www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

သားအိမ်ခေါင်း ကင်ဆာ Silent Killer

ကမ္ဘာ ပေါ်မှာ ရှိတဲ့ အမျိုး သမီးထု ကြီး တစ်ရပ် လုံး ကို ဖွဲမီးလို တငွေ့ငွေ့ လှိုက် စားပြီး အသက် ဇီဝိန်ြွေခချ နေတဲ့ ကြောက်စရာအကောင်းဆုံးရောဂါတစ်ခု ကိုပြပါဆိုရင်တော့ သားအိမ်ခေါင်းကင် ဆာကိုလက်ညှိုးထိုးပြရပါလိမ့်မယ်။ သားအိမ်ခေါင်းကင်ဆာကို အင်္ဂလိပ်လို ဆိုရင်တော့ Cervical Cancer လို့ခေါ် ပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ သားအိမ်ရဲ့အဝ Cervix uteri မှာအခြေ ခံတဲ့ ဆဲလ်တွေကနေ ကင်ဆာဖြစ်ပွား စေသော ဆဲလ်များဖြစ်ပွားမှု Malignant neoplasm ကို ခေါ်ဆိုခြင်းဖြစ်ပါ တယ်။ သားအိမ်ခေါင်းကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုကတော့ မူမမှ်သွေးဆင်းခြင်းဖြစ်ပါတယ်။ ဒါပေ မယ့်လည်းကင်ဆာဟာ အရမ်းကို ဆိုး ဝါးတဲ့အဆင့်ရောက်တဲ့အထိတိုင်အောင် ဘာမှ သိသာထင်ရှားတဲ့လက္ခဏာမပြ ပဲနဲ့လည်း ဆက်လက်ဖြစ်ပွားနေတာ တွေရှိပါတယ်။ စောစောအဆင့်ပိုင်းတွေ မှာတော့ ခွဲစိတ်ကုသလို့ရနိုင်ပြီး ပိုဆိုး ရွားတဲ့ နောက်ပိုင်းအဆင့်တွေဖြစ်နေ ပြီဆိုရင်တော့ ကင်ဆာဆေးသွင်းခြင်းနဲ့ ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ကင်ဆာရှိမရှိစစ်ဆေးခြင်းဖြစ်တဲ့ Pap smear ယူပြီးစစ်ခြင်းဟာလည်း သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေနဲ့တစ် ရှူးတွေမှာကင်ဆာအဆင့်မရောက်ခင် Precancerous အခြေအနေနဲ့ပြောင်းလဲ မှုတွေကို ကြိုတင်ပြီးသိရှိနိုင်ပါတယ်။ တိုးတက်ဖွံ့ဖြိုးနေတဲ့တိုင်းပြည်တွေမှာဆို ရင် Cervical Screening ကိုကျယ်ပြန့် စွာအသုံးပြုနေကြပြီးဒီလိုစစ်ဆေးခြင်း အားဖြင့် အလွန်အမင်းဆိုးရွားသော အဆင့် Invasive Cervical Cancer ဖြစ်ပွားနှုန်းကို ၅၀ ရာခိုင်နှုန်းအထက် လျော့ချပေးနိုင်ပြီဖြစ်ပါတယ်။ သားအိမ် ခေါင်းကင်ဆာရဲ့ ရာခိုင်နှုန်းကိုးဆယ် ကျော်လောက်အောင်ံကာညေ Human Papillomavirus (HPV) ကြောင့်ဖြစ် ပွားရခြင်းဖြစ်ပါတယ်။ US, Canada နဲ့ EU မှာဆိုရင် HPV vaccines ဟာ သားအိမ်ခေါင်းကင်ဆာကို ၇၀ ရာခိုင် နှုန်းလောက်အထိဖြစ်ပွားစေနိုင်တဲ့ဗိုင်း ရပ်စ်အမျိုးအစား မျိုးကွဲ ၂ မျိုး (two strains)ေ ကို ကာကွယ်ပေးနိုင်ပါ တယ်။ ဒါပေမယ့်လည်း Vaccines ဆို တာဟာ အဖြစ်များတဲ့အမျိုးအစား HPV နဲ့ကင်ဆာကိုသာကာကွယ်ပေးနိုင် တာဖြစ်တဲ့အတွက်အမျိုးသမီးအားလုံး ဟာ ကာကွယ်ဆေးထိုးပြီးတာတောင်မှ ပဲ ဒီလို Pap Smear Screening ကိုပုံ မှန်ပြုလုပ်သင့်ပါတယ်။ သားအိမ်ခေါင်း ဆိုတာဟာ သားအိမ်ရဲ့အကျဉ်းဆုံးအ စိတ်အပိုင်းဖြစ်ပြီးမိန်းမကိုယ်အဝ Vagina နဲ့ပဲဆက်သွယ်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေကဘာတွေလဲ
အစောပိုင်းအဆင့်တွေမှာတော့ သားအိမ်ခေါင်းကင်ဆာဟာ ဘာလက္ခ ဏာမှ မပြပဲရှိနေနိုင်ပါတယ်။ ဒါ့အပြင် မူမမှန်သွေးဆင်းမှု၊ အမျိုးသားနဲ့အတူနေ သည့်အခါ သွေးဆင်းခြင်း၊ တခါတစ်ရံ သွေးခဲဆင်းခြင်း (ရှားတော့ရှားပါတယ်။ ဒါပေမယ့်ကင်ဆာအဆင့်ဖြစ်တယ်ဆို တာပြသနေခြင်း) စသည်တို့ဖြစ်တတ်ပါ တယ်။ ဒါ့အပြင်မှာ အမျိုးသားနဲ့အတူ နေသည့်အခါ နာကျင်ခြင်းနှင့်သွေးဆင်း ခြင်းတွေဟာလည်း သားအိမ်ခေါင်း ကင် ဆာရဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။ ပိုမို ဆိုးရွားတဲ့အဆင့်ရောက်နေပြီဆိုရင်တော့ ဝမ်းဗိုက်၊အဆုတ်နဲ့နေရာအတော်များများ မှာပျံ့နှံ့ခြင်း Metastases တွေကိုတွေ့ရ မှာဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့ သားအိမ် ခေါင်းကင်ဆာရဲ့လက္ခဏာတွေကတော့ အစားအသောက်ပျက်ခြင်း၊ ပိန်းချုံးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ တင်ပဆုံရိုးအ တွင်းကိုက်ခဲခြင်း၊ ခါးနာခြင်း၊ ခြေ ထောက်များနာခြင်း၊ ခြေထောက်များ ရောင်လာခြင်း၊ သွေးအလွန်အမင်းဆင်း ခြင်း၊ အရိုးကျိုခြင်းများ၊ တစ်ခါတရံ မိန်းမှကိုယ်မှ ဆီးသို့မဟုတ် မစင်များ ထွက်ကျခြင်းစတဲ့လက္ခဏာတွေ ကြုံ တွေ့ရနိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဘာ ကြောင့်ဖြစ်ပွားရတာလဲ။
Human Papilloma Virus ဟာ သားအိမ်ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအချက်ဖြစ်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံဖက်များခြင်း၊ ဆေးလိပ် သောက်ခြင်း HIV ပိုးစတာတွေဟာ လည်း သားအိမ်ခေါင်းကင်ဆာဖြစ်စေရ ခြင်းရဲ့ risk Factor တွေဖြစ်ပါတယ်။ ဒါ့အပြင် အခြားအကြောင်းအရာတွေက တော့ Chlamydia ပိုးဝင်ခြင်း၊ စိတ်ဖိစီးမှုနှင့်ဆက်နွယ်နေသောအခြေ အနေများ၊ အစားအသောက်၊ ဟော်မုန်း ပါသော သားဆက်ခြားဆေးများ၊ သား အိမ်ခေါင်းကင်ဆာဖြစ်စေခြင်းရဲ့ Cofactors အနေနဲ့ပါဝင်နေပြန်ပါတယ်။ အသက်ငယ်ရွယ်စဉ်တွင် လိင်ဆက် ဆံခြင်းနဲ့အသက်ငယ်ရွယ်စဉ်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ အသက်ငယ်ရွယ် စဉ်တွင်သားဆက်ခြားဆေးများသောက် သုံးခြင်းဟာလည်း risk factors တွေ ထဲမှာပါဝင်နေတာကို တွေ့ရပါတယ်။
သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်နိုင်သလဲ။
၁။ Screening ပြုလုပ်ခြင်း
