www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ဆောင်တော်ကူးမလား သတိထား

ကိုယ်တိုင်တော့ ဟုတ်သေးဝူး.. အနော့အကို ဝမ်းကွဲအကြောင်း..း)
အကိုက အာခီ တက်တာလေ..။ သူသွားရမယ့်အဆောင်က မန္တလေးက GTC အဆောင်..။ သူမပြောင်းလာခင်လေးတင် အဲဒီကျောင်းက အမြဲတမ်း အခန်းထဲမှာ အဆင့်တစ် အမြဲချိတ်တဲ့ ကျောင်းသားတစ်ယောက်က သူ့အိပ်ဆောင်ထဲမှာ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ထားတယ်..။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး..။ ရှစ်လေးလုံးတုန်းကလဲ ဒဏ်ရာရတဲ့ကျောင်းသားတွေ ပုန်းခိုပြီး ဆေးကုသတဲ့နေရာလေ..။ အဲဒီမှာ သေတဲ့သူကလဲ သေထားတော့ နေရာက ကြမ်းတယ်ပြောရမယ်.။ အဲ .. ။ ပြောင်းလာတဲ့ ကျောင်းသားသစ်ဖြစ်တဲ့ အကိုကတော့ ဘာမှ မသိရှာဘူး.။. အဆောင်မှုးကလဲ ဘာမှ မသိမှန်းသိတော့ အဲဒီ ကျောင်းသား ကြိုးဆွဲချထားတဲ့အခန်းကို အကို့ကို ပေးလိုက်ပါလေရော..။ အဲ.. အကိုကတော့ ဘာမှလဲမသိဘူး.. နောက်ပြီး သူက သရဲတွေဘာတွေလဲ သိပ်အယုံအကြည်မရှိသူဆိုတော့ ကြောက်လဲ ကြောက်တတ်ဘူးရယ်..။ သူမသိပေမယ့် တစ်ခြားသူတွေတော့ ခနခန ကြုံရတယ်..။ တစ်ရက်တော့ အကိုကဗျာ ကျောင်းပွဲတစ်ခုအတွက် အခန်းအနားပြင်ဆင်ဖို့ နောက်ခံစာလုံးတွေ သွားဖောက်နေတယ်.။ ညလုံးပေါက်ပေါ့..။ သူနေတဲ့ အဆောင်နားကို ဖြတ်သွားတဲ့ သူ့ဘော်ဒါက သူ့အခန်းထဲက လှုပ်လှုပ်ရှားရှားအသံတွေကြားနေရတော့ သူ့ကို အဆောင်ခန်းထဲမှာပဲ ထင်တာပေါ့..။ အဲဒါကို အဆောင်မှုးကလဲ ကြားတယ်..။
အဲ.. နောက်နေ့မနက်လဲရောက်ရော အဲဒီဘော်ဒါက အကို့ကို ကျောင်းခန်းမကြီးထဲမှာ မြင်တော့ အံ့သြတာပေါ့..။ အဲဒါနဲ့ မနေ့က လူသံကြားတဲ့အကြောင်း ပြောပြတယ်..။ အကိုကလဲ သူမရှိတဲ့အကြောင်း အေးဆေးပဲရှင်းပြတယ်..။ နောက်ပြီး သူလဲ အခန်းထဲမှာ တစ်ခုခုတော့ ရှိမယ်ဆိုတာ သိနေသလိုပဲဆိုပြီး ပြောပြတယ်..။ သူတို့ အာခီကျောင်းသားတွေက ညဘက်ဆို ဒီဇိုင်းတွေဆွဲကြတယ်လေ..။ ညဆို တော်ယုံမအိပ်ဘူး..။ အနည်းဆုံး မနက်နှစ်နာရီလောက်ထိတော့ ထိုင်ဆွဲနေကြတယ်.။ အဲ့လိုလူတွေ..။ အဲ တစ်နေ့တော့သူပုံဆွဲနေတုန်း နောက်ကနေ လူတစ်ယောက် ရပ်ကြည့်နေသလို ခံစားရတယ်တဲ့.