www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ကင်ဆာရောဂါ ကာကွယ်နည်း

အမေရိကန် သိပ္ပံ သုတေသီ တို့က အောက်ဖော်ပြပါ စားသောက် ပုံနည်းများဖြင့် ကင်ဆာ ရောဂါကို ကာကွယ် နိုင်သည် ဟုဆိုသည်။
၁။ အခါးဓာတ်ပါသော အစားအစာ များစားသုံးပါ
ကြက်ဟင်းခါးသီး၊ အလေ့ကျ ပေါက်လေ့ရှိသော ဟင်းသီးဟင်းရွက် များ၊ ဘင်္ဂလားဆီးသီးခေါ် ကုလားဆီး သီးတို့တွင် ဗီတာမင် B12ပါဝင်၏။ ရောဂါပိုး၊ကင်ဆာဆဲ(လ်)များ ဖျက်ဆီး ခြင်းကို ကောင်းစွာကာကွယ်ပေးနိုင် စွမ်းရှိ၏။
၂။ အချဉ်ဓာတ်စားပေးပါ
ဗီတာမင်C ဓာတ်ြွကယ်ဝစွာ ပါဝင်သော သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး၊ မရမ်းသီး၊ ခရမ်းချဉ်သီး .. စသည်တို့တွင် ပိုးမွှား ကို သတ်ဖြတ်ချေမှုန်းစွမ်းအင် ရှိသဖြင့် စားသုံးမှီဝဲပေးကြရပါမည်။
၃။ သက်သတ်လွတ် ဟင်းသီး ဟင်းရွက်များများ စားပေးပါ
ဆန်လုံးတီး၊ ဆန်လုံးညို၊ ကန် စွန်းဥ၊ ပိန်းဥ၊ မျောက်ဥ၊ ပဲအမျိုးမျိုး၊ အမျှင်ဓာတ် Fibre ပါသောလတ် ဆတ်သည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို များများ စားသုံး မှီဝဲပေးကြရပါမည်။ အသက် ၄၀ အရွယ် နောက်ပိုင်းတွင် ထိုဟင်းသီး ဟင်းရွက် ပိုမို စားသုံးပေး ရပါမည်။
၎။ ဟင်းရွက်စိမ်းမှန်မှန် မှီဝဲပေးပါ။
ဂေါ်ဖီ၊ ဆလတ်ရွက်၊ တရုတ်နံနံ၊ ကြက်သွန်မြိတ် အစရှိသော အစိမ်း စား၍ရသည့် ဟင်းရွက်များကို ပုံမှန် မှီဝဲ စားသုံးပေးရပါမည်။ ဥပမာ မုန် လာဥဖြူ၊အနီသည် ကင်ဆာရောဂါ ကိုကောင်းစွာကာကွယ်နိုင်စွမ်းရှိသည်။ မုန်လာဥအချဉ်သုပ်စားနိုင်ပါသည်။
၅။ ဆား (အငန်) ဓာတ် ပေါ့ေ့ပေါ့ စားသုံးပါ 
သုတေသနပြုချက်အရ ဆား (အငန်ဓာတ်) တစ်နေ့လျှင် ၁၀ ဂရမ်မှ ၁၅ ဂရမ်စားသုံးသူတို့သည် အစာအိမ်ကင်ဆာရောဂါဖြင့် သေဆုံးမှု နှုန်း ပိုမိုမြင့်မားလေ၏။ ထို့ကြောင့် တစ်နေ့လျှင်၊ ဆား (အငန်ဓာတ်) ၁၀ ဂရမ်ထက် ပိုမစားရပါ။
၆။ တစ်ကြိမ်လျှင် နည်းနည်းစား ကြေညက်အောင်ဝါးစားပါ
အစားအစာများကို တစ်နေ့လျှင် နည်းနည်းနှင့် အကြိမ်ပေါင်းများစွာ စားနိုင်ပါသည်။ ကြေညက်အောင် ဖြည်းဖြည်းဝါးစားပါ။ အစားအစာများ ကို ကြာကြာ ဝါးစားပါက ပါးစပ်ထဲမှ တံတွေးပိုမိုထွက်ရှိပြီး အစာကြေစေ၏။ ကင်ဆာဖြစ်ခြင်းကို ကောင်းစွာကာ ကွယ်နိုင်သည်ဟု ဆိုသည်။
ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်)
Ref : China T and T

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်