www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

ဗိုက်အောင့် ဝေဒနာရှင်များအတွက် အမြစ်ပြတ် ပျောက်ကင်းစေရန် ကုထုံးဆေးချက်

ဗိုက်အောင့်ခြင်း ဝေဒနာကို ခံစားဖူးတဲ့ သူတိုင်း သိကြမှာပါ။ ဒီဝေဒနာဟာ
တကယ်ခံစားနေရတဲ့ အချိန်ဆိုရင် မလှုပ်ရဲ မရှားရဲနဲ့ တကယ့်ကို အလုပ်ပျက်
အကိုင်ပျက်ပါပဲ။ အရမ်းနာနေတဲ့ ခံစားချက်ဟာ ပိုပို တိုးလာမလားဆိုပြီး
အသက်ရှူသံ တစ်ချက်နဲ့ တစ်ချက်ကြားမှာတောင် ရဲရဲ မရှူရဲလောက်အောင်
ဆိုးပါတယ်။ ဒီလို အချိန်မှန်မှန် ဗိုက်အောင့်တတ်တဲ့ ရောဂါကို
အစာလမ်းကြောင်း ပြည်တည်နာ (Peptic Ulcer) လို့ခေါ်ပါတယ်။

ဗိုက်အောင့်စေတဲ့ နောက်ခံ ရောဂါ အကြောင်းတရား အမျိုးမျိုး ရှိပေမယ့် (၁)
နာသောနေရာကို သတ်သတ်မှတ်မှတ် လက်ညှိုးနဲ့ ညွှန်ပြလို့ ရခြင်း (၂)
ကာလအတန်ကြာ ပျောက်သွားလိုက် ပြန်ဖြစ်လိုက် ခဏခဏ ဖြစ်နေခြင်း (၃)
နာကျင်ခြင်းသည် အစာစားလိုက်ခြင်းနဲ့ ဆက်စပ်နေခြင်း စတဲ့ အချက်(၃)
ချက်စလုံး ရှိနေတယ် ဆိုရင်တော့ သေချာပေါက် အစာလမ်းကြောင်း ပြည်တည်နာ(Peptic Ulcer) လို့ ပြောနိုင်ပါတယ်။

ဒီရောဂါကို အစာအိမ်ပြည်တည်နာ (Gastric Ulcer) နဲ့ အူသိမ်ပြည်တည်နာ (Duodenal Ulcer) ဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ ဝေဒနာပုံစံမှာသိသိသာသာ ကွဲပြားပါတယ်။

(၁) အစာအိမ်ပြည်တည်နာက အရှိုက်နေရာနဲ့ အစာအိမ်ရှိတဲ့ နေရာတွေမှာ နာပါတယ်။ သူကအစာစားလိုက်တာနဲ့ ဖြစ်တာပါပဲ။အလွန်ဆုံး အစာစားပြီး နာရီဝက်လောက်အတွင်း နာလာတတ်ပါတယ်။ အစာစားပြီးနာတယ်ဆိုတဲ့ အချက်က အသိသာဆုံး ဖြစ်ပါတယ်။ ဒိုင်ဂျင်း၊ ခရေးမေးလ်အက်စ် စတဲ့အက်ဆစ်ကို သက်သာအောင် လျှော့ပေးတဲ့ ၀ါးစားရတဲ့Antacids တွေသောက်ရင်
ထူးထူးခြားခြား မသက်သာလှပါဘူး။

