www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

နွေရာသီ တွင်ဖြစ် တတ်သော အရေပြား ပြဿနာ များကို ဖြေရှင်းနည်း

နွေရာသီမှာ အရေပြား ယားယံတဲ့ ဝေဒနာ က အဖြစ် များ ပါတယ်။ ဒါက အရေပြား ခြောက်သွေ့ တာနဲ့ အင်းဆက်ပိုးမွှားကိုက်တာတွေကြောင့် အဖြစ်များပါတယ်။ တစ်ခါတ လေ ဓာတ်မတည့်မှုကြောင့်လည်း အရေပြားယားယံနီမြန်းမှုတွေဖြစ်တတ်ပါတယ်။
မှိုကူးစက်ပိုးဝင်ခြင်း
အရေပြားဟာ စိုစွတ်နွေးထွေးနေတဲ့ အခြေအနေဖြစ်ရင် Candida albicans လို့ခေါ်တဲ့ ဖန်းဂပ်စ်မှို ကြီးထွားပွားများ မှုကြောင့် မိန်းမကိုယ်မှိုပိုးဝင်တာကို ဖြစ် စေနိုင်ပါတယ်။ စတီးရွိုက်ဆေးနဲ့ ပဋိဇီ ဝပိုးသတ်ဆေးတွေသောက်တာ၊ သန္ဓေတား ဆေးသောက်တာ၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ ရာသီလာချိန်တွေမှာ မိန်းမကိုယ်ရှိ အက် စစ်မျှခြေပြောင်းလဲမှုဖြစ်ပြီး မှိုကူးစက်ပိုး ဝင်နိုင်ခြေ များပါတယ်။
ဒီလိုကုသပါ
မှိုပိုးဝင်တာက ပထမဆုံးအကြိမ် မဟုတ်ရင်၊ နီမြန်းတာ၊ ရောင်ရမ်းတာ၊ ယားယံတာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေလို လက္ခဏာတွေကို သတိပြုမိရင် မိန်းမ ကိုယ်မှ အဖြူရည်ခပ်ပျစ်ပျစ်ဆင်းရင် ဘက်တီးရီးယား ပိုးဝင်တာလား၊ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးလားဆို တာ သိအောင် စစ်ဆေးမှု ခံယူဖို့လိုပါ တယ်။ တကယ်လို့ တစ်ပတ်အတွင်း မ သက်သာရင် သားဖွားမီးယပ်အထူးကုဆ ရာဝန်နဲ့ တွေ့ဆုံပြီး စနစ်တကျဆေးကုသ မှုခံယူသင့်ပါတယ်။
ခြေထောက်မှိုစွဲခြင်း
နွေရာသီမှာ အားကစားခန်းမမှာ ခြေဗလာနဲ့ လေ့ကျင့်ခန်းလုပ်ရင် ခြေ ထောက်မှိုစွဲနိုင်ခြေ များပါတယ်။ ခြေ ချောင်းထိပ်အထိ ကပ်နေတဲ့ ရှူးဖိနပ်စီး ရင် ဒါမှမဟုတ် အရေပြားမှာ အသေး စားထိခိုက်ဒဏ်ရာရရင်၊ ခြေသည်း ထိ ခိုက်ရင်၊ ခြေသည်းကို ပိုးသတ်မထားတဲ့ ခြေသည်းညှပ်နဲ့ ညှပ်မိရင် ဖန်းဂပ်စ်မှို ကူးစက်ခံရတတ်ပါတယ်။
ဒီလိုကုသပါ
ဖန်းဂပ်စ်မှိုသတ်တဲ့ လိမ်းဆေးခရင်မ် ကို ခြေထောက်မှိုစွဲတာ သက်သာတဲ့ အ ထိ လိမ်းပေးပါ။ တကယ်လို့ ခြေထောက် မှိုစွဲတာက ခြေသည်း၊ လက်သည်းကူး စက်ပိုးဝင်တဲ့အထိဖြစ်နေရင် ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်ကြာတဲ့အထိ လက္ခဏာတွေ ပြသနေသေးရင် ဆရာဝန် နဲ့ ပြသဖို့ လိုပါတယ်။ ဖြစ်တတ်တဲ့ လက္ခ ဏာတွေကတော့ ခြေထောက်အရေပြား ကွာကျတာ၊ ခြေဖနောင့်အက်ကွဲတာ၊ အ ဖုပေါက်တာစတာတွေပဲ ဖြစ်ကြပါတယ်။
