www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

လေးဆယ် ကျော် တို့၏ ကျန်းမာရေး ပြဿနာများ (အပျိုကြီး အလုံး ၁)

ကျွန်မတို့ တတွေ ယုံကြည် လက်ခံ ထားကြတဲ့ ကံ,ကံ၏အကျိုးပေး အတိုင်း လူသားအချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ဘဝနဲ့ကြမ္မာ ကွဲပြားကြ ပေမယ့် လူသား အားလုံး အတွက်တူညီ တဲ့အချက်တစ်ခုကတော့ လူတိုင်းရဲ့နှလုံး သားမှာ မိခင်ဆိုတဲ့ပုံရိပ်-ထာဝစဉ်ရှိ ကြတာပါပဲ။ လူတိုင်းမှာ မိခင်ဆိုတာရှိသ လိုပဲ-အမျိုးသမီးတိုင်းမှာ မိခင်ဖြစ်ခွင့်နဲ့ မိခင်စိတ်ဆိုတာ ရှိကြပါတယ်။ မိခင် လောင်းလျာများဖြစ်ကြတဲ့ အမျိုးသမီး များမှာ ပုရိသယောကျာ်းများနဲ့မတူ-ခြား နားစွာပဲ အာဝေဏိက ဒုက္ခတရားငါးပါးကို ခံစားကြရပါတယ်။
အာဝေဏိကဒုက္ခ တရားငါးပါးကတော့ ပရိသတ်ကြီးသိပြီး ဖြစ်တဲ့အတိုင်း-
(၁)တစ်လတစ်ခါဓမ္မတာရာသီသွေး သွန်ရခြင်း၊
(၂) အိမ်ထောင်ပြုပြီးလင်ယော ကျာ်း၏ နောက်သို့လိုက်ပါရခြင်း၊
(၃) လင်ယောကျာ်း၏ခြေရင်း အလုပ်အကျွေးအဖြစ်ပြုရခြင်း၊
(၄) ကိုယ်ဝန်ဆောင်ရခြင်း၊
(၅) မီးဖွားရခြင်းတို့ ဖြစ်ကြပါ တယ်။ အဲဒီထဲကမှ အမျိုးသမီးတိုင်းမလွဲမ သွေရင်ဆိုင်ကြုံတွေ့ရတဲ့ အာဝေဏိ ကဒုက္ခတရားကတော့ တစ်လတစ်ခါ ဓမ္မတာရာသီသွေးသွန်ရခြင်းပါပဲ။
အဲဒီ ဓမ္မတာ သွေးသွန်ရခြင်းဒုက္ခတရား တစ်ခုကလွဲရင် ပုရိသေ ယာကျာ်းများ နီးပါး လောက် ကို သောက ဒုက္ခ တရား၊ ပြဿ နာများအေးငြိမ်းလှတယ်လို့ အများက ထင်မြင်ယူဆထားကြတဲ့ ဣတ္ထိယခေါ် အမျိုးသမီးတို့မှာ အပျိုကြီးမမတို့ပါပဲ။ ဒါပေမယ့် အဲဒီလိုအာဝေဏိကဒုက္ခတ ရား(၅)ပါးမှာ(၄)ပါး ငြိမ်းနေတယ်လို့ ဆိုပေမယ့် အဲဒီလိုငြိမ်းနေလို့လည်း "အပျိုကြီးအလုံး" ဆိုတဲ့ကျန်းမာရေးပြဿ နာက ပေါ်လာရပြန်တာများလား . . .။
အပျိုကြီးတွေမှာအဖြစ်များလို့ အပျိုကြီးအလုံးလို့ခေါ်ပေမယ့် အဲဒီ အသားလုံးဟာ အိမ်ထောင်ကျနောက် ကျတဲ့ အမျိုးသမီးတွေ၊ ကလေးမွေးတာ နည်းတဲ့အမျိုးသမီးတွေ၊ အသက်ကြီးမှအိမ် ထောင်ကျ၊ အသက်ကြီးမှကလေးမွေး၊ ကလေးကလည်း တစ်ယောက်-နှစ် ယောက်လောက်ပဲမွေးတဲ့အမျိုးသမီးတွေ၊ ကလေးတစ်ယောက်ယူပြီး အကြာကြီး နေပြီးမှ နောက်တစ်ယောက်ယူတဲ့ အမျိုး သမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ သားအိမ်မှာရှိတြဲွ့ကက်သားတွေဟာ အချိန်တန်လို့ အိမ်ထောင်သားမွေးအ လုပ်လုပ်ချင်တာကို သူ့အလုပ်သူမလုပ် ရတဲ့အခါ၊ သူ့အလုပ်သူမလုပ်ရတာ ကြာတဲ့အခါ အသားလုံးထွက် လာတဲ့သ ဘောပါပဲ။
နောက်တစ်ခုက-အီစထရိုဂျင် ဟော်မုန်းဓာတ်ပိုများရင်လည်း အဲဒီအမျိုး သမီးရဲ့သားအိမ်မှာ အသားလုံးထွက်လာ တတ်ပါတယ်။ ဒီအသားလုံးဟာ ကင်ဆာ(Cancer) မဟုတ်တဲ့ ရိုးရိုး အလုံး (Benign Tumor) ဖြစ်ပါ တယ်။ အမျိုးသမီးထုအတွင်းမှာအဖြစ်အများ ဆုံးဖြစ်တဲ့ ကင်ဆာမဟုတ်တဲ့အလုံးထဲမှာ ဒီအလုံးဟာ ထိပ်ဆုံးကပါဝင်ပါတယ်။ အဲဒီအလုံးဖြစ်တတ်တဲ့ အသက်အပိုင်းအ ခြားကို ယေဘုယျအားဖြင့်ပြောပြရ မယ်ဆိုရင် အသက်(၄၀)ကျော်ပတ် ဝန်းကျင်၊ အသက်(၅၀-၆၀)အရွယ်များမှာ ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါးအသက် (၃၀)ဝန်းကျင် လောက်မှာဖြစ်တာလည်း တွေ့ရဖူးပါတယ်။ ဒီအသားလုံးရဲ့သဘာဝက ဟော်မုန်း ပေါ်တည်မှီနေခြင်း (Hormone dependence) ဖြစ်တာများပါတယ်။
အ ရွယ်ရောက်ပြီးလို့အပျိုဖော်ဝင်စကစပြီး သွေးမဆုံးခင်စပ်ကြား အိမ်ထောင်သား မွေးအရွယ်မှာ ရာသီသွေးသားအပေါ် ဟော်မုန်းဓာတ်ရဲ့လွှမ်းမိုးခြယ်လှယ်မှုက အရေးပါလှပါတယ်။ ဟော်မုန်းဓာတ်များရဲ့ လွှမ်းမိုးခြင်း ပြောင်းလဲမှုများအောက်မှာ သားအိမ်ကနေ လစဉ်ဓမ္မတာသွေးဆင်းခြင်း အလုပ်ကို စလုပ်ပါတယ်။ အပျိုဘော်ဝင်ခြင်းပါ။ အရွယ်ရောက်လာတဲ့အခါ အိမ်ထောင် ကျမယ်။ အိမ်ထောင်ကျရင် ကိုယ်ဝန် ရှိလာနိုင်ပါတယ်။ ကိုယ်ဝန်ရှိမယ်ဆိုရင် တော့ သားအိမ်မှာရှိတြဲွ့ကက်သားတွေ၊ အ သားစိုင်တွေက(၂)နှစ်တစ်ခါ (၃)နှစ်တစ် ခါ၊ ဒါမှမဟုတ် အိမ်ထောင်ကျပေမယ့် ကလေးမရဘဲနဲ့ ကလေးမရှိတဲ့အိမ်ရှင်မ ဖြစ်မယ်။ ကလေးမွေးပြန် ရင်လည်း (၄- ၅)ယောက်မွေးတာမဟုတ်ဘဲ (၁)ယောက် (၂)ယောက်မွေးတဲ့ သားသမီးနည်းတဲ့ အိမ်ရှင်မဖြစ်မယ်။
ဒါမှမဟုတ် အကြောင်း အမျိုးမျိုးကြောင့် နောက်ဆုံးကလေးရပြီး (၈)နှစ်-(၉)နှစ်-(၁၀)နှစ်စသဖြင့် မမွေးတာ သိပ်ကြာပြီဖြစ်တဲ့ အိမ်ရှင်မဖြစ်မယ်။ ဒီအခြေအနေတွေမှာ သားအိမ်က အနားရတာ၊ သူ့အလုပ်သူမလုပ်ရတာ များသွားမယ်၊ အဲဒီလိုများသွားတဲ့အခါ ဒီအလုံးက ပိုပိုထြွကလာတတ်ပါတယ်။ အလုံးလေးတွေရှိတိုင်း လူနာကသိ တာ မဟုတ်တော့ ဘာမှမခံစားရဘူးဆိုရင် ဆေးရုံဆေးခန်းလာပြလေ့ မရှိကြပါဘူး။ များသောအားဖြင့် ဆေးရုံဆေးခန်းကိုလာ ရောက်ပြသကြတာကတော့- (၁) အလုံးစမ်းမိလို့လာတဲ့လူနာ၊ ဥပမာအားဖြင့် ဆီးစပ်မှာ၊ ဝမ်းဗိုက် အောက်ပိုင်းမှာ အလုံးစမ်းမိရင် လာ ပြတတ်ပါတယ်။ (၂) သွေးသားဖောက်ပြန်လို့လာ တဲ့လူနာ၊ သွေးသားဖောက်ပြန်လို့ဆိုတာ (၂)ပိုင်းခွဲလို့ရပါတယ်။ အလုံးရှိနေတဲ့အ နေအထားပေါ်မူတည်ပြီး ဓမ္မတာသွေးတစ် လတစ်ခါပေါ်မယ့်အစား (၂)ခါ(၃)ခါပေါ် တယ်။ ဒီလိုမှမဟုတ်ရင် တစ်လမှာတော့ တစ်ခါပါပဲ။ ဒါပေမယ့် (၃)ရက်ပေါ် နေကျကနေ-(၁၀)ရက်(၁၅)ရက်အထိ များသွားတတ်တာရှိပါတယ်။