(၂) အူသိမ်ပြည်တည်နာက နာတဲ့နေရာချင်း တူပေမယ့် သူက ဗိုက်ဆာရင် အစာချေရည်တွေထွက်လာရင်နာလာတတ်တဲ့ ဝေဒနာဖြစ်ပြီး သိသာတဲ့ လက္ခဏာတစ်ခုအနေနဲ့ အစာစားလိုက်မှသက်သာသွားပါတယ်။ Antacids တွေ ၀ါးစားလိုက်ရင် သိသိသာသာ သက်သာသွားပါတယ်။ညတစ်ရေးနိုး ဗိုက်ဆာပြီး ထအောင့်ရင် သေချာပေါက် အူသိမ်ပြည်တည်နာ ဖြစ်နေပြီ
ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်လိုကုကြမလဲ။ ကျွန်တော့်ရဲ့ ဒီဆောင်းပါးမှာ ဒီရောဂါတွေအကြောင်း တစ်စေ့တစ်စောင်း  ဖော်ပြပေးသွားမှာ ဖြစ်ပြီးဆေးခန်း သွားစရာ မလိုတော့ဘဲ နှစ်ပေါင်း သုံးလေးဆယ် ဖြစ်လာလဲ
ပျောက်သွားအောင် သောက်လို့ရတဲ့ ဆေးပုံစံကိုဖော်ပြပေးမှာပါ။
ဒီရောဂါ နှစ်မျိုးစလုံးဟာ မိန်းတွေမှာထက် ယောက်ျားတွေမှာ ၂ဆကနေ ၅ဆပိုဖြစ်လေ့ရှိတာ တွေ့ရမှာ
ဖြစ်ပါတယ်။အစာအိမ်ပြည်တည်နာထက် အူသိမ်ပြည်တည်နာက ပိုအဖြစ်များပါတယ်။ထူးထူးခြားခြား “ O “ သွေး သမားတွေမှာ ပိုဖြစ်ကြတာ တွေ့ရပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းတွေက
(၁) အကိုက်အခဲပျောက်ဆေးများ ရေရှည်စွဲသောက်ခြင်း
(၂) ဆေးလိပ်သောက်ခြင်း (အစာအိမ်နာကို ပိုဖြစ်စေပါတယ်။ ဖြစ်ပြီးသား
အနာတွေကိုလည်း အနာကျက် နှေးစေပါတယ်။
(၃) စိတ်ဖိစီးမှုများသော၊ စိတ်မြန်လက်မြန် ဒေါသကြီးသော စိတ်အခြေအနေရှိခြင်း
(၄) အစာချေရည် အက်ဆစ်ဓာတ်များ လွန်ကဲစွာ ထွက်စေသော အစားအစာများ (ကော်ဖီ၊
လက်ဖက်၊ အရက်၊ မဆလာ စသည်တို့ကို) ရက်ဆက် စားသုံးခြင်း
(၅) Helicobacter pylori အမည်ရှိ ဘက်တီးရီးယား အစာအိမ်လမ်းကြောင်းတွင်
ကူးစက်ခံရခြင်း
ဒီပိုးကိုတွေ့ရှိတာ ဘယ်လောက်မှ မကြာသေးပါဘူး။ ဒီပိုးဟာ ဘယ်လောက်ဆိုးဝါးအစွမ်းထက်သလဲဆိုရင် အစာချေရည်ရဲ့ ဟိုက်ဒရိုကလိုရစ် အက်ဆစ် (HCl)ထဲမှာတောင် အေးဆေး အသက်ရှင်နိုင်ပါတယ်။ သူက အစာလမ်းကြောင်းနဲ့ အစာအိမ်ရဲ့
မျက်နှာပြင်ဆဲလ်တွေမှာ တွယ်ကပ် ပေါက်ပွားနေထိုင်ပါတယ်။ ဒီပိုးဟာစတင်တွေ့ရှိခဲ့တုန်းက ပညာရှင်တွေကိုယ်တိုင် အံ့အားသင့်သွားစေတဲ့အသက်ပြင်းတဲ့ ပိုးဖြစ်ပါတယ်။

ဒီပိုးက မသန့်တဲ့ အစားအသောက် လမ်းဘေးအစားအသောက် ပန်းကန်ခွက်ယောက်တွေက တစ်ဆင့်အများဆုံး ကူးတယ်လို့
သိရပါတယ်။ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။


