www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ချစ်ဦးသူသို့

ငါ့ဘ၀မှာ......
အရမ်းချစ်ပြီး  မြတ်နိုးရသူ
မင်းတစ်ယောက်က
ငါ့အချစ်ကို မညှာမတာ
ရက်စက်စွာ ကြိမ်ကြိမ်ခါခါ
မချစ်နိုင်ဘူး မုန်းတယ်ပြောလည်း
မေ့မရဘဲ သတိရသူ
နှလုံးသားကို မျှဝေခံစား
နားလည်ပေးပါ ချစ်ရသူရယ်......
ငါချစ်ရသူ မြတ်နိုးသူက
ငါ့ရဲ့ရှေ့မှာ တခြားသူနဲ့
တွဲနေရင်လည်း အပြစ်မမြင်ဘဲ
ခွင့်လွှတ်နိုင်တဲ့  ငါ့ဖြစ်အင်ကို
စာနာပေးပါ  ချစ်ရသူရယ်.........
သြော်......ဒါပေမဲ့လည်း
ပြောပြချင်တယ် ချစ်ရသူရယ်
ငါ့ရဲ့ချစ်ခြင်း  မြတ်နိုးခြင်းကို
မတုံပြန်ချင်နေပါ
အသိအမှတ်တော့ပြုပေးပါ
တောင်းပန်ပါတယ် ချစ်ရသူရယ်.....
                      Writen by
                         ဆောင်းနှင်း

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်