။ အဲဒါ သူကလဲ ဇတ်ဆို လှည့်ကြည့်လိုက်တာ.. အားပါးပါး ဘာပြောကောင်းမလဲဗျာ.. ဘာမှ မတွေ့ဘူးတဲ့ ဟီး..။ သူကတော့ စိတ်ထင်တာပဲပေါ့ဆိုပြီး နေလိုက်တယ်.။ အဲ.. နောက်ရက်ကျတော့ သူ့သူငယ်ချင်းတစ်ယောက်က စာတူတူလုပ်မယ်ဆိုပြီး သူ့အခန်းကို ကူးလာတယ်.။ အဲဒီတစ်ယောက် ဇွဲကောင်းချက်ကတော့ ဆယ်နှစ်နာရီလောက်လဲနေရော အကို့ကုတင်ပေါ်တက်ပြီး အိပ်တော့တာ..။ အကိုကတော့ စာလုပ်နေတုန်းပေါ့..။ အဲလို အိပ်သွားပြီးမကြာဘူး အဲဒီ အကို့ဘော်ဒါက အိပ်မက်မက်တယ်.။ အိပ်မက်ထဲမှာ အဘွားကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်က သူ့ကို နောက်ကလိုက်ခဲ့ဖို့ လာခေါ်တယ်တဲ့..။ သူလဲ ဘုမသိ ဘမသိနဲ့ ထလိုက်သွားတယ်တဲ့..။ ကျောင်းဆောင်တွေ ဖြတ်ပြီးလိုက်သွားလိုက်တာ တောအုပ်တစ်ခုနားရောက်သွားတယ်တဲ့.။ အဲဒါလဲ မရပ်သေးပဲ ဆက်သွားနေလိုက်တာ ရေအိုင်တစ်ခုနားကို ရောက်သွားပါလေရောတဲ့..။ အဲဒီရေအိုင်နားရောက်တော့ အဘွားကြီးကပြောတယ်တဲ့ ရေအိုင်ထဲကို ငုံ့ကြည့်လိုက်ပါဦးပေါ့..။ သူကလဲ သိချင်တာမို့ ငုံ့ကြည့်လိုက်တယ်.။ လားလား လက်စသတ်တော့ အဘွားကြီးက ဂွင်ဆင်တာကိုး.။. သူလဲ ငုံ့ကြည့်လိုက်ရော သူ့ခေါင်းကို အပေါ်ကနေဖိပြီး သူ့ကို ရေထဲ ဆွဲနစ်တော့တာတဲ့.. ။ အဲဒီမှာ အတင်းရုန်းတာပေါ့..။ အဲဒီအချိန်မှာ အနော့အကို မြင်နေတာက အဲဒီသူ့ဘော်ဒါကြီး ကုတင်ပေါ်မှာ အူးအားအူးအားနဲ့ လူးလိမ့်နေတာ..။ သူကလဲ ငြင်င်ြသာသာ ခြေနဲ့ကန်နိုးလိုက်တယ်တဲ့.။ အဲဒီအခါကျမှ အဲဒီ လူကြီးနိုးသွားပြီး သူ့အဆောင်ကို ချွေးတစ်လုံးလုံးနဲ့ ပြာယီးပြာယာ သုတ်ခြေတင်တော့တာဆိုပဲ.. ။ နောက်နေ့ အကြောက်ပြေတော့မှ အကို့ကို ပြောပြရဲတာ..။ ပြောပြရင်ပဲ ထပ်ပြီး အလုပ်ခံရတော့မှာ ကျနေတာ..။ အဲဒါက ပထမ သားကောင်..။
သိပ်မကြာပါဘူး နောက်ထပ် သယ်ရင်းတစ်ယောက်ကလဲ စာလုပ်မယ်ဆိုပြီး လာအိပ်ပြန်တယ်..။ မှေးကနဲလဲ ဖြစ်သွားရော မိန်းမတစ်ယောက်က တက်လာပြီး သူ့ရင်ဘတ်ပေါ် လာခုန်တယ်တဲ့..။ သူက လှုပ်ဖို့ ကြိုးစားလဲ လှုပ်မရဘူး.။. အဲဒါနဲ့ အကူအညီ လှမ်းတောင်းဖို့ဆိုပြီး အကိုထိုင်နေတဲ့ဘက်ကို အားယူပြီးကြည့်လိုက်တော့ အစ်ကို စာလုပ်နေတဲ့စားပွဲနောက်နားမှာ လူကြီးတစ်ယောက် ရပ်နေပြီးတော့ အစ်ကို့ကို မျက်နှာသေကြီးနဲ့ ကြည့်နေတာတဲ့..။ အဲဒါနဲ့ အော်လဲ မအော်ရဲပြန်ဘူး..။ နောက်ဆုံး စိတ်ကို အတတ်နိုင်ဆုံး စုပြီး ဘုရားစာတွေ ရွတ်ဖတ်သရဇာယ်တော့မှ ပြန်လှုပ်လို့ရတယ်တဲ့..။ သူ ထလို့လဲရရော အထုပ်ပိုက်ပြီး ညတွင်းချင်းကို ပြေးတာပဲ..။ အစ်ကို မေးတာတောင် မဖြေနိုင်ရှာဘူး..။ နောက်နေ့မှ အဲဒီအဖြစ်ကို ပြောပြတာ..။
