သွေးဆုံးချိန် ဆိုသည်မှာ အသက် ၄၀ ကျော်လာသူ အမျိုး သမီး တိုင်းအ နှေးနှင့်
အမြန်ကြုံတွေ့ရမည့် ဓမ္မတာပင် ဖြစ်သည်။ သွေးဆုံးချိန်ရောက်လျှင်နှင့်
သွေးဆုံးပြီးချိန်၌ အမျိုးသမီးများသည် ညအိပ်မပျော်ခြင်း၊
ညပိုင်းချွေးထွက်များ ခြင်း၊ အသားပူခြင်း၊ ခေါင်းကိုက်ခြင်း၊
စိတ်တိုစိတ်ဆတ်ခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ ဆီးသွားရခက်ခဲခြင်းနှင့် မိန်းမ
ကိုယ်အင်္ဂါခြောက်သွေ့ယားယံခြင်းအစရှိ သည်တို့ဖြစ်တတ်သည်။ ဤအခါမျိုးတွင်
အတော်များများ သည် အားဆေး၊ အိပ်ဆေးများမှီဝဲကြ သည်။ အချို့ကလည်း
တိုင်းရင်းဆေး ကိုအားကိုးကြသည်။ အချို့ကမူ မိန်းမ ဟော်မုန်းသုံးစွဲကြသည်။
သို့သော် ဆေး ဝါးတိုင်း၌ ကောင်းကျိုးဆိုးကျိုးတွဲဖက် ရှိနေတတ်ရာ
မည်သည့်ဆေးဝါးမျ သုံး စွဲစရာမလိုဘဲ သွေးဆုံးချိန်ကို သာသာ ယာယာ
ကျော်ဖြတ်နိုင်မည်ဆိုပါက ကောင်းလေစွ။ နယူးယောက်မြို့ရှိ စတီလက်တို
(Stiletto)အမည်ရှိ အားကစားခန်းမမှ သွေးဆုံးပြီးအမျိုးသမီးများကို အေရိုးဗစ်
လေ့ကျင့်ခန်း ပြုလုပ်စေရာ ၆လအ တွင်း၌ပင်သွေးဆုံးခြင်း လက္ခဏာများ
သိသိသာသာသက်သာပျောက်ကင်း ကြောင်း လေ့လာတွေ့ရှိရသည်။ တစ်ရက်လျှင်
တစ်နာရီခန့်ဖြင့် တစ်ပတ် ၄ ရက် အေရိုးဗစ်အားကစား ခြင်းဖြင့်
ကျန်းမာနုပျိုစေရုံမျှမက စိတ် ပိုင်းဆိုင်ရာနှင့် သွေးဆုံးခြင်းဆိုင်ရာ
လက္ခဏာရပ်များကို တိုးတက်သက်သာ စေနိုင်သည်မှာ အမှန်ပင်ဖြစ်ကြောင်း
အသိပေးလိုက်ရပါသည်။
စန္ဒီ(ဆေး-၂)
By Health Care
စန္ဒီ(ဆေး-၂)
By Health Care










0 comments:
Post a Comment