www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

စိတ်လှုပ်ရှားခြင်းက သေစေနိုင် သလား

အမှန် တကယ် သေစေ နိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်ခဲတဲ့ အရာ တစ်ခု လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ သက်တမ်းကာလ ကြာမြင့်နေပြီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံထုတ် ဆေးပညာ ဂျာနယ်တစ်ခုမှာ ဖော်ပြခဲ့တဲ့ သာဓက တစ်ခုရှိပါတယ်။ အဲဒါကတော့ အိမ်ရှင်မ တစ်ယောက်ဟာ သည်းထိတ် ရင်ဖိုစရာ အဖြစ် အပျက်တစ်ခုကို တွေ့မြင်ခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ စိတ်လှုပ်ရှားပြီး သေဆုံး သွားခဲ့ပါတယ်။
စိတ်လှုပ်ရှားမှု တွေထဲမှာ အကြောင်းအရာ အများကြီး ပါပါတယ်။ တချို့သူတွေဟာ အပျော်လွန်ပြီး သေဆုံးကြရတာတွေရှိသလို တချို့သူတွေကတော့ မမျှော်လင့်တဲ့အခြေအနေဆိုးတွေကို လက်ခံလိုက်ရ တဲ့အတွက် သေဆုံးကြရတာ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တစ်ရပ်အရ ဒီလို စိတ်လှုပ်ရှားမှုကြောင့် သေဆုံးရတဲ့ လူဦးရေဟာ နိုင်ငံတကာမှာ တစ်နှစ်ကို ထောင်ဂဏန်း အထိ ရှိတယ်လို့ သိရပါတယ်။ နာမည်ကြီး ဆေးပညာ တက္ကသိုလ် တစ်ခုဖြစ်တဲ့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ စစ်တမ်း ကောက်ယူမှု တစ်ခုမှာ ဖော်ပြထားတာက အမေရိကမှာဆိုရင် တစ်နှစ်ကို စိတ်လှုပ်ရှား မှုကြောင့် သေဆုံးရတဲ့ လူဦးရေဟာ အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးရတဲ့ လူဦးရေနဲ့ မတိမ်းမယိမ်းပါပဲ။


By itTimes

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်