www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

၂၀၁၂ တွင် အေအာရ်တီဆေးဝါးလိုအပ်သူ များလာမည်


Photoသာက်သုံး ရန်လိုအပ်သည့် အိတ်ခ်ျအိုင်ဗီပိုးဖြင့် အသက်ရှင်နေထိုင်သူများအတွက်  အေအာရ်တီဆေး သောက်သုံးရမည့် လမ်းညွှန်ချက် အသစ်တစ်ခု ထုတ်ပြန်လိုက်ပြီဖြစ်ရာ   အိတ်ခ်ျအိုင်ဗီ/အေ့ဒ်စ်ကာကွယ်တားဆီးရေးလုပ်ငန်း များ ဆောင်ရွက်နေသည့်  အဖွဲ့အစည်းများသည် လာမည့် ၂၀၁၂ မှစတင်၍ အဆိုပါ စံသတ်မှတ်ချက်အတိုင်း လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း  မြန်မာပေါ့ စတစ်ဂရု(ပ်)( MPG )မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။အိတ်ခ်ျအိုင်ဗီပိုးဖြင့် အသက်ရှင်နေထိုင်သူများသည် CD 4  အရေအတွက်  ၂၅၀ အောက် ရောက်ရှိမှသာ အေအာရ်တီဆေးဝါးသောက်သုံးရန်လိုအပ်သည်ဟူ သော မူလသတ်မှတ်ချက်အား  CD 4  ၃၅၀ ရှိလျှင် အေအာရ်တီ သောက်သုံးနိုင်ပြီဟု ပြောင်းလဲတိုး မြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှသတင်း ရရှိသည်။ ဆေးဝါးသောက်သုံးရန် လို အပ်နေသည့် အိတ်ခ်ျအိုင်ဗီပိုးဖြင့် အသက်ရှင်နေထိုင်သူများအား ပံ့ပိုးမှုပေးလျက်ရှိသည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများသည် ပြီး ခဲ့သည့် နိုဝင်ဘာ ပထမပတ်အ တွင်းက မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနမှ ပြဋ္ဌာန်းခဲ့သည့် စံသတ်မှတ်ချက်အသစ်အတိုင်း ဆောင်ရွက်ရတော့မည်ဖြစ်ရာဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲ များလည်း ကြုံတွေ့နိုင်ကြောင်း ရတနာ့မေတ္တာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
“ကိုယ်ခံအား အရမ်းမကျ ခင် ကြိုတိုက်ထားတာကောင်းတယ်ဆိုတဲ့  Global Fund  ရဲ့ အကြံပြုချက်အတိုင်း ဒီလိုသတ်မှတ်လိုက်တာ။ ဆေးလိုတဲ့လူတွေ ပိုများလာမယ်။ နိုင်ငံတကာအဖွဲ့ အစည်းတွေကိုချည်းပဲ အားကိုးနေရင် အခက်အခဲတွေကြုံနိုင် တယ်။ ပြည်တွင်းအလှူရှင်တွေ ပေါ်လာဖို့အရေးကြီးတယ်”ဟု ရတနာ့ မေတ္တာအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြင့်ဆွေကပြောသည်။ အေအာရ်တီလမ်းညွှန်ချက် အသစ်အရ လာမည့်နှစ်တွင် အေ အာရ်တီဆေးဝါး လိုအပ်သူဦးရေ များပြားလာမည်ဆိုသော်လည်း ပြည်တွင်းရှိ လုပ်ငန်းရှင်များ၊ ငွေကြေးတတ်နိုင်သူများက အိတ်ခ်ျအိုင်ဗီ/အေ့ဒ်စ်ကာကွယ်တားဆီး ရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားစွာ ဆောင်ရွက်လာမည်ဆိုပါက  လိုအပ်လျက်ရှိသော ဘဏ္ဍာရေးကွာဟချက်ကို တစ်နည်းအားဖြင့် ဖြည့်ဆည်းပေးနိုင်မည်ဟု ယူဆကြောင်း ဦးမျိုးသန့်အောင်ကပြောသည်။
“အခု  ထူးကုမ္ပဏီက အေအာရ်တီဆေးကို ပြည်တွင်းမှာ စက်ရုံထောင်ပြီး ထုတ်လုပ်မယ် ဆိုတဲ့ သတင်းတွေအပေါ်ကြိုဆိုပါ တယ်။ ၀မ်းလည်းသာတယ်။ အေ အာရ်တီကို ပြည်တွင်းမှာ ထုတ် မယ်ဆိုရင် ပြည်ပက ၀ယ်ယူရတဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပိုထွက်လာမယ်”ဟု ဦးမျိုးသန့် အောင်ကပြောသည်။ မြန်မာနိုင်ငံရှိဆေးဝါး သောက်သုံးရန် လိုအပ်သည့်အိတ်ခ်ျအိုင်ဗီပိုးဖြင့် အသက်ရှင် နေထိုင်သူများအတွက် အေအာရ် တီဆေးဝါးများကို အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ အများဆုံးဝယ်ယူရကြောင်း ၎င်းကဆက်လက်ပြောသည်။
“အေအာရ်တီ တကယ်လို အပ်နေသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကို အခုထိဆေးမပေးနိုင်သေးဘူး။ ၂၀၁၀ ကို ပြန်ကြည့်ရင် တစ်ရက် မှာ လူ ၂၅ယောက်လောက် အိတ်ခ်ျအိုင်ဗီကူးစက်ခံနေရတယ်။ တစ်ရက်မှာ လူ ၅၀လောက်က အေ့စ်ရောဂါကြောင့် အသက်ဆုံးရှုံးနေ ခဲ့တာတွေတွေ့ရတယ်။  ခွဲခြား နှိမ့်ချဆက်ဆံခံရတာတွေက တွေ့
မြင်နေရဆဲပဲ”ဟု ဒီဇင်ဘာ ပထမပတ်အတွင်း ကွန်ရက်ခုနစ်ခုက ပြုလုပ်သည့်  World AIDS Day  အခမ်းအနားတွင်  UNAIDS  မှ တာဝန်ရှိပုဂိုလ်တစ်ဦးကပြောကြားသည်။    ကမ္ဘာပေါ်တွင် အိတ်ခ်ျအိုင် ဗီကူးစက်ခံရသူ ၃၄ သန်းခန့်ရှိ သည့်အနက် မြန်မာနိုင်ငံတွင် နှစ် ၂၂၅၀၀၀ခန့်ရှိကြောင်း  UNAIDS  နှင့်  National AIDS Program  ၏ ၂၀၁၀ အစီရင်ခံစာတွင်ဖော်ပြပါရှိသည်။ CD4 အရေအတွက်ဆိုသည် မှာ လူ့ခန္ဓာကိုယ်အတွင်းရှိ ကိုယ် ခံအားအရေအတွက်ဖြစ်သည်။ သာမန်လူတစ်ယောက်သည် CD4 အရေ အတွက် ၈၀၀ မှ ၁၂၀၀ အတွင်းရှိကြောင်းသိရသည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်