www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဦးနှောက်ကို ပျက်စီး စေသော အလေ့ အထများ

(၁) နံနက် စာ မစား ခြင်း
မနက် ပိုင်း အစာ မစားတဲ့ သူတွေ မှာ သွေးတွင်းသကြားဓာတ်လျော့ နည်းနေသည့်အတွက် ဦးနှောက်သို့ ထောက်ပံ့သော အာဟာရဓာတ်မလုံ လောက်မှုဖြစ်ကာ ဦးနှောက်ကို ပျက် စီးစေနိုင်ပါသည်။
(၂) အစားအလွန် အကျွံစားခြင်း
ဦးနှောက်သွေးလွှတ်ကြောများ ကို မာခဲကျဉ်းမြောင်းစေပြီး ဦးနှောက် စွမ်းအားလျော့နည်းသွားသည်။
(၃) ဆေးလိပ်သောက်ခြင်း
ဦးနှောက်ကို ကျုံ့သွားစေပြီး အယ်လ်ဇိုင်းမား သတိမေ့ရောဂါ စွဲ ကပ်လာနိုင်သည်။
(၄) အချိုစားသုံးမူများခြင်း
သကြားအချိုပမာဏများလွန်း နေခြင်းသည် ပရိုတင်းနှင့်အာဟာရ ဓာတ်များ စုပ်ယူမှုကို ဝင်ရောက်နှောင့် ယှက်သည့်အတွက် အာဟာရဓာတ် ချို့တဲ့လာကာ ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေသည်။
(၅) လေထုညစ်ညမ်းခြင်း
ဦးနှောက်သည် အောက်စီဂျင် များစွာလိုအပ်သော အင်္ဂါအစိတ်အပိုင်း ဖြစ်သည်။ ညစ်ညမ်းသောလေများ ရှူရှိုက်မိခြင်းသည် ဦးနှောက်စွမ်းရည် ကို ကျဆင်းသွားစေသည်။
(၆) အိပ်ရေးပျက်ခြင်း
အိပ်ပျော်နေသည့်အခါ လူ့ ဦးနှောက်သည် အနားယူရပါသည်။ ကာလကြာရှည်စွာ အိပ်ရေးပျက်သည့် အခါ ဦးနှောက်ကလာပ်စည်းများ သေ ဆုံးမှုများပြားလာသည်။
(၇) ခေါင်းမြီးခြုံအိပ်ခြင်း
စောင်ခေါင်းမြီးခြုံအိပ်ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို မြင့် မားစေပြီး အောက်စီဂျင်ပမာဏလျော့ နည်းသွားစေသည့်အတွက် ဦးနှောက် ကို ထိခိုက်ပျက်စီးစေသည်။
(၈) နေမကောင်းနေစဉ် ဦးနှောက်ကို အနားမပေးခြင်း
နေထိုင်မကောင်းဖြစ်နေစဉ် စာ ကျက်ခြင်း သို့မဟုတ် ပြင်းထန်စွာ အလုပ်လုပ်ခြင်းတို့သည် ဦးနှောက်၏ စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး ဦး နှောက်ကိုလည်း ထိခိုက်ပျက်စီးစေပါ သည်။
(၉) အတွေးများကင်းမဲ့နေခြင်း
တွေးတောစဉ်းစားခြင်းသည် ဦး နှောက်ကို လေ့ကျင့်ပေးသည့် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ အတွေးကင်းမဲ့သောဦးနှောက်သည် ကျုံ့သွားနိုင်သည်ဟု သုတေသီများက ဆိုကြသည်။
(၁၀) စကားနည်းခြင်း
အသိပညာဆိုင်ရာ စကားစမြည် ဆွေးနွေးပြောဆိုမှုများသည် ဦးနှောက် စွမ်းရည်ကို မြှင့်တင်ပေးသည်။
Ref:Internet

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်