www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ရှက်ရှက်မှာ ဖြစ်သော ကင်ဆာ

ရှက်ရှက် လို့ခေါ်တဲ့ မိန်းမကိုယ် မှာ ဖြစ်တဲ့ ကင်ဆာတွေဟာ မျိုးပွား အင်္ဂါနဲ့ ဆိုင်တဲ့ ကင်ဆာ တွေအား လုံး ထဲမှာ တကယ် တမ်းကျတော့အဖြစ် အနည်းဆုံး ကင်ဆာ တစ်မျိုးပေါ့။ အားလုံးရဲ့ ၅ ရာခိုင် နှုန်းလောက်ပဲရှိတယ်လို့ ဆိုကြတယ်။ များသောအားဖြင့်ကတော့ အသက်ကြီး ကြီးအမျိုးသမီးတွေမှာ ပိုဖြစ်ကြတယ်။
အ များဆုံးတွေ့ရတတ်တဲ့ အသက်အပိုင်း အခြားက ၅၀ နဲ့ ၇၅ နှစ်ကြားမှာလို့ ဆိုကြတော့ အတွေ့အများဆုံးပျှမ်းမျှအ သက်ကတော့ ၆၀ လို့ဆေးစာအုပ်တွေထဲ မှာတွေ့ရပါတယ်။ ဒါပေမဲ့ အစ်ကို တို့တွေ့ကြုံနေရ တဲ့ ပြင်ပ လက်တွေ့ ကမ္ဘာကြီးမှာတော့ ဒီကင် ဆာကို အသက်သိပ်မကြီးသေးတဲ့အမျိုး သမီးလတ်လတ်တွေ အငယ်တွေမှာ တစ်စတစ်စပိုပြီးတွေ့နေကြရပြီ။
ဒါ ဘာ ကြောင့်လဲ။ ဘာကြောင့်အသက်ငယ်ငယ် အမျိုးသမီးတွေမှာ ဒီကင်ဆာဟာပိုပြီးဖြစ် ဖြစ်လာကြရတာလဲ။ ဒီအကြောင်းရင်းကို ညီမလေးကို သိပ်ကိုပြောပြချင်မိတယ်။ ဒီလိုလေ ညီမရဲ့ မိန်းမကိုယ်ကင် ဆာဘာကြောင့် ဘယ်လိုလူတွေမှာပိုပြီး ဖစ်ရတာလဲဆိုတော့ မေးခွန်းရဲ့အဖြေကို ကြိုးစားရှာဖွေကြတော့သူတို့ရဲ့တရားခံဟာ ပုံစံနှစ်မျိုးဖြစ်နေတာ တွေ့ခဲ့ကြရတယ်။
တစ်မျိုးကတော့ အသက်ကြီးကြီးအမျိုးသ မီးအဘွားကြီးတွေမှာဖြစ်တတ်တဲ့ပုံစံ၊ မိန်း မကိုယ်ရဲ့အရေပြားဆဲလ်လေးတွေထဲမှာ ပုံမမှန်တဲ့ပြောင်းလဲမှုလေးတွေကနေစပြီး ဖြစ်လာတတ်သတဲ့။ ညီမလေးမှတ်မိ လားမသိဘူး။ သားအိမ်ခေါင်းကင်ဆာ အကြောင်းပြောတုန်းက ကင်ဆာမဖြစ် ခင်အကြိုအဆင့် VIN (Vulva Intraepithelial Neoplasia) ရှိတယ်။ မိန်းမကိုယ်မှာ ယားယံလာသလိုလို၊ အရောင်တွေပြောင်းပြီး ထူထဲလာစေသလို လိုဖြစ်စေတတ်တဲ့ ရောဂါတစ်မျိုးက လည်း နောင်တစ်ချိန်နှစ်တွေ ကြာလာတဲ့ အခါမှာ ကင်ဆာအဖြစ်ကို ပြောင်းလဲသွား စေတဲ့ အကြိုအဆင့်ပဲဖြစ်တယ်။ ဒါကြောင့် မိန်းမကိုယ်အရေပြားမှာ ယားယံနေရင် အဖြူရောင်အကွက်တွေ အရောင်ပြောင်း လဲလာတာ။