Pap Smear ပြုလုပ်ကာ သား အိမ်ခေါင်းကင်ဆာကိုစစ်ဆေးခြင်းဖြစ် ပါတယ်။ ၃ နှစ်တစ်ကြိမ်၊ ငါးနှစ်တစ် ကြိမ်စစ်ဆေးပေးခြင်းအားဖြင့် သားအိမ် ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းကို ၈၀ ရာခိုင်နှုန်းအထိလျော့ချပေးတာတွေ့ရပါ တယ်။ အကယ်၍ မူမမှန်သော အဖြေ တွေတွေ့ခဲ့ရင်လည်း Precancerous change ကိုကြိုတင်သိရှိနိုင်ပြီးတော့ လိုအပ်တဲ့ ကာကွယ်ကုသမှုတွေပေးနိုင် မှာဖြစ်ပါတယ်။ အကယ်၍ သားအိမ် ခေါင်းကင်ဆာကိုစောစီးစွာသိရှိပါကလည်း အနည်းယ်မျိုးပွားနိုင်မှုစွမ်းရည်ကို ထိ ခိုက်နိုင်ယုံကလွဲလို့ မခွဲမစိတ်ရပဲ ကုသ မှုတွေပေးနိုင်ပါတယ်)
၂။ Vaccine ထိုးခြင်း
HPV vaccine နှစ်မျိုးရှိပါတယ်။ Gardasil နဲ့ Cervarix ဖြစ်ပြီး ဒီဗက် ဆင်းတွေကသားအိမ်ခေါင်းနဲ့ စအိုတစ် ဝှိုက်မှာ ကင်ဆာဖြစ်ပွားနိုင်မှုကို ၉၃ ရာခိုင်နှုန်းအထိလျော့ချပေးနိုင်တာကို တွေ့ရပါတယ်။ HPV Vaccine ကို အသက် ၉ နှစ်မှ ၂၆ နှစ်အတွင်း အမျိုးသမီးတွေကို ပိုးမဝင်မှာ ကြိုတင် ထိုးထားနိုင်ပြီးဒါကလည်း ရောဂါပိုးမရှိ မှသာလျှင် ထိရောက်မှုရှိတာဖြစ်ပါ တယ်။ Vaccine တွေဟာ လေးနှစ်မှ ခြောက်နှစ်အထိ စွမ်းဆောင်နိုင်မှုရှိပြီး ဒီထက်ပိုစွမ်းသလား booster ထပ်ထိုး ဖို့ လိုအပ်သလားဆိုတာတာကိုတော့ မသိရှိရသေးပါဘူး။ ဈေးနှုန်းကြီးမားမှု ကပြဿနာတစ်ခုဖြစ်နေပြီး နိုင်ငံပေါင်း များစွာကတော့ HPV Vacinnation Fund တွေတည်ထောင်ဖို့ကြိုးစားနေကြ ပါပြီ။
၃။ကွန်ဒုံးအသုံးပြုခြင်း
ကွန်ဒုံးအသုံးပြုခြင်းဟာ အချို့ သောသားအိမ်ခေါင်းကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးဟာ HPV ကိုကာကွယ်ပေးနိုင်တာ မပေး နိုင်တာအသာထား အနည်းဆုံးတော့ genita wart (လိင်အင်္ဂါတွင်ဖြစ်သောြွကက်နို့)နဲ့ တခြားရောဂါပိုးတွေကိုတော့ ကာကွယ်ပေးနိုင်ပါတယ်။ (ဥပမာ-STD, Chlamydia) သုတ်ရညှ်Semen ဟာ Precancerous changes (CIN3) ကိုပြောင်းလဲစေနိုင်တဲ့ Risk ရှိတဲ့အတွက် ကွန်ဒုံးအသုံးပြုခြင်းအား ဖြင့် ကာကွယ်ပေးရာရောက်ပါတယ်။
၎။ အဟာရ
ဗီတာမင်အေ၊ ဗီတာမင်ဘီတွဲ၊ ဗီ တာမင်စီ၊ ဗီတာမင်အီးနဲ့ ဘီတာကာရို တင်းတွေဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကိုလျော့ကျစေတဲ့ အဟာရ ဓာတ်တွေဖြစ်ပါတယ်။ ဖြစ်ပြီးမှ ကုသတာထက်စာရင် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာလွန် စွာထိရောက်လှပါတယ်။ တတ်နိုင်သမျှ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကိုလျော့ပြီး အမျိုးသမီးအားလုံး Pap smear ပြုလုပ် ဖို့တိုက်တွန်းလိုပါတယ်။ ကာကွယ်ဆေး ထိုးထားကြဖို့လည်း တိုက်တွန်းလိုပါ တယ်။ အားလုံးပဲကျန်းမာသုခပြည့်ဝ ကြပါစေ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်