www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အော့အန်ခြင်း (VOMITING)

မေး-အော့အန်တယ်ဆိုတာဘာ ကြောင့်ဖြစ်ရတာပါလဲ။ 
ဖြေ-အန်တာဟာ နှစ်မျိုး ရှိပါတယ်။ အစာအိမ် အူ လမ်းကြောင်း ထဲက မကောင်း တာတွေ ကိုပြန် စွန့်ထုတ် တဲ့ကောင်းတဲ့ အန် ခြင်းရှိသလို အတွင်းရောဂါတစ်ခုခုကြောင့် ပြန်အန်ထုတ်တဲ့မကောင်းတဲ့ အကြောင်း လည်းရှိပါတယ်။ ဒီလိုအန်ဖို့ရာကို ဦး နှောက်ထဲမှာရှိတဲ့ MEDULLA ဆိုတဲ့ အင်္ဂါတွေမှာအန်ခြင်းကိုဖြစ်စေတဲ့ ဗဟို ဌာနနဲ့ လေလမ်းကြောင်း သွားရည် ထွက် ခြင်း၊  သွေးကြောနှုန်းများ ကိုထိန်းချုပ်ထား ခြင်း စတာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။
မေး-ဘယ်လိုအခြေအနေမှာအော့ အန်ခြင်းဖြစ်ရပါသလဲ။
ဖြေ- လှိုင်းမူးတာတို့ ကားမူးတာတို့ ဖြစ်တဲ့Motion Sickness ဆေးဝါး သောက်သုံးလိုဖြစ်တဲ့ အန်ခြင်း၊ ကင်ဆာ ဆေးကြောင့်ဖြစ်တဲ့အန်ခြင်း၊ မေ့ဆေးပေး လိုက်လို့အန်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် အော့အန်ခြင်း၊ နားရောဂါကြောင့်ဖြစ်တဲ့ အန်ခြင်းစတဲ့အကြောင်းများစွာရှိပါတယ်။ ဝမ်းထဲကတစ်ခုခုမကောင်ရင် အန်ထုတ် တာမျိုးတွေဖြစ်တတ်ပါတယ်။
မေး-လှိုင်းမူးကားမူးဖြစ်တဲ့ အန်ခြင်း ကိုဘယ်လိုကာကွယ်သင့်သလဲ။
ဖြေ-အဲဒီလိုဖြစ်ရတာနားထဲမှာရှိတဲ့ VESTIBULAR APPARATUS ကိုလှုံ့ ဆော်မှုပြင်းထန်တဲ့အတွက်ကြောင့်ဖြစ် ရပါတယ်။ အစာတွေကိုများများစားထား ရင်ပိုဖြစ်တတ်ပါတယ်။ ခရီးမထွက်ခင် ၁ နာရီကြိုတင်ပြီး အအန်ပျောက်ဆေး ကိုသောက်ထားရင် (၇၀) ရာခိုင်နှုန်းအန် တာမဖြစ်တော့ပါ။ အန်တာစနေတဲ့အချိန် မှာ သောက်ရင်အကျိုးမရှိပါ။ CINNARIZINE, CYCLTZINE PRO METHAZINE, DIMENHYDRINATE စတဲ့ဆေးတွေကိုသုံးနိုင်ပါ တယ်။ အရေးပေါ်ဖြစ်လျှင် အသားဆေး၊ အရေပြားအောကထိုးဆေးစတာတွေကို သုံးပါတယ်။
မေး-ကိုယ်ဝန်ဆောင်စဉ်အော့အန် ခြင်းကိုဘယ်လိုကာကွယ်ရပါသလဲ။
ဖြေ-ကိုယ်ဝန် (၁၀-၁၁) ပတ်မှာ အဆိုးဆုံးဖြစ်တတ်ပြီး (၁၃-၁၄) ပတ်လောက်မှာပြန်လျော့သွားတတ်ပါ တယ်။ ပျို့ရုံသက်သက်ဆိုရင် ကုသဖို့ မလိုပေမဲ့ပိုဆိုးလာရင်ကုသမှုပေးရပါတယ်။ မနက်အိပ်ရာမထခင်မှာ အစာစားဖို့လိုပါ တယ်။ Promethazine ဆေးတိုက်နိုင်ပါ တယ်။ သိပ်ပြီးအန်လာမယ်၊ အစာလည်း မစားတော့ရင် အဟာရဓာတ်ချို့တဲ့လာ တတ်တဲ့အတွက် အကြောဆေးထိုးတာတို့ ချိတ်တာတို့လုပ်ဖို့လိုပါတယ်။
