www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

လေ့ကျင့်ခန်း များများလုပ်ဆောင်ခြင်းဖြင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်ကြပါစို့

အမျိုးသားများအား ဘေးဥပဒ် အပေးဆုံး ရောဂါဆိုး တစ်ခု ဖြစ်သည့် ဆီးကြိတ်ကင်ဆာ ကာကွယ် ကုသရေးအား အလေးထားဆောင်ရွက်လျက်ရှိသလို သုတေသန စမ်းသပ်မှုများလည်း များ စွာလုပ်ဆောင်လျက်ရှိရာ ယခုနောက် ဆုံးတွေ့ရှိချက်အရ လေ့ကျင့်ခန်းများများ လုပ်ဆောင်ခြင်းသည်လည်း ကာကွယ် ရေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်းသိ ရသည်။ ရေကူးခြင်းတို့ကို ရက်သတ္တ ပါတ်တပါတ်လျှင် ၃ နာရီခန့်ပုံမှန်လုပ် ဆောင်ခြင်းသည်လည်း ဆီးကြိတ်ကင် ဆာကုထုံးတစ်ရပ်ဖြစ်ကြောင်း ဘော်စ တွန်အခြေစိုက်ဘာမင်ဂမ်ဆေးရုံကြီးမှ ဒေါက်တာအန်ထော်နီဒီမာကိုမှ ပြော ကြားသွားပါသည်။ အမေရိကန်ကင်ဆာသုတေသန ဌာနမှ ထုတ်ပြန်ခဲ့သည့်စစ်တမ်းအရ လည်း ၂ နှစ် သုတေသနပြုမူအရ တစ်နာရီ ၃ မိုင်ခန့်လမ်းလျှောက်ပေး သည့် ဝေဒနာရှင်များသည် လေ့ကျင့် ခန်းမပြုလုပ်သူများထက် ဝေဒနာခံစား ရမှုလျော့နဲပါးကာ သေဆုံးမှုပမာဏ နည်းပါးသည်ကိုသိရှိရပေသည်။ လေ့ ကျင့်ခန်းပြုလုပ်ခြင်းဖြင့်ကင်ဆာဆဲလ် များအားဟန့်တားစေသည်။ မော်လီကျူးလားလုပ်ငန်းစဉ်ကိုမူ လေ့လာဆဲဖြစ်ညပီး ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာဆဲလ်များလည်း ကြီးထွားမှုနှုံးနှေးကွေးစေကြောင်းသိရှိရ သည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်