ထူထဲလာလာတာမျိုးတွေ သတိပြုမိမယ်ဆိုရင်မပေါ့ဆဘဲ ဆရာဝန် ကိုသေချာပြသပြီး စစ်ဆေးမှုတွေ လုပ် သင့်တဲ့အကြောင်း ပြောပြချင်တယ်။ နောက်တစ်မျိုး တရားခံကတော့ အစ်ကိုအထူးဂရုပြုပြီး အရေးတကြီး ပြောပြချင်တဲ့ကိစ္စပါပဲ။ အစ်ကိုခုနကပြော ခဲ့တယ်မဟုတ်လား။ ဟိုးအရင်တုန်းက အသက်ကြီးကြီး အဘွားကြီးတွေမှာပဲဖြစ် တဲ့ရောဂါဟာ အခုအသက်ငယ်ငယ်မိန်း မအရွယ်တွေမှာပိုပိုပြီးဖြစ်လာတဲ့ ကိစ္စ ဆိုတာလေ။ အဲဒီတရားခံကတော့ HPV (Human Papilloma Virus)မိန်းမကိုယ် အသားမှာြွကက်နို့လို့ခေါ်တဲ့ Genital warts အေဖုအဖုလေးတွေ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးပါပဲ။
ညီမလေးရေ သားအိမ်ခေါင်းကင်ဆာမှာတုန်းက အစ် ကိုပြောပြခဲ့တဲ့ တရားခံ HPV ဆိုတဲ့ အကြောင်းမှတ်မိသေးရဲ့လား။ နာမည်တူ၊ ပုံစံတူ၊ ဗိုင်းရပ်စ်ပိုးတွေဟာ ကင်ဆာ တွေဖြစ်စေတဲ့ တရားခံတွေဖြစ်တယ်။ တစ်ခုပဲ ဒီဗိုင်းရပ်ရဲ့အမျိုးအစားတွေတော့ နည်းနည်းကွဲလွဲတာပေါ့။ သားအိမ်ခေါင်း ကင်ဆာဖြစ်စေတဲ့ HPV က Type 16-18။ မိန်းမကိုယ်ကင်ဆာဖြစ်စေတဲ့ဗိုင်း ရပ်စ် HPV က Type 6-8 အဲဒီလို နည်းနည်းကွာခြားတယ်။ ဒါပေမဲ့ သူတို့တွေမှာ တူညီတဲ့အ ချက်တွေကတော့ လိင်ဆက်ဆံရာမှတစ် ဆင့်တစ်ဦးကိုတစ်ဦးကူးစက်တတ်တာပဲ။ ဒီကင်ဆာဟာ အခြားကူးစက်တတ်တဲ့HSV (Herpes Simplex) ဗိုင်းရပ်စ်တွေနဲ့ လည်း ဆက်စပ်နေတယ်။
ဒါတင်မက လိင်အင်္ဂါတွေမှာ အဖုအကျိတ်အနာတွေ ဖြစ်တဲ့ Granuloma inguinales lymphogranuloma venereum စတဲ့ရောဂါ ရှင်တွေမှာ ဒီလိုကင်ဆာမျိုးပိုပြီးဖြစ်နိုင် ခြေရှိသတဲ့။ ကိုင်းအခုဆိုဘာကြောင့် ဒီကင်ဆာ ဟာအသက်ငယ်ငယ်အမျိုးသမီးတွေမှာ ပိုပိုပြီးအဖြစ်များလာကြတယ်ဆိုတဲ့ အကြောင်းရင်းကိုသိပြီမဟုတ်လား။ ဒီလို လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးတွေ ကြောင့် မိန်းမကိုယ်အရေပြားမှာ အပြောင်းအလဲတွေဖြစ်လာပြီး ဒီကတစ် ဆင့် ကင်ဆာတွေဖြစ်လာတော့တာပေါ့။ ဒါကြောင့် အစ်ကိုက ဒီကင်ဆာကို ကာကွယ်ဖို့ဆိုရင် လိင်ကတစ်ဆင့်ကူးစက် စေတတ်တဲ့ ရောဂါပိုးတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ကြောင်း ညီမကတစ်ဆင့်ပြည်သူ တွေကိုပြောပြချင်တာ လိင်အပျော်အပါး ရှောင်ရှားဖို့၊ လိင်ဆက်ဆံဖော်တွေမများဖို့။
တကယ်လို့မရှောင်ရှားနိုင်ရင်တော့ ကွန်ဒုံး ကိုသုံးဖို့ စတဲ့စတဲ့ဆင်ခြင်ရမယ့်အချက် တွေကို သိနားလည်စေချင်တာ။ ဒါတင်မကဘူး။ ဒီကင်ဆာဟာ စီး ကရက်သောက်တဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တယ်။ ပြီးတော့ တစ်ကိုယ် ရေသန့်ရှင်းရေးအားနည်းတဲ့လူနေမှု အဆင့် အတန်းနိမ့်ကျနွမ်းပါးသူတွေမှာ ပိုဖြစ် တတ်တယ်။ ဒါကြောင့်ကင်ဆာရောဂါ ဘေးအန္တရာယ်နည်းစေချင်ရင် ဆေးလိပ် စီးကရက်တွေမသောက်ဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ဖို့လိုအပ်တယ် ညီမ ရေ။ မိန်းမကိုယ်မှာ ကင်ဆာဖြစ်စေတတ် တဲ့ အကြောင်းရင်းတွေကိုပြောပြပြီးပြီမို့ ဒီရောဂါရှင်မှာ ဘယ်လိုလက္ခဏာတွေ ပြ တတ်တယ်ဆိုတာ ဆက်ပြောပြမယ်နော် ဒါမှသာ မမိမှာမတော်တဆ ဒီလိုရောဂါ လက္ခဏာတွေ ဖြစ်ပေါ်လာရင်သတိပြုမိ တယ်။
သံသယနဲ့စောင့်ကြည့်ပြီး ဆရာဝန် ဆီ အမြန်ဆုံးပြသနိုင်မယ်မဟုတ်လား။ အမျိုးသမီးတစ်ယောက်ဟာ မိမိရဲ့ မိန်းမကိုယ်က ယားယံမယ်။ နာကျင်သလို ပူစပ်ပူလောင်ဖြစ်သလိုခံစားရမယ်။ အဲဒီလို ဖြစ်နေချိန်မှာ မိန်းမကိုယ်ကို သေချာ ကြည့်ရင် အရေပြားမှာ ပြောင်းလဲမှုတွေ တွေ့ရမယ်။ အနာလိုလို၊ အဖုအကျိတ် လိုလို၊ြွကက်နို့လိုလိုပုံစံတွေ့ရင် သတိထား ရမယ်။ အဖျားတွေလန်ထွက်နေတဲ့ အနာပုံစံဖြစ်တတ်တယ်။ ဂေါ်ဖီပန်းလိုလို ပုံမမှန်တဲ့ အဖုအကျိတ်တွေရှိတတ်တယ်။ အနာကနေဖြစ်လာရင်လည်း အနာမညီ မညာနဲ့ပုံစံမျိုးစုံဖြစ်တတ်တယ်။ အနာက နေ အဆင်မသင့်ရင် သွေးထွက်တတ် တယ်။ ဒါကြောင့် အမျိုးသမီးတစ် ယောက်အထူးသဖြင့် သွေးဆုံးပြီးတဲ့အမျိုး သမီးတစ်ယောက်ပုံမမှန်သွေးဆင်းလာရင် ဒီကင်ဆာကြောင်ကလည်း ဖြစ်တတ် တယ်လို့ အမြဲသံသယထားပြီးကြည့်ရ တယ်။ ညီမရေ။ အနာဟာသွေးထွက် တတ်ရုံမကဘူး။ ရောဂါပိုးတွေဝင်ရောက် တတ်တယ်။