ရှေးယခင်က ဒီရောဂါဖြစ်တဲ့ လူနာတွေမှာ အကြောင်းရင်း အမှတ် (၁) ကနေ (၄)အထိပဲ စဉ်းစား ကုသပေးခဲ့ပေမယ့် တကယ်တမ်း လိုက်စစ်ဆေးကြည့်လိုက်တော့ ၉၀%သော အစာအိမ်ပြည်တည်နာတွေနဲ့ ၇၀% သော အူသိမ်ပြည်တည်နာတွေဟာ ဒီပိုးကြောင့်
မပျောက်နိုင်တော့တာ တွေ့ရပါတယ်။ ဒီပိုးက အနာတွေကို ပိုဆိုးစေပြီးနောက်ဆုံး ကင်ဆာအဖြစ် ပြောင်းသွားစေပါတယ်။ (အထူးသဖြင့် အူသိမ်အနာထက်အစာအိမ်အနာက ကင်ဆာပြောင်းဖို့ အခွင့်အလမ်း အရမ်းများပါတယ်။ကင်ဆာပြောင်းတာကျတော့ “A” သွေးသမားတွေ ပိုများပါသတဲ့ ) ဒီပိုးဟာအက်ဆစ်ဓာတ်ကိုလဲ များလာစေလို့ အနာက မပျောက်တော့ဘဲ မကုသရွေ့ တစ်သက်လုံး
ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

နောက်ဆက်တွဲတွေအနေနဲ့ အနာဖြစ်လိုက် အမာရွတ်တက်လိုက် သံသရာလည်တာ ကြာလာရင်ကင်ဆာပြောင်းသွားမယ်၊
ပေါက်ထွက်သွားခြင်း၊ အစာအိမ် ထွက်ပေါက်ပိတ်ခြင်း၊ သွေးထွက် သွေးအန်သွေးဝမ်းသွားခြင်း စတာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီလို ဗိုက်အောင့်တာ ကြာလာလို့ တွေ့ကရာ ကွမ်းရာဆိုင်က ဆေးတွေ သောက်၊ရမ်းကုတွေနဲ့ဆေးမြီးတိုတွေနဲ့ ကုနေကြပြီး မပျောက်ဘဲ အခြေအနေပိုဆိုးလာနေတဲ့ လူတွေတော်တော်များပါတယ်။

ပိုဆိုးတာက ရမ်းကုက ဗိုက်နာတာ အကိုက်အခဲ ပျောက်ဆေး ထပ်ပေးလိုက်လို့အစာအိမ်အကွင်းလိုက် ပေါက်ထွက်ပြီး
ဆေးရုံရောက်လာတဲ့သူတွေ ကျွန်တော့်အတွေ့အကြုံမှာတောင် မနည်းတော့လို့ဒီဆောင်းပါးကို ရေးရခြင်း ဖြစ်ပါတယ်။ (ကြားဖြတ် ပြောရရင် မြန်မာတိုင်းရင်းအစာအိမ်ဆေးများဟာလဲ နွယ်ချိုများစွာ ပါဝင်တဲ့အတွက် သွေးတိုးတတ်တဲ့
သူများအတွက် လုံးဝမသင့်တော်ပါဘူး)

ဒီပိုးကို စစ်တဲ့ Investigation တွေက 13C Urea Breath Test, SerologicalTest, Rapid Urease Test, Culture စသဖြင့် ရှိပြီး အတန်သင့်ဈေးကြီးလှပါတယ်။ ဒီတော့ ဆရာဝန်တစ်ယောက်အနေနဲ့ မတတ်နိုင်ပါဘူးဆိုတဲ့လူနာကို ဒါတွေ စစ်ခိုင်းဖို့ ဘယ်လိုပြောရပါ့မလဲ။ ဒါကတစ်ချက်…..။

နောက်ပြီး ခန့်မှန်းခြေ ၈၀% ခန့်သော ဗိုက်အောင့်သူအားလုံးမှာ ဒီ H.pyloriပိုး ရှိနေပြီး ကျန်တဲ့ ၂၀% ကလဲ ပြည်တည်အနာ ရှိလာပြီဆိုတာနဲ့ မကြာခင်ဒီပိုးဝင်လာတော့မှာမို့ အောက်ပါဆေးနည်းပုံစံအတိုင်း ၁၄ ရက်တန်းပေးလိုက်ကြပါတယ်။  တကယ်လဲ ထိရောက်စွာ ကုသပျောက်ကင်းသွားတာ ကမ္ဘာနဲ့အ၀ှမ်းလက်တွေ့ပါပဲ။  နှစ်ရှည်လများ နှစ်၃၀ ကျော် အောင့်လာတဲ့သူတောင်
ဒီဆေး၁၄ ရက်နဲ့ အမြစ်ပြတ်ပျောက်ကင်းသွားတာ ကျွန်တော့် ကိုယ်တွေ့ပါပဲ။ဒီဆေးနည်း ကုထုံးဟာ ဆေးခန်းတွေမှာပဲ ရနိုင်တဲ့ ဆရာဝန်တွေပဲ သိတဲ့ဆေးနည်းကောင်းတစ်လက် ဖြစ်လို့ တကယ်ဘေးကင်းပြီး ထိရောက်တဲ့ ဆေးညွှန်းဖြစ်လို့
ငွေရေးကြေးရေးနဲ့ တွက်ရင် ဘယ်လောက်တန်မလဲ စဉ်းစားသာကြည့်တော့။

