www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အသား အရေ လှအောင် ဘာတွေ စားရမလဲ

ဆယ်ကျော် သက်တိုင်း သိချင် လှ တဲ့ မေးခွန်း တစ်ခု ကတော့ "အသား အရေ လှပစိုပြည်အောင် ဘာတွေ စားရမလဲ" ဆိုတာပါပဲ။ မိမိလုပ်သမျှ ဟာ မိမိအပေါ် အကျိုးသက်ရောက်မှုရှိ တယ်ဆိုသလိုပဲ မိမိရဲ့နေထိုင်စား သောက်မှုဟာ မိမိအသားအရေလှပ ချောမွတ်မှုကို သက်ရောက်မှုရှိပါတယ်။ မိမိစားလိုက်တဲ့ အစားအသောက် များကြောင့် ဝက်ခြံ၊ အဖုအပိမ့်နဲ့ အစက်အပြောက်တွေ ထွက်လာနိုင် သလို ကြည်လင်စိုပြည်တဲ့ အသား အရေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။
အသားအရေဆိုတာက လူ့ခန္ဓာ ကိုယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံကာရံ ပေးထားတဲ့ အကြီးဆုံးအင်္ဂါတစ်ခုဖြစ် တဲ့ အရေပြားကို ရည်ညွှန်းတာ ဖြစ် ပါတယ်။ ထိုအရေပြားကို ကောင်း မွန်အောင် အားဖြည့်ပေးနိုင်တဲ့ အာဟာရ ဓာတ်တွေကို သိရှိစေရန် ဖော်ပြလိုက်ရပါတယ်။ အသားအရေ ကို ကောင်းမွန်လှပစေတဲ့ အာဟာရ ဓာတ်များြွကယ်ဝစွာပါဝင်တဲ့ အစား အစာများကတော့ အရောင်အဆင်း အမျိုးမျိုးရှိတဲ့ သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်များပဲ ဖြစ်ပါတယ်။
အဝါ ရောင်၊ အနီရောင်စတဲ့ အရောင် တောက်ပတဲ့ သစ်သီးဝလံ ဟင်းသီး ဟင်းရွက်တွေမှာ ဗီတာမင် A ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် A ဟာ လူ့အရေပြားနဲ့ မျက်စိကျန်းမာ ရေးအတွက် အထူးပင် ကောင်းမွန် လှပါတယ်။ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကိုလည်း အကျိုးပြုစေ နိုင်လို့ ကလေးငယ်တွေကို ဗီတာမင် A ဆေးလုံးတွေကိုတိုက်ကျွေးရပါတယ်။ သင်္ဘောသီး၊ သရက်သီး၊ သခွား သီး၊ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ထောပတ်သီး၊ စပျစ်သီး၊ ပြောင်းဖူး စတဲ့ အရောင်မျိုးစုံလှတဲ့ သစ်သီးဝလံ တွေဟာ အသားအရေလှပမှုအတွက် အထောက်အကူဖြစ်စေတဲ့ အစား အစာများ ဖြစ်ပါတယ်။
အချဉ်ဓာတ် စီးထရစ်အက်စစ်ြွကယ်ဝတဲ့အသီးများဖြစ်တဲ့လိမ္မော်သီး၊ ဆန်းကစ်၊ သံပုရာသီး၊ ဘလူးဘယ်ရီ သီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး စတဲ့ အသီးတွေမှာ ဗီတာမင် C ဓာတ်များစွာပါဝင်လို့ ရောင်ရမ်းမှု ကို သက်သာစေခြင်း၊ အနာ ကျက် လွယ်ခြင်း၊ အသားအရေလှပခြင်း စတဲ့ အကျိုးကျေးဇူးများရှိတဲ့အတွက် အသား အရေ လှပစိုပြည်လိုသူတွေ အားထား သင့်တဲ့ သစ်သီးများပဲ ဖြစ်ပါတယ်။ ဗီတာမင် Cြွကယ်ဝတဲ့ ဟင်းသီး ဟင်းရွက်တွေဟာ အရေပြားထဲက ကိုလေဂျင်ခေါ် အမျှင်ဓာတ်ကို ကျန်းမာပြီး တင်းရင်းစေတဲ့အတွက် အသားအရေကို နုပျိုလှပစေမှာ အမှန် ပါပဲ။
အသား အရေစိုပြည် လှပနေတဲ့ အမျိုးသမီးများကို မေးမြန်းစပ်စု ကြည့်ပါက သူတို့နေ့စဉ်စားတဲ့ အစား အသောက် တွေထဲမှာ အရည်ရွှမ်းတဲ့ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက် များ ပါဝင်နေတာကို တွေ့နိုင်ပါတယ်။ ရေများများသောက်လို့ အသားအရေ လှနေရတာပါလို့လည်းဖြေဆိုကြမှာပါ။ ဗီတာမင် Eြွကယ်ဝတဲ့ အစေ့ အဆန်များကလည်း အသားအရေလှပ မှုကို အထောက်အကူပြုစေပါတယ်။
ဒါ့အပြင် အမျှင်ဓာတ်ြွကယ်ဝတာမို့ ဝမ်းမှန်စေသလို လူကိုနေရထိုင်ရ ကောင်းမွန်စေပါတယ်။ အသားအရေကျန်းမာလှပလို သူများဟာ ဗီတာမင်နှင့်သတ္တုဓာတ်၊ အင်တီအောက်စီးဒင့်များ လုံလောက် မျှတစွာ ရရှိအောင် စားသောက်ပေး ဖို့လိုအပ်ပါတယ်။ အသား၊ ငါး၊ ပဲ အမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို စားသောက်ပေးဖို့ လိုအပ်ပါတယ်။ လက်ဖက်သုပ်နဲ့ထမင်းကို နေ့စဉ်အာ ဟာရပြုနေရသူဆိုရင်တော့လတ်ဆတ် တဲ့ သစ်သီးတွေ၊ ဒါမှမဟုတ် သဘာဝ သစ်သီးဖျော်ရည်တွေကို နေ့စဉ် သောက်ဖြစ်အောင် သောက်ပေးသင့် ပါကြောင်းအကြံပေးလိုက်ရပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်