဖြစ်သည်။ မော် ဖင်းကဲ့သို့သော အစွမ်းထက်သည့် အကိုက်အခဲပျောက်ထိုးဆေးကို အသုံး ပြုပြီး နာကျင်မှုသက်သာစေရန် ကုသ ရသည်။
(၂) နှလုံးတိုက်ခိုက်ခံရသည့် ပထမ ၆ နာရီအတွင်း နှလုံြးွကက်သားများ ပျက်စီးမှု အနည်းဆုံးဖြစ်ရန် နှလုံးသွေး လွှတ်ကြောကို ပိတ်ဆို့နေသော သွေး ခဲအား ပျော်ဝင်သွားစေသည့် ဆေးဝါး များပေးမှာ ဖြစ်သည်။
(၃) အခြားနည်းလမ်းတစ်ခုမှာ နှလုံး သွေးလွှတ်ကြောချဲ့ပေးခြင်းဖြင့် သွေး ကြောပွင့်အောင် လုပ်ပေးရမှာ ဖြစ် သည်။ နှလုံးတိုက်ခိုက်ခံရပြီး ၆ နာရီအတွင်း ထိခိုက်ပျက်စီးသွားသော နှလုံြးွကက်သားများဆီသို့ သွေး ပြန်လည်စီးဆင်းစေနိုင်ပါက ပြန် ကောင်းမွန်စေနိုင်မှာ ဖြစ်သည်။
(၄) နှလုံးတိုက်ခိုက်ခံရခြင်းမှ ပြန်လည် နာလန်ထသည်နှင့် တစ်ပြိုင်နက် သင်၏ နှလုံးသွေးလွှတ်ကြောနှင့် နှလုံြးွကက်သားများ၏ အခြေအနေကို စစ်ဆေးအကဲဖြတ်ရမည်။ လေ့ ကျင့်ခန်းလုပ်ရင်း ECG ရိုက်ခြင်း ကဲ့သို့သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ဆက်လက်ကုသမှု အတွက် ဆုံးဖြတ်နိုင်ပါသည်။
(၅) နှလုံးညှစ်အား ထိခိုက်သွားပါက ACE Inhibitor သို့မဟုတ် ဆီးရွှင် ဆေးများပေးရသည်။
(၆) စမ်းသပ်မှုများအရ နှလုံးခုန်မမှန် ခြင်း အမြဲဖြစ်နေပါက သင်၏ ရင် ဘတ်တွင် Pacemaker နှလုံးနှိုးစက် တစ်ခု တပ်ပေးရန် လိုအပ်နိုင်သည်။
(၇) ရေရှည်သောက်ရသော ဆေး အချို့က နောက်ထပ်နှလုံးတိုက်ခိုက်ခံ ရနိုင်မှု အခွင့်အလမ်း လျော့နည်းစေ သည်။ ထို့ပြင် ဘီတာဘလော့ခ်ကာ ဆေးများ၊ အက်စ်ပရင်ဆေးများကို လည်း သောက်နိုင်သည်။
(၈) အဆီနည်းသော အစားအသောက် စားရန်နှင့် အဆီကျဆေးများ သောက် ရန် သင့်အား အကြံပေးကောင်းပေး လိမ့်မည်။ ဤဆေးများသည် သင်၏ သွေးတွင်းကိုလက်စထရောလ်ပမာဏ မများနေစေကာမူ နှလုံးတိုက်ခိုက်ခံ ရမှုအတွက်အကျိုးကျေးဇူးပေးနိုင်ပါသည်။
(၉) နှလုံးသွေးလွှတ်ကြောတစ်ချောင်း ပိတ်နေပါက နှလုံးသွေးလွှတ်ကြော လမ်းကြောင်းပြောင်း အစားထိုး ခွဲစိတ် ကုသမှုခံယူနိုင်ပါသည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်