အဲဒီလိုရောဂါပိုးဝင်ရောက် ရင် အနာရင်းသလိုဖြစ်ပြီး အနာကနေ ပြည်တွေ၊ သွေးပုပ်တွေထွက်နိုင်တယ်။ အနံ့ဆိုးတွေထွက်တတ်တယ်။ ဒါကြောင့် ပုပ်စော်နံတဲ့အနာ မိန်းမကိုယ်မှာပေါက်နေ ရင် မပေါ့ဆရဘူး။ ဆရာဝန်နဲ့ပြသပြီး လိုအပ်သလို အစစ်ဆေးခံဖို့လိုအပ်တယ်။ ဆရာဝန်ကလည်းသေချာစမ်းသပ်ရ မယ်။ မသင်္ကာတဲ့ အနာအဖုအကျိတ်တွေ့ တိုင်း အသားစယူပြီးဓာတ်ခွဲခန်းကိုပို့လို စစ်ဆေးကြည့်ရမယ်။ ဒီရောဂါဖြစ်မှန်း သေချာပြီဆိုရင်တော့ စနစ်တကျ ဆေးကု ဖို့လိုတာပေါ့။ အဲဒီအခါ ဒီရောဂါဘယ် လောက်ပျံ့နှံ့နေပြီလဲ။ အဆင့်ဘယ် လောက်ရောက်နေပြီလဲဆိုတာ သေချာစစ် ဆေးဖို့လိုတယ်။ ဒါကြောင့်ဒီကင်ဆာရဲ့ ပျံ့နှံ့ပုံပျံ့နှံ့နည်းတွေကိုလည်း သိဖို့လိုတယ်။
ဒီရောဂါပျံ့နှံ့တဲ့ အဓိကလမ်းကြောင်း ဟာပြန်ရည်ကြော (L[phaticSpread) တွေကတစ်ဆင့် လင့်အကျိတ်တွေကို ပျံ့ နှံ့တဲ့လမ်းဖြစ်တယ်။ ပထမဆုံး ပျံ့နှံ့တဲ့ နေရာကတော့ ပေါင်ခြံက အကျိတ်တွေပဲ ဖြစ်ပါတယ်။ လင့်အကျိတ်ဆိုတာကို ညီမ နားလည်တယ်မဟုတ်လား။ ငယ်ငယ်က စားလို့ ခြေထောက်မှာဒဏ်ရာရသွားရင် အနာရင်းတယ်မဟုတ်လား။ အနာရင်း တယ်ဆိုတာနဲ့ ပေါင်ခြံကအကျိတ်တွေ ရောင်လာတတ်တယ်။ အဲဒီအခါကျရင် အဲဒီအကျိတ်တွေကို အလုံးအနေနဲ့ စမ်း လို့ရတယ်။ နာကျင်တယ်။ လမ်းလျှောက် ရင်တောင် ကွတကွတဖြစ်တယ်မဟုတ် လား။ အဲဒီလိုသဘောမျိုးပဲပေါ့ညီမရာ။ မိန်းမကိုယ်ကင်ဆာမှာလည်း ဒီသ ဘောမျိုးပါပဲ။ ကင်ဆာအဖုအကျိတ်အနာ တွေ့ပြီဆိုတာနဲ့ ပေါင်ခြံမှာရော အကျိတ် တွေရောင်လာကြီးလာသလားဆိုတာ စမ်း သပ်ကြည့်ရတယ်။