တတိယသားကောင်ကတော့ ကြုံထိုက်တယ်လို့ပြောမလားပဲ..။ ဘာလို့လဲဆိုတော့ သူက အဲဒီအဆောင်တစ်ဝိုက်မှာ ပစ္စည်းဘတ်တတ်တယ်လို့ နာမည်ကြီးတဲ့သူ..။ တစ်ဆောင်ဝင်တစ်ဆောင်ထွက် လိုက်ပြီးချောင်းတယ်..။ အဲ တံခါးမပိတ်ထားမိဘူးဆိုရင် တစ်ခုခုကို ဘတ်ပြီး ပြေးတာ..။ စောရနတ္ခတ်နဲ့ ယှဉ်မွေးတယ် ပြောရမလားပဲ..။ တစ်ညတော့ အစ်ကို့အဆောင်ဘက် ကူးလာတယ်တဲ့.။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာ အစ်ကိုကလဲ အဲဒီလူ သူ့ပေတံကို လာခိုးနေတယ်လို့ အိပ်မက်မက်တယ်တဲ့..။ အဲဒါနဲ့ သူကလဲ အိပ်မက်ကနေ ယောင်ပြီး ဆတ်ခနဲနိုးလာတာပေါ့..။ အိပ်ချင်မူးတူးဆိုတော့ ရုတ်တရက် ထထိုင်ပြီး လှမ်းကြည့်လိုက်တာပေါ့ စားပွဲဖက်..။ အဲဒီမှာ သူ့အခန်းတံခါးကို ခေါင်းမြီးခြုံထားတဲ့ သူတစ်ယောက် လှမ်းပိတ်ပြီး ထွက်သွားတာကို တွေ့လိုက်ရတယ်တဲ့.။ နောက်နေ့တော့ သူ့အိပ်မက်ထဲက အဲဒီ ကိုလူဘတ်ကြီး ဖျားပါလေရော..။ သုံးရက်လောက်နေမှ အဖျားကျတယ်.။ အဖျားပျောက်သွားတော့ အစ်ကို့ကိုလာတွေ့ပြီးပြောတယ်.။ မင်းအခန်းမှာ သရဲရှိတယ်ပေါ့..။ အဲဒီအစ်ကို မြင်လိုက်ရတဲ့နေ့က သူက အစ်ကို့အခန်းကို လာလည်မလို့ ဝင်လာတာတဲ့..။ အဲဒီအချိန်မှာ အစ်ကို အိပ်နေတဲ့ ကုတင်ဘေးနားမှာ လူငါးယောက် ဝိုင်းပြီး ရပ်နေတာကို မြင်လိုက်ရတယ်တဲ့.။ သူလဲ အခန်းတံခါးနားမှာ ကြောင်ရပ်နေတာပေါ့.။ အဲဒီမှာ အဲဒီလူငါးယောက်က သူ့ကို မျက်နှာသေကြီးနဲ့ လှမ်းကြည့်လာတယ်တဲ့..။ ကျန်တဲ့သူတွေကို သိပ်မမှတ်မိပေမယ့် လူဝကြီးတစ်ယောက်ပါနေတာကိုတော့ သူမှတ်မိတယ်တဲ့.။. ခမျာ ပစ္စည်းဘတ်ဖို့လာတာ ကံကောင်းလို့ လိပ်ပြာလွင့်မသေတာ..။ အကြောက်လွန်ပြီး ဖျားတော့ ဖျားသွားရှာတယ်.။