အင်ပျဉ်ပေါက်ခြင်း
အင်ပျဉ်ပေါက်တာက တိရစ္ဆာန်အ ညစ်အကြေး၊ အင်းဆက်ကိုက်တာ၊ ဆေး ကုသမှု၊ ပန်းဝတ်မှုန်၊ ကူးစက်ပိုးနဲ့ တချို့ အစားအသောက်တွေစတဲ့ ဓာတ်မတည့် မှုအမျိုးမျိုးနဲ့ မတည့်တာကြောင့် ဖြစ် တတ်ပါတယ်။ တချို့လူတွေမှာ စိတ်ဖိ စီးမှုများတဲ့အခါ၊ ပူလွန်း၊ အေးလွန်းမှု ဒဏ်ခံရတဲ့အခါနဲ့ ချွေးထွက်များတဲ့အခါ တွေမှာ အင်ပျဉ်ပေါက်တတ်ပါတယ်။ အင်ပျဉ်က ခန္ဓာကိုယ်အနှံ့အပြားပေါက် တတ်ပြီး ပျောက်လိုက်၊ ပြန်ပေါ်လိုက် ဖြစ်တတ်ပါတယ်။
ဒီလိုကုသပါ
အသေးစားအင်ပျဉ်ပေါက်တာက နာရီပိုင်းအတွင်း သူ့အလိုလို ပျောက်နိုင် ပါတယ်။ အင်ပျဉ်ကြောင့် ယားယံတာ သက်သာစေဖို့ ဟစ်စတာမင်းတားဆေး လိမ်းပေးပါ။ ဒါ့အပြင် ရေပူနဲ့ချိုးတာ၊ တင်းကျပ်တဲ့ အဝတ်အစား ဝတ်တာတွေ ကို ရှောင်ပါ။ ဟစ်စတာမင်းတားဆေး (Anti-histamine)ကို လိမ်းပေမယ့် တုံ့ ပြန်မှုမရှိရင် ဒါမှမဟုတ် အင်ပျဉ်က ပြင်း ထန်ဆိုးရွားတဲ့အခြေအနေဖြစ်ရင် ဒါမှမ ဟုတ် အင်ပျဉ်ပေါက်တာနဲ့အတူ အ သက်ရှူကျပ်တဲ့ လက္ခဏာတွေ ပေါ်နေ ရင် ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်တာ ကြောင့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
အပူကြောင့် နီမြန်းခြင်း
ပူပြင်းစွတ်စိုတဲ့ ရာသီမှာ ချွေး ပေါက်တွေ ပိတ်ရာက သေးငယ်ပြီး ယား ယံတဲ့အဖုတွေ၊ အရည်ကြည်ဖုတွေ ပေါက် တတ်ပါတယ်။ အထူးသဖြင့် အဝတ်အ စားနဲ့ မကြာခဏ ပွတ်တိုက်ခံရတဲ့ အ ရေပြားနေရာနဲ့ တံကောက်ကွေးလို အ ရေပြားချင်း ပွတ်တိုက်မှုများတဲ့ နေရာ တွေမှာ ပိုဖြစ်တတ်ပါတယ်။
ဒီလိုကုသပါ
အပူကြောင့် နီမြန်းမှုက ရက်အနည်း ငယ်ကြာပြီးချိန်မှာ သူ့အလိုလိုသက်သာ သွားနိုင်ပါတယ်။ ပေါ့ပါးတဲ့ ချည်သား ဝတ်စုံကိုဝတ်ပါ။ လေဝင်လေထွက်ကောင်း တဲ့ ဝတ်စုံတွေက ချွေးတွေကို အငွေ့ပျံ လွယ်စေပါတယ်။ ချွေးထွက်ရာလမ်း ကြောင်းကို တားဆီးပေးတဲ့ ထူပျစ်ပျစ် ခရင်မ်နဲ့ လိမ်းဆေးတွေကို မလိမ်းပါနဲ့။ တကယ်လို့ အရေပြားနီမြန်းမှုက သုံး-လေးရက်ထက် ပိုကြာခဲ့ရင် ဒါမှမ ဟုတ် ပိုဆိုးလာရင် ဒါမှမဟုတ် ရောင် ရမ်းတာ၊ နီမြန်းတာ၊ နာကျင်တာလို ကူးစက်ပိုးဝင်တဲ့ လက္ခဏာပေါ်နေရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်