ဒီပေါင်ခြံအကျိတ်တွေ ကနေတစ်ဆင့် သွေးပြန်ကြောကြီးတွေရဲ့ ဘေးမှာကပ်လျက်ရှိနေတဲ့ လင့်အကျိတ် တွေကို တစ်ဆင့်ပြီးတစ်ဆင့်ကူးစက်ပျံ့နှံ့ သွားတတ်တယ်။ အစ်ကိုတို့ဆရာဝန်တွေက ဒီကင် ဆာဟာ ဘယ်လိုအကျိတ်တွေကို ပျံ့နှံ့ တတ်တယ်ဆိုတာကို သေချာစနစ်တကျ လေ့လာထားရတယ်။ ဘယ်နေရာမှာရှိတဲ့ ကင်ဆာဆဲလ်တွေဟာဘယ်နေရာက အကျိတ်တွေကို ကူးစက်ပျံ့နှံ့တတ်တယ် ဆိုတာကိုပေါ့။ ဘာကြောင့်လဲဆိုတော့ ခဏနေရင် ညီမသေချာသိလိမ့်မယ်။ ဒီကင်ဆာရောဂါကို ခွဲစိတ်ပြီးကုသရတဲ့ အခါမှာ ကင်ဆာဖြစ်တဲ့နေရာကိုတင် ခွဲစိတ်လို့မရဘူး။ ဒီကင်ဆာကနေတစ် ဆင့်ပျံ့နှံ့သွားတဲ့ လင့်အကျိတ်တွေကိုပါ ကုန်စင်သွားအောင် ခွဲစိတ်ဖယ်ရှားပစ်လို့ ရတာမို့လို့ပါပဲ။ ဒီကင်ဆာဟာ အကျိတ်တွေကိုတင် ပျံ့တာမဟုတ်ဘူး။ သူနဲ့ထိစပ်နေတဲ့နေရာ အားလုံးကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် ပျံ့နှံ့ရောက်ရှိသွားတတ်ပြန်တယ်။
မိန်းမ ကိုယ်ကတစ်ဆင့်မွေးလမ်းကြောင်းထဲကို လည်း ဝင်သွားတတ်တယ်။ အရှေ့ဘက် မှာရှိတဲ့ ဆီြးွပန်၊ ဆီးအိမ်တွေထဲအထိ ပျံ့နှံ့တတ်တယ်။ အနောက်ဘက်မှာရှိတဲ့ စအိုပေါက်၊ အူမကြီးတွေထဲအထိလည်း ဝင်ရောက်ပျံ့နှံ့တတ်ပြန်တယ်။ အဲဒီလိုပျံ့နှံ့တတ်လွန်းလို့ ကင်ဆာ ဆိုတဲ့ရောဂါဟာ စောစောသိဖို့၊ စောစော ကုဖို့လိုတယ်လို အထပ်ထပ်ပြောရတာပေါ့ ညီမရာ။ အနာအကျိတ်သေးသေးလေးနဲ့ ဘယ်ကိုမှမပျံ့နှံ့သေးရင် အမြစ်ပြတ် အောင်ကုသရတာလွယ်ကူတယ်။ အနာ အကျိတ်ကြီးဟာ သိပ်ကြီးသွားပြီး လင့် အကျိတ်တွေ၊ နီးစပ်နေတဲ့ဆီးအိမ်၊ ဝမ်း အိမ်တွေကိုပျံ့နှံ့သွားပြီဆိုရင် ကုသဖို့ပိုပြီး ခက်ခဲသွားပြီး အသက် ရှည်ဖို့ လည်း မလွယ်ကူနိုင်တော့ဘူးညီမရေ။ ရောဂါဖြစ်မှန်းသိပြီဆိုတာနဲ့ အမြန် ဆုံးကုသဖို့စီစဉ်ရဗတာ့တယ်။ ဘယ်လို ဆေးကုသမှုတွေပေးရမယ်။ ရွေးရမယ်ဆို တာက   တော့လူနာ ရဲ့အသက်အရွယ်ရယ်၊ ရောဂါရွှဲ့ဆင့် (အဆင့် ၁၊ ၂၊ ၃၊ ၄ ဘယ်လောက်ပျံ့နှံ့ကုန်ပြီလဲဆိုတာရယ်)၊ ကင်ဆာအနာရဲ့အရွယ်အစားစတဲ့အချက် တွေပေါ်မှာမူတည်ပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်