www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ကလေးငယ်များတွင် အဖြစ်များသော နှာခေါင်းနှင့် နားပြဿနာများ

ကလေးတွေဟာ စကားမပြောတတ်သေးတဲ့ လသားအရွယ်မှာ နှာခေါင်းနဲ့ နားပြဿနာတွေကြောင့် စူးစူးရှရှ ငိုကြွေးတတ်ကြပါတယ်။ မိဘတွေအနေနဲ့ အကြောင်းရင်းမသိလို့ ကုသမှုမပေးမိရင် နောက်ဆက်တွဲပြဿနာတွေ ရရှိတတ်တဲ့အတွက် ဂရုစိုက်ပေးဖို့လိုပါတယ်။
နှာခေါင်းသွေးယိုခြင်း
ကလေးတွေမှာ ဖြစ်တတ်တဲ့နှာခေါင်းသွေးယိုခြင်းဟာ ယေဘုယျအားဖြင့် အန္တရာယ်မရှိတတ်ပါဘူး။ အများအားဖြင့် အသက် ၁၂-၁၅ နှစ်လောက် ရောက်သွားတဲ့အခါ သက်သာသွားတတ်ပါတယ်။
ဘာကြောင့်ဖြစ်ရသလဲ
ဓာတ်မတည့်မှုနဲ့ အအေးမိခြင်းကြောင့် ကလေးဟာ နှာခေါင်းထဲ လက်နှိုက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နှာချေခြင်းနဲ့ နှာခေါင်းပွတ်ခြင်းတို့ ပြုလုပ်ရာမှ နှာခေါင်းသွေးယိုတတ်ပါတယ်။
အိမ်မှာ သက်သာအောင်
ကလေးကို ထိုင်ခိုင်းပြီး ခေါင်းကို ရှေ့သို့ ညွတ်ခိုင်းပါ။ ပြီးရင် နှာခေါင်းပေါက်ရဲ့ ပျော့ပျောင်းတဲ့ အောက်ပိုင်းအစိတ်အပိုင်းကို ငါးမိနစ်လောက် လက်မနဲ့ လက်ညှိုးသုံးကာ ဖိထားပါ။ အဲဒီအချိန်မှာ ကလေးကို ပါးစပ်နဲ့ အသက်ရှူခိုင်းပါ။
နားတွင်းကူးစက်ပိုးဝင်ခြင်း
အလယ်နားမှာ အရည်စုပုံပြီး ရောင်ရမ်းတဲ့အခါ နားကိုက်ခြင်းနဲ့ အကြားအာရုံဆုံးရှုံးခြင်းတွေကို ခံစားရတတ်ပါတယ်။ ကလေးဟာ ဂျီကျငိုယိုခြင်း၊ မအိပ်ခြင်း၊ နားကိုက်ခြင်းနဲ့ လှုပ်ရှားတက်ကြွမှုမရှိခြင်းတို့ ဖြစ်တတ်ပါတယ်။
ဘာကြောင့်ဖြစ်ရသလဲ
နားထဲကို ရေဝင်တာကြောင့် နားစည်ပြွန်ပိတ်ဆို့ပြီး နားထဲက အရည်တွေ အပြင်ကို မထွက်နိုင်တဲ့အခါ ဖြစ်လေ့ရှိပါတယ်။
အိမ်မှာသက်သာအောင်
အလယ်နားထဲမှာ ရေရှိရင် ပိုးဝင်နိုင်ခြေများတဲ့အတွက် နားကို ခြောက်သွေ့အောင်ထားပါ။ နားထဲကို ရေပန်းနဲ့ ရေမလောင်းပါနဲ့။
နားဖာချေးပိတ်ဆို့ခြင်း
နားအရေပြားရဲ့ အပေါ်ပိုင်းအလွှာဟာ နားဖာချေးကို အပြင်သို့ တွန်းထုတ်လေ့ရှိတာကြောင့် နားဖာချေးဟာ နားထဲကနေ သဘာဝအတိုင်း ထွက်လေ့ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် နားဖာချေးဟာ အလိုလို မထွက်ဘဲ နားထဲပြည့်နေရင် အကြားအာရုံ ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်ပါတယ်။ နားထဲ ရေဝင်သွားတဲ့အခါ နားဖာချေးတွေ ပိတ်ဆို့နေတတ်ပါတယ်။ အဲဒီအခါ နားကိုက်ခြင်းနဲ့ ရုတ်တရက်အကြားအာရုံဆုံးရှုံးခြင်းတွေကို ခံစားရတတ်ပါတယ်။
ဘာကြောင့်ဖြစ်ရသလဲ
နားထဲမှာ နားဖာချေးထုတ်လုပ်မှုများခြင်း ဒါမှမဟုတ် နားဖားချေးကို အပြင်သို့ အလိုလိုမထုတ်နိုင်ခြင်း။
အိမ်မှာ သက်သာအောင်
အထူးပြုလုပ်ထားတဲ့ နားဖာချေးထုတ်ကိရိယာသုံးကာ ထုတ်ခြင်း ဒါမဟုတ်သတ္တုဆီနဲ့ ဂလစ်စရင်း အလှဆီတွေထည့်ပေးရင် နားဖားချေးကို ပျော့သွား စေပါတယ်။
မာတဲ့ နားဖာချေးကို ပျော့သွားစေပါတယ်။ အတင်းဆွဲထုတ်ရင် နားစည်မှာ ပွန်းပဲ့မှုနဲ့ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ နားကြပ်တံသုံးပြီးလည်း နားဖာချေးကို မထုတ်သင့်ပါ။ နား၊ နှာခေါင်းနဲ့ လည်ချောင်း အထူးကုဆရာဝန်ဆီ သွားပြသင့်ပါတယ်။
Ref : Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်