ဒါဖြင့် ကျွန်တော်က ဘာလို့ ဒီလို လျှို့ဝှက်ချက်ကိုထုတ်ဖော်ချပြရသလဲဆိုတော့ ပြည်သူ့အကျိုးအတွက်ပါ။ ကျွန်တော်တို့နိုင်ငံမှာ
ဆရာဝန် လုံလုံလောက်လောက် မရှိတဲ့ နေရာတွေ အများကြီးပါပဲ။ ဆရာဝန်ရှိပြန်ဦးတော့ လိုအပ်ချက်တွေနဲ့ တစ်ဝမ်းတစ်ခါး ရှာစားနေကြရတဲ့ အတွက်ဆေးကုခ မရှိဘဲ တွေ့ကရာ ဒိုင်ဂျင်းလေးဝါးပြီး ဆေးမြီးတိုလေး သောက်ပြီး
ရုန်းကန်လှုပ်ရှား အသက်ဆက်နေကြရတဲ့ သူတွေအတွက် အွန်လိုင်းပေါ်ကနေတတ်စွမ်းသလောက် ကူညီပေးခြင်း ဖြစ်ပါတယ်။ ဝေဒနာရှင်များကို လက်ဆင့်ကမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
*
သောက်ရန် ဆေးညွှန်း*
*Omezprazole 40 mg
Clarithromycin 500 mg
Amoxicillin 500 mg
Metronidazole 400 mg*

ဒီဆေး ၄ မျိုးစလုံးကို တစ်ခါသောက် တစ်လုံးစီ တစ်နေ့ ၂ခွက်အစာစားပြီးတိုင်း သောက်ပါ။ ၁၄ ရက်တိတိ မပျက်မကွက် သောက်ပါ။ ဒါဆိုရင်သေချာပေါက် အမြစ်ပြတ် ပျောက်ကင်းပါမယ်။ ဒါဟာ H.pylori ပိုးနဲ့ဗိုက်အောင့်ခြင်း ဝေဒနာများကို အမြစ်ပြတ် ကုသနိုင်တဲ့ ကမ္ဘာကျော်ဆေးသုံးဖြာကုထုံး (Triple Therapy) ပဲဖြစ်ပါတယ်။ (Triple Therapy အပြင် 2ndLine အနေနဲ့ Quadritherapy  ဆေးလေးဖြာ ကုထုံးလဲ ပေါ်နေပြီ ဖြစ်ပါတယ်။ဒါပေမယ့် ဒါက ဆေးမှန်မှန်မသောက်လို့ ပြန်ဖြစ်တဲ့ သူတွေ အတွက်သာ ဖြစ်ပါတယ်။အခုထဲက Triple Therapy ကိုပဲ မှန်မှန် မပျက်မကွက် သောက်မယ်ဆိုရင်
ပြတ်ပါတယ်)

ဒီဆေးတွေကို သောက်နေစဉ်အတွင်းမှာ ၀မ်းသွားခြင်း၊ ပါးစပ်အနည်းငယ်ပျက်ခြင်း၊ပျို့ချင် အန်ချင်ခြင်း၊ ဗိုက်အောင့်ခြင်း.. စတာတွေ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံစားရတတ်ပေမယ့် ထွေထွေထူးထူး အန္တရာယ်မရှိပါဘူး။ 

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်