www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ငါးကို ပို၍စားခြင်းသည် ငယ်ရွယ်သော အမျိုးသမီးများ၌ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို တားဆီးပေးနိုင်





























ငယ်ရွယ်သော အမျိုးသမီးများအနေဖြင့် အိုမီဂါ-၃ အဆီအက်စစ် ကြွယ်ဝသော ငါးများကို ပို၍စားပေးရုံဖြင့် နှလုံးရောဂါနှင့် သွေးကြောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသန အသစ်တစ်ရပ်အရ သိရသည်။ အမေရိကန်နှလုံး ရောဂါအဖွဲ့အစည်း၏ ဂျာနယ်၌ အဆိုပါတွေ့ရှိချက်ကို ဒီဇင်ဘာလ ၆ရက်နေ့က ဖော်ပြခဲ့သည်။ ပထမဆုံးအဖြစ် ကလေးမွေးဖွားနိုင်သည့် အသက်အရွယ်တွင်ရှိသော ဒိန်းမတ်နိုင်ငံမှ အမျိုးသမီးများကို လေ့လာခဲ့ရာတွင် ရှစ်နှစ်အတွင်း၌ ငါးကိုစားသုံးလေ့မရှိသော အမျိုးသမီးများသည် ငါးကိုပုံမှန်စားသုံးသော အမျိုးသမီးများထက် နှလုံးနှင့် သွေးကြောရောဂါများ ဖြစ်နိုင်ခြေ ၅ဝရာခိုင်နှုန်း ပို၍များပြားကြောင်း တွေ့ရှိခဲ့ရသည်။ ငါးကိုစားလေ့ မရှိသော အမျိုးသမီးများကို အိုမီဂါ-၃ ကြွယ်ဝသော ငါးကိုအပတ်စဉ် စားသုံးသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ငါးစားလေ့မရှိသူများသည် နှလုံးနှင့်သွေးကြော ရောဂါများဖြစ်နိုင်ခြေ ၉ဝရာခိုင်နှုန်းအထိ ပိုမိုကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ သုတေသနအဖွဲ့သည် အသက်၁၅နှစ်မှ ၄၉နှစ်အတွင်းရှိသော အမျိုးသမီးပေါင်း ၄၉,ဝဝဝ ကိုလေ့လာခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်