www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

မျက်ကွင်းညိုခြင်းမှပျောက်ကင်းစေဖို့

မျက်ကွင်းညိုခြင်းဆိုတာကို လူတိုင်းကြုံဖူးကြမှာပါ။ အိပ်ရေးပျက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အာဟာရချို့တဲ့ခြင်း၊ မျိုးရိုးလိုက်ခြင်းတို့အပြင် တစ်ချို့ရောဂါတွေကြောင့်လည်း မျက်ကွင်းညိုနိုင်ပါတယ်။ အသက်အရွယ်ကြီးရင့်လာလို့ မျက်ဝန်းတစ်ဝိုက်က အရေပြားတွေ ပါးလာတဲ့အခါမှာလည်း မျက်ကွင်းညိုနိုင်ပါတယ်။ မျက်ကွင်းညိုနေလို့ စိတ်ညစ်နေရတဲ့ သူတွေအတွက် လွယ်ကူသက်သာတဲ့ နည်းလေးတွေကို မိတ်ဆက်ပေးပါရစေ။
* တစ်နေ့ကို ရေ ၁၀ ဖန်ခွက်သောက်ပါ။
* တစ်နေ့ကို ၈ နာရီခန့် အိပ်စက်သင့်ပါတယ်။
* ဆားလျော့စားပါ။ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာများကို စားပါ။ Vitamin K နဲ့ Vitamin B12 ချို့တဲ့ခြင်းကြောင့် မျက်ကွင်းညိုနိုင်ပါတယ်။ လက်ဘက်စိမ်းနဲ့ Anti-oxident တွေကလည်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကြောင့်ဖြစ်တဲ့ မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေပါတယ်။ မျက်စိအားစိုက်ရတဲ့အလုပ်တွေကို တတ်နိုင်သလောက်လျှော့ပါ။
* သင့်ခန္ဓာကိုယ်၊ စိတ်နဲ့ မျက်လုံးတို့ကို တတ်နိုင်သလောက် ဖြေလျှော့ပြီး အနားပေးပါ။
* နေပူထဲသွားတော့မယ်ဆိုရင် Suncream နဲ့ နေကာမျက်မှန်ကို ဘယ်တော့မှ မမေ့ပါနဲ့။
* မျက်ဝန်းတစ်ဝိုက်မှာ ခရမ်တွေ၊ မိတ်ကပ်တွေကို အကြာကြီးလိမ်းမထားပါနဲ့။
* ညအိပ်ရာဝင်ခါနီးမှာ မျက်ဝန်းတစ်ဝှိက်က မိတ်ကပ်တွေကို ကုန်စင်အောင်ဖျက်ပေးရပါမယ်။
* အာလူး(သို့မဟုတ်)သခွားသီးကို ပါးပါးလှီးပါ။ မျက်ခွံပေါ်တွင် မိနစ်၂၀ခန့်တင်ထားပြီးရေနွေးနှင့် မျက်နှာသစ်ပါ။နေ့စဉ်ပြုလုပ် သွားမယ် ဆိုရင်တစ်ပတ်လောက်မှာ သိသိသာသာ သက်သာသွားနိုင်ပါတယ်။
* သံပုရာရည်နဲ့ ခရမ်းချဉ်သီးကို ဆတူရောမွှေပြီး မျက်ကွင်းညိုနေတဲ့နေရာကို တစ်နေ့ ၂ ကြိမ် လိမ်းပေးနိုင်ပါတယ်။
* အိပ်ရာဝင်ခါနီးမှာ မက်မွန်ဆီကိုသုံးပြီး မျက်ဝန်းတစ်ဝိုက်ကို နှိပ်နယ်ပေးပါ။ ၂ပတ်ခန့် ကြာတဲ့အခါ မျက်ကွင်းညိုတာ သိသာစွာပျောက် ကင်းသွားတာကို တွေ့ရမှာပါ။
* ဗီတာမင်အီးကို အသုံးပြုပြီးတော့လည်း မျက်ဝန်းတစ်ဝိုက်ကို နှိပ်နယ်ပေးနိုင်ပါတယ်။
* ခရမ်းချဉ်သီးဖျော်ရည် တစ်ဇွန်း၊ သံပရာရည် ဇွန်းတစ်ဝက်၊ ဂျူံမူန့်တစ်ဇွန်း၊ နနွင်း အနည်းငယ်တို့ကို ရောမွေပြီး မျက်ဝန်းတစ်ဝိုက်မှာ လိမ်းပါ။ ဆယ်မိနစ် ခန့်ကြာလျှင် မျက်နှာသစ်လိုက်ပါ။
* သုံးပြီးသား လက်ဖက်ခြောက် ထုပ်လေးများကိုရေခဲသေတ္တာထဲမှာ တစ်ညထားပါ။ နံနက်အိပ်ရာ နိုးချိန်မှာ လက်ဖက် အိပ်အေးအေးလေးကို မျက်ခွံပေါ်တွင် ၁၅ မိနစ်ခန့် တင်ထားပေးခြင်းဖြင့် မျက်လုံးဖောင်းအစ်ခြင်းနှင့် မျက်ကွင်းညိုခြင်းကို သက်သာစေပါတယ်။ သတိပြုရမှာကတော့ ရိုးရိုးလက်ဖက်ခြောက်ထုပ် ဖြစ်ရပါမယ်။ ဓာတုပစ္စည်းနဲ့ တခြားဆေးဖက်ဝင် အရွက်တွေပါတဲ့ လက်ဖက်အိတ်တွေကို မသုံးရပါဘူး။
ဆောင်ရန် ရှောင်ရန်လေးတွေကို သတိပြုပြီး လွယ်ကူတဲ့နည်းလမ်းလေးတွေနဲ့ မျက်ကွင်းညိုခြင်းကင်းတဲ့အလှကို ပိုင်ဆိုင်နိုင်ကြပါစေ..

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်