အဲဒီလိုသွေး သားဖောက်ပြန်မှုကြောင့်လာတာက တစ်မျိုးပါ။ (၃)နောက်တစ်မျိုးကတော့ သွေး ပေါ်တာလည်း တစ်လ-(၂)ခါ(၃)ခါတော့ မဖြစ်ပါဘူး။ သွေးပေါ်တဲ့ရက်လည်း မများပါဘူး။ ဒါပေမယ့် သွေးပေါ်ခြင်း နဲ့ယှဉ်ပြီး ကိုက်ခဲနာကျင်ပါတယ်။ ဒါ ကြောင့်လာတာရှိပါတယ်။ (၄) ကလေးတော်တော်နဲ့မရနိုင် လို့လာတဲ့လူနာ၊ အဲဒီလိုလူနာကို စမ်း သပ်စစ်ဆေးကြည့်လိုက်တဲ့အခါ အသား လုံးက သားအိမ်အဝင်အဝမှာရှိနေတာ ကြောင့် အဖိုမျိုးစေ့ကအပေါ်မတက်နိုင် တော့ သားမျိုးဥမရပါဘူး။ တစ်ခါတစ်ရံ လည်း သားဥြွပန်နဲ့သားအိမ်ဆက်တဲ့ နေရာ(Utero-tubal junction)မှာ အသားလုံးက ရှိနေတာပါ။ အဖိုမျိုးစေ့က အပေါ်အထိမတက်နိုင်တော့ သားသမီး မရနိုင်တာဖြစ်ပါတယ်။ သားသမီးရချင်ပါ လျက်မရနိုင်လို့ နားလည်ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမများနဲ့ပြသကြည့်လိုက် တဲ့အခါ Myoma လို့ခေါ်တဲ့အသားလုံးရှိ နေတာ သိရပါတယ်။ အဲဒီလိုမျိုး သားသမီးရဖို့ခဲယဉ်းလို့ဆိုတဲ့ပြဿနာနဲ့ လည်းလာနိုင်ပါတယ်။ (၅) နောက်တစ်ခုက အတိအကျ မဟုတ်ပေမယ့် အမျိုးသမီးတစ်ယောက် ရဲ့ခန္ဓာဗေဒဖွဲ့စည်းမှုမှာ သားအိမ်ရဲ့ဝန်းကျင်၊ အိမ်နီးချင်းတွေရှိနေတာ-သူ့နောက် တည့် တည့်မှာ အစာဟောင်းအိမ်နဲ့အူမကြီး ရှိပါတယ်။
သူ့ရှေ့တည်တည့်မှာ ဆီး အိမ်နဲ့ဆီြးွပန်ရှိပါတယ်။ တကယ်လို့ အသားလုံးဖြစ်လာလို့ သားအိမ်က ရှိသင့်တဲ့အရွယ်ထက် ကြီးလာတဲ့အခါ ရှေ့ကဆီးအိမ်ကိုလည်း သွားဖိမိပါတယ်။ နောက်ကအစာဟောင်းအိမ်၊ အူမကြီးကို လည်း သွားဖိပါတယ်။ ရှေကိုသွားဖိရင် ဆီးခဏခဏသွားတာ၊ ဆီးမသွားနိုင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီးရောဂါခဏ ခဏဖြစ်တာ ဆီးစပ်ကိုက်တာဖြစ်နိုင်သလို နောက်ဘက်ကိုသွားဖိရင် ဝမ်းချုပ်တာ၊ ဝမ်းသွားရခက်တာ၊ ဒီလိုမျိုးလက္ခဏာ တွေ ဖြစ်လေ့ရှိပါတယ်။ (၆) အမျိုးသမီးတစ်ဦးမှာ နဂိုအရွယ် အစား-သားအိမ်သေးသေးလေးရှိမယ့် အစားအကြီးကြီးရှိနေရင် ဗိုက်ကနေ ဒါကို စမ်းလို့မရသေးတဲ့တိုင်အောင် အထဲထဲမှာ လေးသလိုလို၊ တင်းကျပ်နေသလိုပဲလို့ ပြောလေ့ရှိပါတယ်။ တင်ပါးဆုံ အရိုး ကွင်းထဲကသားအိမ်ရှိနေတဲ့နေရာလောက် က တင်းကျပ်ကျပ်ကြီး၊ လေးလေးကြီး ဖြစ်နေတယ်ဆိုတဲ့ ညည်းညူးသံတွေနဲ့ လာတာလည်း ရှိတတ်ပါတယ်။ အဲဒီလိုဒုက္ခ၊ပြဿနာတွေတစ်ပုံ တစ်ပင်ပေးတတ်တဲ့ ကင်ဆာမဟုတ်တဲ့ (Myoma)လို့ခေါ်တဲ့အသားလုံး-ဘာဖြစ် လို့ဖြစ်လာရတာပါလိမ့်၊။ (ဆက်လက်ဖော်ပြပါမည်။) နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်