www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဆေးကိုပိုင်းခြမ်း၍ သောက်ခြင်းသည် ဆေးအာနိသင်ပမာဏ လွဲမှားနိုင်

သောက်ဆေးများ သောက်ရာတွင် ဆေးကိုတစ်လုံးလုံး သောက်ခြင်း မဟုတ်ဘဲ တစ်ခြမ်းခြမ်း၍ သောက်သုံးပါက ဆေးချိန်ပမာဏ လွဲမှားမှုများ ဖြစ်ပေါ်စေပြီး ဆိုးရွားသည့် ကျန်းမာရေး အကျိုး ဆက်များ  ဖြစ်နိုင်ခြေ ရှိကြောင်း ဆေးပညာရှင်များ၏ လေ့လာချက်အရ သိရသည်။
အဓိက ကတော့ ရောဂါတစ် ခုဖြစ်လို့ ဆေးပေးရင် တစ်လုံး လုံး သောက်တာ ပိုကောင်းတယ်။ တစ် ခြမ်းပဲသောက်တော့ ဆေးရဲ့ အာနိ သင်ကလျော့သွားပြီး ထိရောက်မှု ပိုင်းမှာလည်း နှောင့်နှေးသွားနိုင်တာ ပေါ့။ လူတော်တော်များများက တော့ ဒါကို သိပ်သတိမထားမိ ကြဘူး။ အမှန်ကတော့ လိုပါတယ်။
အကျိုးဆက်ဘာတွေဖြစ်နိုင်လဲဆို တော့ အာနိသင်တစ်ဝက်ပဲရှိတော့ ရောဂါက ၁ ရက်နဲ့ ပျောက်မှာက ၂ ရက် ၃ ရက်ဆက်ကုရမယ်။ နောက်ရောဂါက အလျဉ်မီမပျောက် တော့ တခြားရောဂါတွေက ဝင် လာဖို့ အခွင့်သာသွားတာပေါ့ ဟု အထွေထွေရောဂါကု ဆရာဝန် ဦးသက်ထွေးက ပြောကြားသည်။
ယင်းသို့ ဆေးကိုတစ်ခြမ်းခြမ်း ပြီး သောက်သုံးရန် အသုံးပြုကြ သည့်ကိရိယာမှာ ကတ်ကြေးနှင့် မီးဖိုချောင်သုံး ဓားများဖြစ်ပြီး ၄င်း တို့အားသုံး၍ ပိုင်းခြမ်းမှုတွင် ၁၃ ရာခိုင်နှုန်းမှာ ဆေးပမာဏလွဲမှားနိုင် ကြောင်း သိရသည်။ ဥပမာပြောရရင် ၁၀ဝ မီလီ ဂရမ် ဆေးပြားကို တစ်ဝက်ပိုင်းတဲ့ အခါမှာ ၄၅ မီလီဂရမ်ပိုင်းနဲ့ ၅၅ မီလီဂရမ်ပိုင်းပဲ ရတာမျိုး ဖြစ်တယ်။ အချိုးအစားတိတိကျကျ ရတာမဟုတ် ဘူး။ ဒါကြောင့် ကိုယ့်မှာ လိုအပ် တဲ့ ပမာဏထက် နည်းသွားနိုင် တာပေါ့ ဟု အထက်ပါ ဆရာဝန် က ရှင်းပြသည်။
ယင်းကြောင့် ဆေးကုမ္ပဏီ များအနေနှင့်လည်း ဆေးပြားပမာ ဏ အမျိုးမျိုးထုတ်လုပ်ရာတွင် ဆေးပြားပိုင်းခြမ်းစားရန် မလိုအပ် အောင် လုပ်ရန် လိုအပ်ကြောင်း၊ ဆေးရည်များတွင်လည်း ဇွန်းနှင့် တိုက်သည်ထက် အမှတ်အသားပါ သည့် ဆေးထိုးပြွန်၊ ခွက်တို့ဖြင့် တိုက်ကျွေးခြင်းက ဆေးအချိန် အဆအား ပိုမိုတိကျမှန်ကန်မည် ဖြစ် ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဦးသက်ထွေးက အကြံပြု ပြောကြားသည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်