www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

သရဲ ... ဆေးရုံတင်လိုက်ရခြင်း

ရိုးရိုးအအ အေးအေးသာနေတတ်သော မောင်မောင်ဂျစ်ဟာ အေးချမ်းသာယာလှသော တောရွာလေးတစ်ရွာမှာနေပါတယ် .... မောင်မောင်ဂျစ်ဟာ ရိုးလွန်းအလွန်းပေမဲ့ အချိန်တန်အရွယ်ရောက်လာတော့လဲ လှချင်ပချင် ကြွားချင်လာတယ် .... ဒီလိုနဲ့ တစ်နေ့ ... မောင်မောင်ဂျစ် အမေဟာ သူ့သားအတွက်ဆိုပြီး ... မြင်းကြယ် ရာဘာဖိနပ်ကို ၀ယ်ခဲ့တယ် ... မောင်မောင်ဂျစ် ခမျာ ပျော်လွန်းလွန်းလို့ သူ့အမေစီက မြင်းကြယ် ဖိနပ် ဖြူဖြူလေးကို ယူ ရွာထိတ်ကနေ ပြီး အိမ်းကို မနားတမ်းပြောလာခဲ့တယ် ....
            မောင်မောင်ဂျစ် အရမ်းဝမ်းသာလွန်းလို့ အိမ်ရောက်တာနဲ့ ဖိနပ်အသစ်ကို လဲပြီး မြောက်ကြွမြောက်ကြွနဲ့ ရွာရိုးကိုးပေါက် ဖိနပ် အသစ် မိတ်ဆက်ပွဲလေး လုပ်တာပေါ့ ... ဒါတင်အားမရသေးဘူး ... ညဘက် မှာပါ သူကြွားဖို့ဆုံးဖြတ်လိုက်ပါတယ် ...
            ဘယ်လိုဆုံးဖြတ်လိုက်လဲဆို ရင် ... သူ့တို့ရွာမှာမရှိလို့ ဟိုဘက်ရွာမှာ သွားသွားကြည့်ရတဲ့ ရုပ်မြင်သံကြားကို ပါ သူဒီညသွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ် ... ဒါဟာ မောင်မောင်ဂျစ်အတွက် တကယ်စွန့်စားခန်းလေးပါပဲ .. ဘာလို့လဲဆိုရင် မောင်မောင်ဂျစ်ဟာ သရဲ အရမ်းကြောက်တတ်တယ် ... အခုသွားမဲ့လမ်းမှာရှိတဲ့ ညောင်ပင်က သရဲချောက်တယ် ... ဒါပေမဲ့ သူ အားတင်းထားတယ် ... ၀ါဝါမနဲ့ ဆက်ပိုင်ကိုမှန့်ကြွေးပြီး ခေါ်ခဲ့ရတယ် ...  
            ဒီလိုနဲ့ မောင်မောင်ဂျစ် ဟိုဘက်ရွာကို ရောက်ခဲ့တယ် ... ရုပ်မြင်သံကြား ဇာတ်လမ်းမှာ အားလုံး စိတ်ဝင်စားနေချိန်မှာပဲ .. ၀ါဝါမနဲ့ ဆက်ပိုင်ဟာ အရမ်းအိပ်ချင်လာတာနဲ့ မောင်မောင်ဂျစ်ကို ပြောပြီးပြန်လာခဲ့တယ် …  မောင်မောင်ဂျစ်ကတော့ အပြန်မှာပါကြွားချင်သေးတာကြောင့်နေခဲ့တာပေါ့ ....
            ဇာတ်လမ်းလဲပြီးရောအိပ်ပြန်ဖို့ ရွာကအဖော်ကိုလိုက်ရှာပေမဲ့ တစ်ယောက်မှမတွေ့ဘူး... မောင်မောင်ဂျစ် အရမ်း စိတ်ပူသွားတာပေါ့ .. ဒါပေမဲ့လဲ စိတ်ကိုတင်းပြီး ပြန်လာခဲ့တယ် .. ညောင်ကြီးကလဲ လရောင်လောက်မှာ မဲမဲကိုင်းကိုင်းကြီးနဲ့ သစ္ဆေတစ်ကောင် ခါးထောက်ပြီးကြည့်နေသလိုပါပဲ…
            မောင်မောင်ဂျစ်လဲ အရမ်းကြောက်လာတာကြောင့် ဘယ်ကိုမှမကြည့်တော့ပဲ ခပ်သုတ်သုတ် လေးလှမ်းလာခဲတယ် ... လက်မှာလဲ အခုမှ အသစ်စက်စက် ၀ယ်ထားတဲ့ မြင်းကြယ်ဖိနပ်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားလိုက်တယ် ….
            ညောင်ပင်အောက်လဲ ရောက်ရော မထင်မှတ်ပဲ  အသံနက်ကြီးကို ကြားရတယ် ... ပြိးတော့ ..
"ဖုတ် .... ဖုတ် "  ဆို မဲမဲအလုံးကြီး နှစ်လုံး စာ သူ့ရှေ့ကိုကျလာတယ် ...
            မောင်မောင်ဂျစ်လဲ ဘာကို မှ မစဉ်စားနိုင်တော့ပဲ သူ့ရှေ့က မဲမဲ မှန်သမျှ မြင်ကြယ် ဖိနပ်နဲ တရစပ် ရိုက်ပြီး ပြေးလာလိုက်တာ ရွာကိုဘယ်လိုရောက်လားမှန်းမသိရောက်ခဲ့ရတာပေါ့ ... 
            မနက်လဲ မိုးလင်းရော ရွာထဲမှာယောက်ယက်ခတ်ကုန်ကြတယ် … ၀ါဝါမနဲ့ ဆက်ပိုင်ု ညောင်ပင်အောက်မှာ ဒဏ်ရာတွေနဲ့သတိလစ်နေတာတွေ့ရလို့ .. ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့ သတင်းပေါ့ …
by mysuboo

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်