အဲဒီလိုတွေ သူ့ဘော်ဒါတွေ ကြုံတော့မှ အစ်ကိုလဲ လက်ခံလာတာ..။ သရဲရှိတယ်ဆိုတာ..။ ဒါပေမယ့် သူက အဆောင်ပြောင်းဖို့ စိတ်မကူးသေးဘူး.။ သူနောက်ဆုံးနှစ်ရောက်တော့ သူ့အစ်မနဲ့ သူ့အစ်မေ လာလည်တယ်..။ သူ့အဆောင်က နံပါတ်တစ်ဆိုတော့ ဧည့်ဆောင်နဲ့နီးတယ်လေ..။ အဲဒီတော့ သူ့အစ်မလဲ လမ်းသလားပြီး သူ့အခန်းကို လျှောက်ကြည့်တာပေါ့.။. အဲဒီမှာ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ဆေးလိပ်တိုတွေကို တွေ့တာပေါ့..။ အဲဒါနဲ့ အစ်ကို့ကို ဆေးလိပ်သောက်ကြမ်းတယ်ထင်နေတာ.။ အစ်ကိုလဲ ကျောင်းကနေပြန်လာရော ဆီးမေးတာပေါ့..။ နင် ဘာလို့ ဆေးလိပ်တွေ တအားသောက်ရတာလဲပေါ့.။ အစ်ကိုကလဲ ဘယ်နားက ဆေးလိပ်သောက်လို့တုန်းဆိုပြီး ငြင်းတာပေါ့.။ အဲဒီတော့ နင့်အခန်းမှာ မွစာကြံနေတာပဲ ဆိုပြီး ပြောပါလေရော..။ အဲဒါနဲ့ အခန်းတံခါးကိုဖွင့်ပြီးဝင်လိုက်တော့ အခန်းထဲမှာ ပြောင်တလင်းခါနေတာ.။ ဘာမှမရှိဘူး.။ အဲဒါနဲ့ ညတွင်းချင်း အဲဒီအစ်မ ပြန်ပါလေရော..။ အစ်ကို့အမေကတော့ နေရှာတယ်.။ အစ်ကိုကလဲ ပြောပြထားတာပေါ့ အခန်းမှာ အဲ့ဒီလိုမျိုးတွေရှိတဲ့အကြောင်း.။ အဲဒီတော့ သူ့အမေကလဲ ဘာမှသိပ်မလုပ်ပဲ မေတ္တာသုတ်ပဲ ရွတ်တယ်တဲ့.။ သူကတော့ ဘာမှ မမြင်ရဘူး.။
အစ်ကိုလဲ ကျောင်းပြီးေ၇ာ အဆောင်ကနေပြောင်းဖို့ ပစ္စည်းတွေ သိမ်းထုပ်နေတာပေါ့.။ အဲဒီမှာ အဆောင်မှူးကြီးကလဲ ရပ်ကြည့်နေတာပေါ့ ခပ်လှမ်းလှမ်းကနေ..။ ပြီးတော့ ထွက်သွားလိုက်တယ်.။ အဲ အစ်ကိုလဲ အဆောင်က ပစ္စည်းတွေလဲ သိမ်းလို့ပြီးရော အခန်းသော့ကို ခတ်ဖို့လုပ်နေတုန်း အဆောင်မှူးနဲ့ အဆောင်ကိုစောင့်ပေးတဲ့ အဖိုးကြီးတို့ရောက်လာတယ်.။ ပြီးတော့ သူ့ကို မေးတယ်တဲ့..။ ပစ္စည်းတွေ လာကူသိမ်းပေးနေတာ အမျိုးတွေလားပေါ့.။ အဲဒါနဲ့ အစ်ကိုကလဲ ဘယ်နားက ဘယ်သူမှ လာမသိမ်းကူပါဘူးလို့ ပြန်ပြောတာပေါ့..။ အဲဒီမှာ အဆောင်မှူးက သူတွေ့လိုက်တယ်တဲ့.။ လူငါးယောက်တောင် လာကူသိမ်းနေတာ.။ အစ်ကိုပါရင် အားလုံးပေါင်းခြောက်ယောက်တဲ့.။. အဲဒီတော့မှ အစ်ကိုလဲ အချိန်ဆိုင်းမနေတော့ပဲ သော့ကိုအပ်ပြီး တစ်ချိုးထဲ အဆောင်ကနေ ပြေးပါလေရော..။ သူ့ကို ဘာမှ ဒုက္ခမပေးလိုက်တာတောင် တော်တော်ကံကောင်းနေပြီပြောရမယ်.။. အဲဒါကတော့ အနော့ အစ်ကို ဝမ်းကွဲ ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးပါ.။ အခုတော့ ဘိုနေမယ်မသိဘူး.။


by facebook

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်