www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

အသက်ကြီးသည့်တိုင် မှတ်ဥာဏ် ကောင်းနေစေဖို့


အသက်ကြီးသည့်တိုင် မှတ်ဥာဏ် ကောင်းနေစေဖို့ဦးနှောက် သုံးပြီး အလုပ်လုပ် ရတဲ့ စိန်ခေါ်မှုများ၊ ဆောင်ရွက်ချက် များကို အားစိုက် ဆောင်ရွက်ပါ။ ဥပမာ ဘာသာစကား သင်ယူခြင်း၊ တူရိယာ တီးမှုတ်ပညာ သင်ယူခြင်း။ နှလုံးနှင့် အဆုတ်များကို ကျန်းမာ သန်စွမ်းနေဖို့ နှလုံးသွေးကြော ကျန်းမာရေး အတွက် ကောင်းမွန်စေ သော လေ့ကျင့်ခန်းများကို ပြုလုပ် ပါ။ ဥာဏ်စမ်း ပဟေဠိများ ဖြေဆိုပါ။ ထိုပဟေဠိများကို ဖြေဆိုတဲ့အခါ သင်မသိရှိတဲ့ မေးခွန်းများရဲ့ အဖြေကို သေချာစဉ်းစားပြီး ခန့်မှန်းပါ။ အဖြေမှားသွားခဲ့သည်ရှိသော် ဘာ ကြောင့် မှားသွားသလဲဆိုတာကို အောက်ခြေထိလိုက်ကာ အဖြေရှာပါ။ အလွယ်တကူပြီးပြီးရောမကစားပါနဲ့။ ဦးနှောက်သုံးကာ သေချာစဉ်းစား ဖြေဆိုရတဲ့ ဥာဏ်စမ်းပဟေဠိများကို ရွေးချယ်ပါ။


By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်