မေး-ဘယ်လိုဆေးဝါးတွေက အန် ခြင်းကိုဖြစ်စေပါသလဲ
ဖြေ-ပိုးသတ်ဆေး။ မူးယစ်စေတတ် တဲ့ဆေး DIGOXIN လုံးဆေး၊ ကင် ဆာဆေးနဲ့ NSAID လို့ခေါ်တဲ့စတီးရွိုက် မပါတဲ့ အရောင်ကျအကိုက်ခဲပျောက် ဆေးတွေဖြစ်ပါတယ်။
မေး-တစ်ခြားဘယ်လိုအခြေအနေ တွေမှာရော အော့အန်ခြင်းဖြစ်တတ်ပါ သလဲ။
ဖြေ-ဦးနှောက်အမြှေးပါးရောင်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ဆီးချိုအဆိပ် တက်ခြင်း၊ သွေးထဲမှာ ယူရီးယားဓာတ် များနေခြင်း၊ ပြင်းထန်စွာနာကျင်ခြင်း (ဥပမာ-နှလုံးသွေးကြောကျဉ်းခြင်း) အရက်မူးလွန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ အူ အတက်ရောင်ရောဂါ၊ သည်းခြေအိတ် ရောင်ရောဂါ၊ မုန့်ချိုအိတ်ရောင်ရောဂါ၊ အူ လမ်းကြောင်းပိတ်ရောဂါ အစာအိမ်အနာ၊ အစာအိမ်ကင်ဆာ၊ အသည်းရောင်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းစတာတွေမှာ လည်း အော့အန်တတ်ပါတယ်။
မေး-ဦးခေါင်းထိခိုက်ဒဏ်ရာရသူ တွေမှာ အော့အန်တတ်ပါသလား။
ဖြေ-ဦးခေါင်းဒဏ်ရာမပြင်းထန်ရင် တော့မအန်တတ်ပါဘူး။ ဒါပေမဲ့ ဒဏ်ရာ ပြင်းထန်လို့ ဦးခေါင်းထဲမှာ သွေးယိုစီးနေ ပြီဆိုရင် အန်တတ်ပါတယ်။ ရိုးရိုးတစ်ခြား အကြောင်းကြောင့် အန်တဲ့ပုံစံနဲ့တော့ မတူပါဘူး။ သူက ထိုးထိုးပြီးအန်ခြင်းသ (PROJECTILE VOMITING) ဖြစ်ပါ တယ်။ ဒါကြောင့်ဦးခေါင်းဒဏ်ရာရှိသူတွေ ကို ထိုးအန်ခြင်းဖြစ်လျှင် ဆေးရုံကို ချက် ချင်းပြန်လာပြပါဆိုတာကို ဆရာဝန်တွေ က လူနာတွေကို မှာကြားရခြင်းဖြစ်ပါ တယ်။
မေး-မေ့ဆေးထုံဆေးပေးတော့မဲ့လူ နာတွေကို ကြိုတင်ပြီး အစာမစားဖို့လုပ် ကြပါတယ်။ အဲဒါကိုသိလိုပါတယ်။
ဖြေ-မေ့ဆေး၊ ထုံဆေးတွေက ပျို့ ခြင်း၊ အန်ခြင်းဖြစ်စေတတ်တာရယ်။ မူးဝေခြင်းဖြစ်စေတတ်တာရယ်ကြောင့် မေ့ဆေး၊ ထုံဆေးမပေးခင်ကြိုတင်ပြီး အစားအသောက်ဖြတ်ထားဖို့လိုပါတယ်။ ခွဲစိတ်နေတုန်းအော့အန်ရင် ပက်လက် အနေအထားကဖြစ်နေတဲ့အန်ဖက်ဆိုပြီး လေလမ်းကြောင်းပိတ်သေစေတတ်ပါ တယ်။
မေး-သတိလစ်နေတဲ့သူ (အရက် ကြောင့်ဖြစ်ဖြစ်၊ ရောဂါကြောင့်ဖြစ်ဖြစ်၊ အော့အန်နေရင်ဘယ်လိုလုပ်သင့်ပါသလဲ)
ဖြေ-သတိလစ်နေတဲ့သူဖြစ်တဲ့အ တွက်လူနာကိုဘေးဘက်သို့ဆောင်းပြီး ခေါင်းကို အနိမ့်ပိုင်းမှာထားပြီး ခြင်း (ခေါင်းအုံးဖြင့်မအုံးရ) ဖြင့် အန်ဖက်တွေ လေလမ်းကြောင်းထဲမဝင်အောင်ကာကွယ် ထားရပါမယ်

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်