www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

မေးခိုင် ရောဂါ ကာကွယ် ရန် ကိုယ်ဝန် ဆောင်စဉ် နောက် တစ်ကြိမ် ကာကွယ်ဆေး ထိုးရန် လိုအပ်

ကိုယ်ဝန်ဆောင် ကာလတွင် မေးခိုင် ရောဂါ မဖြစ်ပွား စေရန် အမျိုးသမီး တိုင်း အား အရွယ် ရောက်ချိန် ၌ မေးခိုင် ရောဂါ ကာကွယ် ဆေးထိုး ရမည့်အပြင် ကိုယ်ဝန် ရှိစဉ် ကာလ၌ နောက်တစ်ကြိမ်ကာကွယ် ဆေးထိုးရန် ဆရာဝန် ကြီးများက အကြံပြုပြောကြားခဲ့ကြောင်းသိရသည်။ ယင်းသို့ကာကွယ်ဆေးထိုးထားမှသာ ကလေးမွေး ဖွားပြီးမေးခိုင်ပိုးဝင်ခြင်း၊ ကလေးပျက်ကျပြီးမေးခိုင်ပိုးဝင်ခြင်း၊ မွေး စကလေးမေးခိုင်ပိုးဝင်ရာမှ တက်၍သေဆုံးခြင်းဖြစ်ရပ် များမှ ကင်းဝေးမည်ဟုသိရသည်။ ကျန်းမာရေးဝန်ကြီးဌာနမှလည်း အရွယ်ရောက်ပြီး အပျိုအရွယ်၌ အစောဆုံး၊ ပထမအကြိမ်၊ နောက်လေးပတ် အကြာတွင် ဒုတိယအကြိမ်၊ တစ်သက်တာလုံးကာကွယ်နိုင် ရန်ခြောက်လကြာပြီး ကာလတွင် တတိယအကြိမ်၊ တစ်နှစ်ကြာပြီးကာလတွင် စတုတ္ထအကြိမ်၊ တစ်နှစ်ကြာပြီးကာတွင် ပဉ္စမအကြိမ်မေးခိုင် ရောဂါကာကွယ်ဆေးထိုးရန် ညွှန်ကြားထားကြောင်းသိရသည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်